6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၉၊ ၂၀၁၈
M-Media

– မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဖက် ဝေလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသမှာ တည်ရှိပြီး နိုင်ငံရဲ့ အကြီးမားဆုံးနဲ့ အင်အားအကောင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်လည်းဖြစ်တဲ့ “၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်” (UWSA) ထိန်းချုပ်ထားတဲ့ဒေသတွေက တည်ငြိမ်အေးချမ်းမှုကို ခရစ်ယာန်ဘာသာက ခြိမ်းခြောက်လာပြီလား???

ဒါမှမဟုတ် အဲဒီဒေသမှာ ပြိုင်ဘက်အနောက်တိုင်းက အန်ဂျီအိုအဖွဲ့အစည်းတွေကို နေမရအောင်လုပ်တာ၊ အနောက်တိုင်းထောက်လှမ်းရေးအေးဂျင့်တွေက ခရစ်ယာန်သာသနာပြုအဖြစ် ပုံဖျက် ၀င်လာနိုင်ခြေကို ပိတ်ဆို့တာတွေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုံးလုံးမောင်ပိုင်စီးထားနိုင်ဖို့အတွက် တရုတ်နိုင်ငံက ရည်ရွယ်နေတာလား???

ခရစ်ယာန်သာသနာပြုတွေ ဘာတွေလုပ်နေလဲဆိုတာနဲ့ သူတို့ရဲ့ ရည်ရွယ်ချက်တွေက ဘာလဲဆို တာကို’ ဆန်းစစ်ဖို့အတွက် စစ်ဖက်အရာရှိတွေ၊ အုပ်ချုပ်ရေးမှူးတွေအားလုံးကို ညွှန်ကြားထားတဲ့ အမိန့်စာတစ်စောင်ကို တရုတ်နဲ့နီးစပ်တဲ့ UWSA ရဲ့ နိုင်ငံရေးလက်ခွဲ ‘၀ပြည်သွေးစည်းညီညွတ်ရေးပါတီ’ (UWSP) က စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီးတဲ့နောက်ပိုင်း အထက်ပါ ကောလဟာလတွေ ပြန့်နှံ့ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ်ဘာသာစကားနဲ့ ထုတ်ပြန်တဲ့ အဲဒီအမိန့်စာကို Asia Times သတင်းဌာနက ရရှိခဲ့ပါတယ်။ အမိန့်စာမှာ သာသနာပြုတွေရဲ့ ဆောင်ရွက်မှုတွေကို ပံ့ပိုးကူညီတဲ့ အုပ်ချုပ်ရေးပိုင်းက ဘယ်သူ့ကိုမဆို အပြစ်ပေးသွားမှာဖြစ်ပြီး၊ ခရစ်ယာန်ဘုရားကျောင်းအသစ်တွေ ဆောက်လုပ်မှုကို ပိတ်ပင်ကြောင်း၊ ရှိပြီးသား ဘုရားကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဘုန်းကြီးတွေ၊ အလုပ်သမားတွေဟာ နိုင်ငံခြားသားမဟုတ်ဘဲ ဒေသခံတွေသာ ဖြစ်ရမှာဖြစ်ကြောင်း ရေးသားထားပါတယ်။

‘၀’ တောင်တန်းဒေသက စာသင်ကျောင်းတွေမှာ ဘာသာရေးဆိုင်ရာ သင်ကြားမှုတွေကို ပိတ်ပင်တယ်လို့ အမိန့်စာမှာ ဖော်ပြထားပြီး UWSP မှာ ပါဝင်နေတဲ့သူတွေဟာ အရင်ကအမိန့်အတိုင်း ‘ ဘယ်ဘာသာရေးအဖွဲ့ရဲ့ အဖွဲ့ဝင်မှ’ ဖြစ်လို့မရဘူးလို့လည်း ဆိုပါတယ်။

ဒီအမိန့်ကြေငြာစာမှာ ခရစ်ယာန်ဘာသာတရားအတွက် သုံးစွဲတဲ့ တရုတ်စကားလုံး ‘ဂျီဒူဂျောင်’ ကို အသုံးပြုထားပြီး ဒါဟာ ခရစ်ယာန် ပရိုတက်စတင့်ဂိုဏ်းနဲ့ ဧ၀ံဂေလိဂိုဏ်းတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါပေမယ့် ခရစ်ယာန် ရိုမန်ကက်သလစ်ဂိုးဏ်ကို ရည်ညွှန်းတဲ့ ‘ရှင်းဇူဂျောင်’ ဆိုတဲ့ စကားလုံးကိုတော့ သုံးနှုန်းထားခြင်း မရှိပါဘူး။ ဒါ့ကြောင့် ဒီအမိန့်သစ်ဟာ ခရစ်ယာန်တွေထဲက တစ်ချို့တွေကိုသာ ပစ်မှတ်ထားပုံရပါတယ်။

အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ အမြဲတမ်းနေထိုင်ခွင့်ရထားတဲ့ တရုတ်လူမျိုး သင်းအုပ်ဆရာ ဂျွန်ချောင်တစ်ယောက် တရုတ်-မြန်မာ နယ်စပ်ကို တရားမ၀င် ဖြတ်ကျော်တယ်လို့ဆိုကာ မတ်လက တရုတ်နိုင်ငံမှာ ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် ဒီအမိန့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဇွန်လမှာ ချောင်ဟာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေတွေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။

ဝဒေသမှ ခရစ်ယာန်များ

အမေရိကန်အခြေစိုက် Christianity Today ၀ဘ်ဆိုက်က ချောင်ဟာ ‘၀’ တောင်တန်းဒေသမှာ စာသင်ကျောင်းပေါင်း ၁၆ ကျောင်း ဖြစ်မြောက်လာဖို့အတွက် ကူညီပေးခဲ့ပြီး ကလေးငယ် ၂၀၀၀ ၀န်းကျင် အကျိုးခံစားနေရတယ်လို့ ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံက ခရစ်ယာန်တွေရဲ့ အကူအညီနဲ့ ချောင်ဟာ အ၀တ်အစား တန် ၁၀၀ လောက်ကို ရယူကာ၊ ချို့တဲ့တဲ့ ဒေသတွေမှာ ဝေပေးခဲ့တယ်လို့လည်း ၀ဘ်ဆိုက်မှာ ရေးသားထားပါတယ်။

ချောင်ရဲ့ ဇနီးဖြစ်သူ ဂျာမီပါဝဲလ်က သူ့ရဲ့ခင်ပွန်းဟာ ‘၀’ တောင်တန်းဒေသက ‘ဆင်းရဲမွဲတေမှုကိုကြည့်ပြီး’ တုန်လှုပ်ခဲ့တာကြောင့် ဒီလို အကူအညီပေးရခြင်းဖြစ်တယ်လို့ Christianity Today ကို ပြောကြားခဲ့ပါတယ်။ ‘၀’ ဒေသဟာ မြန်မာနဲ့ တရုတ်နိုင်ငံတို့အကြားမှာ တည်ရှိနေတာ ဖြစ်ပါတယ်။ ချောင်ဟာ ‘အ၀တ်အစားမရှိတဲ့ ကလေးတွေ’၊ ‘၀က်ခြံတွေရဲ့ဘေးမှာ ဖြစ်သလိုဆောက်ထားတဲ့ စာသင်ကျောင်းတွေကို’ တွေ့မြင်ခဲ့ပါတယ်။

ဒေသရဲ့ မွေးကင်းစကလေး သေဆုံးမှုနှုန်းဟာ အဆမတန် မြင့်မားတယ်ဆိုတာကို တွေ့ခဲ့ရကြောင်း ချောင်ကပြောတယ်လို့ Christianity Today က ထည့်သွင်း ရေးသားထားပါတယ်။

“ဂျွန်ဟာ ယုံကြည်မှုကို အခြေခံတဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် နယ်စပ်ကို ရည်ရွယ်ချက်ရှိရှိ ဖြတ်ကျော်တယ်လို့ စွပ်စွဲကာ အကွက်ဆင်ဖမ်းဆီးခံခဲ့ရတယ်ဆိုတာ ထင်ရှားပါတယ်။ လူကုန်ကူးသူ တွေကို တရားစွဲဆိုရာမှာ အဲဒီစွဲချက်ကို မကြာခဏ အသုံးပြုလေ့ရှိပါတယ်” လို့ ပါဝဲလ်က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံက ‘အိမ်အခြေပြု ဘုရားကျောင်းလှုပ်ရှားမှု’ မှာ ထင်ရှားတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ချောင်ဟာ၊ ၂၀၁၃ ခုနှစ်က ‘၀’ ဒေသကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အိမ်အခြေပြု ဘုရားကျောင်းလှုပ်ရှားမှုဆိုတာ ကန့်သတ်ချက်တွေများလွန်းတဲ့ အစိုးရအသိအမှတ်ပြု ဘုရားကျောင်းတွေကို မသွားဘဲ အိမ်တွေမှာပဲ ခရစ်ယာန်တွေ စုရုံးဝတ်ပြုကြတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။

အဲဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေဟာ တရုတ်အစိုးရဲ့ ဖိနှိပ်မှုကို သိသိသာသာ ခံစားရတာကြောင့်၊ ချောင်ဟာ ‘၀’ ဒေသကို မရောင်ခင်ကတည်းက တရုတ်အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုကို ခံခဲ့ရဟန်တူပါတယ်။

ဂျွန်ချောင်တစ်ယောက် ‘၀’ ဒေသမှာ ဘာ့ကြောင့် စတည်းချလဲဆိုတာ တိတိကျကျ မသိရပါဘူး။ ဒါပေမယ့် ‘၀’ တွေကြားထဲမှာရှိနေတဲ့ ခရစ်ယာန်လူနည်းစုတွေရဲ့ အသံကို နားထောင်ပြီးတဲ့နောက် သူတို့အတွက် လုပ်ပေးချင်စိတ် ပေါ်လာတာလည်း ဖြစ်နိုင်ပါတယ်။

တရုတ်အစိုးရ ဖမ်းဆီးပြီး ထောင်ချခဲ့သည့် သင်းအုပ်ဆရာ ဂျွန်ချောင်

ချောင်ဟာ ပရဟိတသမားတစ်ယောက်ထက်ပိုတဲ့ အနေအထားမျိုး ရှိခဲ့တယ်လို့ ယုံကြည်ရလောက်တဲ့ အကြောင်းအရင်း မရှိပါဘူး။ ဒါပေမယ့် ဘာသာရေးအခြေပြုတဲ့ အဖွဲ့အစည်းတွေ၊ လှုပ်ရှားမှုတွေဟာ သူတို့ရဲ့အာဏာကို စိန်ခေါ်သူတွေအဖြစ် တရုတ်နဲ့ UWSP တို့က မြင်ကောင်းမြင်လာနိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၁၀၀ ၀န်းကျင်လောက်က အမေရိကန် ဧ၀ံဂေလိ ခရစ်ယာန်အသင်းတော် သာသနာပြုအဖွဲ့တွေဟာ ‘၀’ လူမျိုးတစ်ချို့ကို ခရစ်ယာန်ဘာသာထဲ သွတ်သွင်းနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ‘၀’ ဒေသမှာ ခရစ်ယာန်ဘုရားကျောင်းတွေ ပေါ်လာပြီး တရုတ်ကျောထောက်နောက်ခံပြုထားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) က ၁၉၇၀ ပြည့်နှစ်တွေမှာ ဒီဘုရားကျောင်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။

ဘာသာမဲ့တွေဖြစ်တဲ့ CPB ဟာ ဘုရားကျောင်းတွေကို ဆက်လက်အသုံးပြုခွင့်ပေးခဲ့ပေမယ့် ဘာသာရေးဆိုင်ရာ ဘယ်လိုကိစ္စမျိုးကိုမှ အားမပေးပါဘူး။ CPB ရဲ့ လက်နက်ကိုင်တပ်ဖွဲ့က ‘၀’ တပ်သားအများစု ပုန်ကန်တဲ့ ၁၉၈၉ ခုနှစ်အထိ CPB ဟာ ‘၀’ တောင်တန်းဒေသကို ထိန်းချုပ်ထားခဲ့ပါတယ်။

၁၉၆၀နဲ့ ၁၉၇၀ ပြည့်နှစ်တွေက တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ‘ယဉ်ကျေးမှုတော်လှန်ရေး’ မှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ CPB ခေါင်းဆောင်တွေဟာ နောက်ပိုင်းမှာ တရုတ်နိုင်ငံကို တိမ်းရှောင်ခဲ့ရပြီး အဲဒီမှာ တရုတ်အာဏာပိုင်တွေက သူတို့ကို နေစရာနေရာတွေနဲ့ ပင်စင်လစာတွေ ပေးခဲ့ပါတယ်။

တစ်ချိန်က တရုတ်ရဲ့ အကြီးအကျယ်ထောက်ပံ့မှုကို ရရှိခဲ့တဲ့ CPB ရဲ့စစ်တပ်ဟာ နောက်ဆုံးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့အဖြစ် ကွဲသွားခဲ့ပြီး အဲဒီအထဲမှာ အင်အား ၂ သောင်းကနေ ၃ သောင်းအထိရှိတဲ့ UWSA က အတောင့်တင်းဆုံး ဖြစ်ပါတယ်။

