6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၆၊ ၂၀၁၈
M-Media

– လိင်တူဆက်ဆံတဲ့ အမျိုးသမီးနှစ်ဦးကို ရှရီအာတရားရုံးက ကြိမ်ဒဏ်ချမှတ်လိုက်တာဟာ အစ္စလာမ်သာသနာရဲ့ပုံရိပ်ကို ထိခိုက်စေတယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုပါတယ်။

မလေးရှားနိုင်ငံမြောက်ပိုင်း တရန်ဂါနူပြည်နယ်က ရှရီအာတရားရုံးတစ်ခုဟာ အသက် ၂၂ နှစ်နဲ့ ၃၂ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးနှစ်ဦးကို လိင်တူဆက်ဆံမှုအတွက် ကြိမ်ဒဏ် ၆ ချက် ချမှတ်ခဲ့ပါတယ်။

အကျဉ်းဌာနက အမျိုးသမီးအရာရှိတစ်ဦးဟာ နာကျင်မှုအနည်းဆုံး ကြိမ်လုံးနဲ့ ရိုက်ဖို့၊ မရိုက်နှက်ခင် အဲဒီအမျိုးသမီး ၂ ဦးရဲ့ ကျောမှာ အ၀တ်ထူထူ ထည့်ပေးထားဖို့လည်း အမိန့်မှာ ပါဝင်ပါတယ်။ ကြိမ်ဒဏ်ကို တနင်္လာနေ့မှာ ပေးခဲ့ပြီး လူပေါင်း ၁၀၀ ကျော်လောက်ကို လာရောက်ကြည့်ရှုစေခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုအပြစ်ပေးမှုကို မလေးရှား လွှတ်တော်အမတ်တွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို ဝေဖန်ခဲ့ကြပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဒီလို ကြိမ်ဒဏ်ပေးတာဟာ “အစ္စလာမ်ရဲ့ သွင်သင်မှုဖြစ်တဲ့ မေတ္တာတရား၊ တရားမျှတမှုတွေကို” ရောင်ပြန်မဟပ်ကြောင်း၊ ပထမဆုံး ကျူးလွန်တာမျိုးဆိုရင် ဒီအမျိုးသမီးတွေကို ပြစ်ဒဏ်ပေးတာထက် အသိပညာပေး ဆွေးနွေးတာမျိုးသာ လုပ်ပေးသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီလိုလုပ်လိုက်တာဟာ အစ္စလာမ်သာသနာကို အကျည်းတန်စေပါတယ်။ အစ္စလာမ်ဆိုတာ လူတွေကို အရှက်တကွဲအကျိုးနည်းအောင် လုပ်ခိုင်းတဲ့ ကြမ်းတမ်းတဲ့သာသနာ မဟုတ်ဘူးဆိုတာ တစ်ခြားလူတွေကို ပြသဖို့ အရေးကြီးပါတယ်”

မွတ်စလင်တွေဟာ အချင်းချင်းတွေ့ရင် ‘အလွန် သနားညှာတာတော်မူသော အလ္လာဟ်ရှင်မြတ် အထံတော်က မေတ္တာ၊ ဂရုဏာတွေ အသင့်အပေါ် ကျရောက်ပါစေ’ လို့ ဆုတောင်းလေ့ရှိပေမယ့် ဒီလို ကြိမ်ဒဏ်ပေးလိုက်တာက အစ္စလာမ်မှာ ညှာတာထောက်ထားမှု မရှိဘူးလို့ သတင်းစကားပေးတာမျိုး ဖြစ်နေကြောင်း မဟာသီယာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပြစ်ဒဏ်ပေးခဲ့တဲ့ တရန်ဂါနူပြည်နယ်ရဲ့ အစိုးရမှာ ရှေးရိုးစွဲ အစ္စလာမ့်မစ်ပါတီက အဖွဲ့ဝင်တွေ အများအပြား ပါဝင်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေက ဒီလို ပြစ်ဒဏ်ပေးတာဟာ လူ့အခွင့်အရေး နောက်ပြန်ဆုတ်မှု ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

မလေးရှားက အစိုးရဥပဒေနဲ့ အစ္စလာမ့် ရှရီအာဥပဒေ နှစ်ခုစလုံးမှာ လိင်တူဆက်ဆံမှုကို တားမြစ်ထားပြီး၊ အစိုးရဥပဒေမှာ အမျိုးသမီးတွေကို ကြိမ်ဒဏ်ချမှတ်ခွင့် မပြုထားပါဘူး။

ရှရီအာဥပဒေ တာဝန်ရှိသူတွေကတော့ အမျိုးသမီးတွေကို ဒီလို ကြိမ်ဒဏ်ချမှတ်မှုဟာ အစိုးရဥပဒေက ပေးတဲ့ ကြိမ်ဒဏ်လောက် နာကျင်မှုမရှိကြောင်း၊ ကျူးလွန်သူတွေကို နာကျင်စေဖို့မဟုတ်ဘဲ အမျိုးမီးတွေ နောက်နောင် ဒီလိုမလုပ်အောင် ပညာပေးတာသာဖြစ်ကြောင်း ကာကွယ်ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံ လူဦးရေ ၃၁ သန်းရဲ့ ၃ ပုံ ၂ ပုံဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး မလေးရှားက ရှရီအာခုံရုံးတွေဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ မိသားစုနဲ့ အိမ်ထောင်ရေးကိစ္စတစ်ချို့ကို ကိုင်တွယ်ပါတယ်။

Ref: Daily Mail

Tags:

Comments are closed.