6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၃၊ ၂၀၁၈
M-Media

– ၁၉၄၆ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်တွင်း ကလေးငယ် ၃၆၇၇ ဦးဟာ ရိုမန်ကက်သလစ်ဘုန်းတော်ကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွကို ခံခဲ့ရတယ်လို့ ဂျာမနီက ထိပ်တန်း သတင်းဌာနနှစ်ခုဖြစ်တဲ့ Spiegel Online နဲ့ Die Zeit တို့က ဖော်ထုတ်လိုက်ပါတယ်။

ဂျာမနီ ကက်လသစ်အသင်းတော် ဂိုဏ်းအုပ်ဘုန်းတော်ကြီးများအသင်း German Bishops Conference ရဲ့ တာဝန်ပေးချက်အရ တက္ကသိုလ် ၃ ခုက ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ရရှိခဲ့ပြီးတဲ့နောက် သတင်းဌာနနှစ်ခုက အခုလို ရေးသားခဲ့တာ ဖြစ်ပါတယ်။ အစီရင်ခံစာကို စက်တင်ဘာ ၂၅ ရက်နေ့မှာ တရားဝင် ထုတ်ပြန်မှာ ဖြစ်ပါတယ်။

သတင်းစာနှစ်စောင်ကတော့ အစီရင်ခံစာရအ ကျူးလွန်ခံရသူ အများစုဟာ အသက် ၁၃ နှစ်အောက်တွေဖြစ်ပြီး ၉၆၉ ဦးဟာ ဘုရားကျောင်းမှာ အမှုထမ်းတဲ့ လူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုလိင်စော်ကားမှုတွေကို ဘုန်းကြီး ၁၆၇၀ ဦးက ကျူးလွန်ခဲ့တာဖြစ်ပြီး အမှု ၆ ခုမှာ ၁ ခုက အဓမ္မပြုကျင့်မှုဖြစ်ပါတယ်။ ကျူးလွန်တဲ့ ဘုန်းကြီးတွေကို ဘုရားကျောင်းပြောင်းပေးတာတွေ လုပ်ဆောင်ခဲ့ပြီး အမှု ၃ ပုံ ၁ ပုံလောက်ကိုသာ ကက်သလစ်အသင်းတော်က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကက်သလစ်အသင်းတော်က သိမ်းဆည်းထားတဲ့ ဖိုင်တွဲတွေကို ၀င်ရောက်စစ်ဆေးခွင့်မရတာ၊ ဖိုင်တွဲတွေကို ဖျက်ဆီးတာမျိုးတွေ ရှိတာကြောင့် အမှန်တကယ် ကျူးလွန်မှု အရေအတွက်ဟာ အခုထက်ပိုများနိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေက သုံးသပ်ကြပါတယ်။

ကိုးကွယ်သူ ဘီလီယံချီရှိတဲ့ ခရစ်ယာန်ကက်သလစ်အသင်းတော်မှာ ဘုန်းကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု သတင်းတွေဟာ ပြီးခဲ့တဲ့ လတွေမှာ အများအပြား ထွက်ပေါ်လာခဲ့ပါတယ်။

ပြည်နယ်ခရစ်ယာန်ကက်သလစ်အသင်းတော်နဲ့ ပတ်သက်လို့ ၂ နှစ်တာ စုံးစမ်းစစ်ဆေးမှုကို အမေရိကန်ပြည်ထောင်စု ပင်ဆဲလ်ဗားနီးယားပြည်နယ်အစိုးရက ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့ပြီး ပြည်နယ်အတွင်း ကလေးငယ်ပေါင်း ၁၀၀၀ ကျော်လောက်ဟာ ကက်သလစ်ဘုန်းကြီး ၃၀၀ လောက်ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

သြစတေးလျနိုင်ငံကလည်း ၂၀၁၇ ခုနှစ်မှာ ကက်သလစ်အသင်းတော်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ၁၉၈၀ ကနေ ၂၀၁၅ ခုနှစ်အတွင်း ကလေးငယ်ပေါင်း ၁၈၈၀ လောက်ဟာ ဘုန်းကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

ဗာတီကန်ကတော့ ကက်သလစ်ဘုန်းကြီးတွေ လိင်ကျူးလွန်မှုကို တားဆီးရေးအတွက် ကမ္ဘာတစ်ဝှမ်း နိုင်ငံတိုင်းက ကက်သလစ်သာသနာပိုင်တွေ ပါဝင်မယ့် ထိပ်သီးအစည်းအဝေးတစ်ခုကို လာမယ့်နှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ ဗုဒ္ဓဟူးနေ့(စက်တင်ဘာ ၁၂ ရက်နေ့) မှာ ကြေငြာခဲ့ပါတယ်။

Ref: RT

Tags:

Comments are closed.