တရုတ်ဟာ တော်လှန်ရေးဝါဒ တင်သွင်းနေရာကနေ ၁၉၈၀ ပြည့်နှစ်တွေမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်ရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်ခဲ့ပြီး UWSA ခေါင်းဆောင်တွေ၊ သူတို့နဲ့ နီးစပ်သူတွေဟာ တရားမ၀င် မူးယစ်ကုန်သွယ်မှုအပါအ၀င် တရုတ်၊ ထိုင်းနိုင်ငံတို့နဲ့ စီးပွားရေးလုပ်ကာ ချမ်းသာလာကြပါတယ်။

အုပ်ချုပ်ရေးနဲ့ ပတ်သက်လာရင် သူတို့ရဲ့ ကွန်မြူနစ်ဝါဒ စိတ်အခံကို ဒီချမ်းသာကြွယ်ဝမှုက မကုစားနိုင်ခဲ့ပါဘူး။ UWSP ရဲ့ စက်တင်ဘာ ၆ ရက်နေ့ ကြေငြာချက်ကို ဖတ်ရှုတ်ခဲ့တဲ့ တရုတ်ဗေဒကျွမ်းကျင်သူတစ်ဦးက ဒါဟာ ‘တရုတ်ရဲ့စနက်’ ဆိုတာ လုံးဝသေချာပြီး၊ တရုတ်ပြည်တွင်းမှာတော့ ‘၀ ဒေသထက် ပိုကောင်းအောင် လုပ်နိုင်မှာမဟုတ်ဘူး’ လို့ ပြောကြားခဲ့ပါတယ်။

‘၀’ ဒေသက နိုင်ငံခြားသာသနာပြုတွေ အထူးသဖြင့် အမေရိကန်နဲ့ ဆက်နွယ်နေသူတွေအပေါ် သံသယဖြစ်ရတဲ့ အကြောင်းအရင်း တရုတ်မှာ ရှိနေပါတယ်။ ၁၉၂၀ ပြည့်နှစ်တွေမှာ ဗင်းဆင့်ယုံဆိုသူနဲ့ အခြား အမေရိကန် ခရစ်ယာန်သာသနာပြုတွေဟာ ‘၀’ ဘာသာစကားအတွက် လက်တင်အက္ခရာတွေကိုအသုံးပြုရေးသားတဲ့ စနစ်တစ်ခုကို တီထွင်ခဲ့ပါတယ်။ အဲဒီရေးသားနည်းကို ဓမ္မတေးစာအုပ်တွေနဲ့ အခြား ဘာသာရေးဆိုင်ရာ စာပေတွေမှာ အသုံးပြုပါတယ်။

‘pinyin’ နည်းစနစ်ကို အသုံးပြုပြီး တရုတ်စာရေးသားတာနဲ့ တော်တော်လေးကို ပုံစံဆင်တူတဲ့ ဒုတိယမြောက်အက္ခရာစဉ်ကို တရုတ်က ဖန်တီးခဲ့တဲ့ ၁၉၅၀ ပြည့်နှစ်တွေအထိ ၀ဒေသမှာ အခြား ‘၀’ စာပေတွေ မရှိ သေးပါဘူး။ ‘pinyin’ နည်းစနစ်ကို တရုတ်နိုင်ငံမှာ အများဆုံးအသုံးပြုနေပြီး မြန်မာနိုင်ငံက ‘၀’ ဒေသမှာတော့ ခရစ်ယာန်သာသနာပြုတွေ ဖန်တီးခဲ့တဲ့ အက္ခရာစဉ်တွေကို အခုအချိန်အထိ စံထားနေဆဲပါ။

ဒါတွေအားလုံးဟာ သာသနာဖက်ပါလာအောင် စွဲဆောင်မှုတွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗင်းဆင်ယုံရဲ့ ညီဖြစ်သူ ဟာရိုးလ်ဟာ မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှတစ်ဝှမ်းမှာ ကွန်မြူနစ်ဝါဒ ၀င်ရောက်လာမှုကို တားဆီးဖို့ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA က ဆောင်ရွက်တဲ့ အစီအစဉ်မှာ ၁၉၅၀ ပြည့်နှစ်တွေက ပါဝင်ခဲ့ပါတယ်။

ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ဖို့အတွက် ဘာသာတရားက အကောင်းဆုံးလက်နက်လို့ CIA က ရှုမြင်တာကြောင့် ခရစ်ယာန်သာသနာပြုတွေရဲ့ မိသားစုဝင်တွေကို ချဉ်းကပ် အကူအညီတောင်းတာဟာ တိုက်ဆိုင်မှုသက်သက်တော့ မဟုတ်ပါဘူး။ ကွန်မြူနစ်ဝါဒ ပြန့်နှံ့ဝင်ရောက်ဖို့ လွယ်ကူတဲ့ ဒေသတွင်းက တောင်ပေါ်လူမျိုးစုတွေရဲ့ ယုံကြည်ကိုးစားမှုခံရတဲ့ သာသနာပြုတွေဟာ ဒေသသုံးစကားကိုလည်း ပြောတတ်ပါတယ်။

ဟာရိုးလ်ရဲ့သား ဘီလ်နဲ့ ဂေါ်ဒွန်ယုံတို့ဟာ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေက တောင်ပေါ်ဒေသတွေမှာ ဆောင်ရွက်ခဲ့တဲ့ CIA စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် ‘ဗမာပြည်ကွန်မြူနစ်ပါတီ’ အကွဲအပြဲဇာတ်လမ်းနောက်ပိုင်း အမေရိကန်အထူးတပ်ဖွဲ့ဝင်ဟောင်း ဒေးဗစ်ယူဘန့်ဟာ ခရစ်ယာန်သာသနာ့ဘောင်ထဲဝင်ရောက်ကာ ‘၀’ ဒေသကိုသွားပြီး ခရစ်သာသနာ ရှင်သန်ရေးနဲ့ ဘာသာရေးအခြေပြုတဲ့ အခြားလူမှုရေးအလုပ်တွေကို လုပ်ဆောင်ခဲ့ပါတယ်။

ယူဘန့်နဲ့ ရင်းနှီးသူတွေထဲကတစ်ဦးဖြစ်တဲ့ စောလူးခေါ် တာပလူအစ်ဆိုသူဟာ ‘၀’ လူမျိုး ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး ရှမ်းပြည်နယ် သံလွင်မြစ်တစ်ဖက်ကမ်းက လာရှိုးမှာ အခြေမစိုက်ခင် ‘၀’ ဒေသကို ပြန်သွားခဲ့ပါသေးတယ်။ စောလူးဟာ လားရှိုးမှာ အမေရိကန် ‘မူးယစ်တိုက်ဖျက်ရေးဌာန’ ရဲ့ သတင်းပေးတစ်ယောက်အဖြစ် လုပ်ခဲ့ပါတယ်။

သူဟာ ‘ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း’ တာဝန်ရှိသူအဖြစ် ၁၉၉၅ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါတယ်။ ယူဘန့်ဟာ ‘၀’ ဒေသကနေ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပြီး အဲဒီမှာ Free Burma Rangers အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ခရစ်ယာန်သာသာဝင်တွေ အများစုရှိရာ နေရာတွေကို ဆေးအဖွဲ့တွေ စေလွှတ်ကူညီနေပါတယ်။

UWSP ရဲ့ လတ်တလောထုတ်ပြန်တဲ့ ကြေငြာချက်မှာ ၁၉၈၉ ခုနှစ်မတိုင်ခင် ဆောက်ထားတဲ့ ဘုရားကျောင်းတွေ၊ ၁၉၉၂ ခုနှစ်နောက်ပိုင်း ‘၀’ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဆောက်လုပ်ထားတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေဟာ ဒီအမိန့်နဲ့ မသက်ဆိုင်ဘူးလို့ ထူးထူးခြားခြား ဖော်ပြထားပါတယ်။ ၁၉၈၉ ခုနှစ်ဟာ ‘ဗမာပြည်ကွန်မြူနစ်ပါတီ’ ကို သူတို့ ပုန်ကန်တဲ့နှစ်ဖြစ်ပြီး ၁၉၉၀ ပြည့် အစောပိုင်းနှစ်တွေမှာ UWSA ဟာ ထောင်နဲ့ချီတဲ့ ‘၀’ လူမျိုးတွေကို တောင်ဘက် ထိုင်းနယ်စပ်နားကို ရွှေ့ခဲ့ကာ အခြေစိုက်နေရာတစ်ခုအဖြစ် ဖန်တီးခဲ့ပါတယ်။

