စက်တင်ဘာ ၁၆၊ ၂၀၁၈
M-Media
– ဗုဒ္ဓဓမ္မကို သင်ကြားပို့ချပေးကြသူတွေထဲကတစ်ချို့ဟာ သူတို့ တပည့်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ဆောင်လေ့ရှိတယ်ဆိုတာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ၁၉၉၀ ပြည့်နှစ်တွေကလည်းက မိမိ သိရှိခဲ့တယ်လို့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောကြားလိုက်ပါတယ်။
နယ်သာလန်နိုင်ငံကို ၄ ရက်ကြာရောက်ရှိနေတဲ့ ဘုန်းတော်ကြီးက ဗုဒ္ဓဓမ္မဆရာတွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို ခံခဲ့ရသူတွေကို မနေ့က တွေ့ဆုံနှစ်သိမ့်စဉ်မှာ ဒီလိုဝန်ခံခဲ့တာ ဖြစ်ပါတယ်။
“ဘုန်းကြီးတို့ဟာ စိတ်နှလုံးဖြူစင်စွာနဲ့ ဗုဒ္ဓဘာသာရဲ့ မေတ္တာရိပ်ကို ခိုလှုံခဲ့တယ်။ ဒါပေမယ့် အဲဒီမေတ္တာရိပ်မှာပဲ ဘုန်းကြီးတို့ အဓမ္မကျင့်ခံလိုက်ရပါတယ်။ ဒါတွေကို ဘုန်းကြီးအနေနဲ့ သိရှိထားခဲ့ပြီး အသစ်အဆန်း မဟုတ်တော့ပါဘူး” လို့ ဒက်ခ်ျရုပ်သံ NOS နဲ့ တွေ့ဆုံစဉ်မှာ ဒလိုင်းလားမားက ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၅ နှစ် အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ ‘အနောက်ပိုင်း ဗုဒ္ဓဓမ္မဆရာများ ညီလာခံ’မှာ ဒီလိုကျူးလွန်မှုတွေအကြောင်း သိရှိခဲ့ရတာဖြစ်ကြောင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေဟာ ဗုဒ္ဓရဲ့ ဓမ္မတရားတွေကို မလိုက်နာသူတွေဖြစ်ပြီး၊ အခုလို လူသိရှင်ကြား ဖြစ်လာတဲ့အခါ ဗုဒ္ဓဘာသာဝင်တွေ အရှက်ရကြောင်း ဒလိုင်းလားမားက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အသက် ၈၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒလိုင်းလားမားဟာ တရုတ်ရန်ကြောင့် လက်ရှိ အိန္ဒိယနိုင်ငံမှာ နေထိုင်နေပါတယ်။
ဥရောပဆိုင်ရာ တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင် Tseten Samdup Chhoekyapa က ဒလိုင်းလားမာဟာ ဒီလို ကျင့်ဝတ်မဲ့တဲ့၊ တာဝန်မဲ့တဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
တိဘက်ဗုဒ္ဓဘာသာဂိုဏ်းရဲ့ ကမ္ဘာတစ်ဝှမ်းက ခေါင်းဆောင်တွေဟာ လာမယ့်နိုဝင်ဘာမှာ အိန္ဒိယနိုင်ငံမှာ တွေ့ဆုံကာ ဒီကိစ္စကို ဆွေးနွေးဖို့ ရှိနေပါတယ်။
Ref: CNA
Comments