အဲဒီဒေသက အဓမ္မမောင်းထုတ်ခံလိုက်ရသူတွေ အများစုဟာ ရှမ်းလူမျိုး ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပေမယ့်၊ အနောက်တိုင်းက ခရစ်ယာန်အသင်းတော်တွေအနဲ့ ဆက်သွယ်မှုရှိတဲ့ လားဟူလူမျိုး ခရစ်ယာန် တွေလည်း အဲဒီဒေသမှာ နေထိုင်ပါတယ်။ ၁၉၈၉-၁၉၉၂ ကာလတွေမှာ တည်ဆောက်ခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို ခြွင်းချက်ထားမှုဟာ အနောက်နိုင်ငံတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ သံသယရှိတဲ့ ခရစ်ယာန်လူ့အဖွဲ့အစည်းတွေကိုသာ သီးသန့်ရည်ညွှန်းတာလို့ မှတ်ယူနိုင်ပါတယ်။

ဗင်းဆင့်ယုံဟာ CIA အေးဂျင့်တစ်ယောက် မဟုတ်ခဲ့သလို၊ ယူဘန့်ကလည်း အကူအညီပေးရေးသမားသက်သက်ထက် မပိုပါဘူး။ ဒါပေမယ့် ‘၀’ ဒေသမှာ အရင်က ရှိခဲ့တဲ့၊ ဂျွန်ချောင်လို မကြာသေးခင်ကမှ ရှိလာတဲ့ ခရစ်ယာန်သာသနာပြုတွေဟာ တရုတ်ရဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုတွေအတွက် သတိထားစရာ ဖြစ်လာပုံရပါတယ်။

သေချာတာတစ်ခုက မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လွှမ်းမိုးနိုင်ဖို့ ကြိုးစားလာကြတဲ့ အနောက်တိုင်း အန်ဂျီအိုတွေနဲ့ အနောက်တိုင်းက စပွန်ဆာပေးထားတဲ့သူတွေပေါ် တရုတ်က အသာစီးရထားတာပါ။ ဒါပေမယ့် မြန်မာ့အရေး စောင့်ကြည့်သူတွေက လက်ရှိမှာ အနောက်နိုင်ငံက ဘာသာရေးအုပ်စုတွေဟာ သူတို့ရဲ့သြဇာကို ပိုမိုခြိမ်းခြောက်သူတွေအဖြစ် တရုတ်က ရှုမြင်နေတယ်လို့ ယုံကြည်နေပါတယ်။

မြန်မာနိုင်ငံက ခရစ်ယာန်ဘာသာဝင် ကချင်လူမျိုးတွေနဲ့ အမေရိကန်က နှစ်ခြင်းအသင်းတော်တွေအကြား ခိုင်မာစွာရှိနေတဲ့ ဆက်ဆံရေးဟာ တရုတ်အတွက် ဆူးညှောင့်ခလုတ် ဖြစ်နေပါတယ်။ ကချင်လူမျိုးတွေဟာ တရုတ်နဲ့ကပ်နေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

‘ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)’ က ဗိုလ်ချုပ်ဂွမ်မော်ဟာ ၂၀၁၄ ခုနှစ်က အမေရိကန်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီး အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို၊ မေရီလန်းပြည်နယ်က နှစ်ခြင်းဘုရားကျောင်းတစ်ခုကိုလည်း သွားရောက်ခဲ့ပါတယ်။ ဒီလိုသွားရောက်မှုကို တရုတ်ထောက်လှမ်းရေးက မသိတာမဟုတ်ပါဘူး။ အခုအချိန်မှာ KIA ကို အနောက်တိုင်း အန်ဂျီအိုတွေ၊ ခရစ်ယာန်အသင်းတော်တွေနဲ့ ဆက်ဆံရေးမလုပ်ဖို့ တရုတ်က ဖိအားပေးနေပြီး အပြန်အလှန်အားဖြင့် တရုတ်ဈေးကွက်မှာရှိနေတဲ့ လူသတ်လက်နက်မဟုတ်တဲ့ ပစ္စည်းတွေ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

သူတို့နဲ့ကပ်နေတဲ့ ‘၀’ ဒေသမှာ အမေရိကန်သာသနာပြုတွေ ပေါ်ထွက်လာတဲ့ အနေအထားမျိုး တရုတ်က မလိုချင်ဘူးဆိုတာ ထင်ရှားပါတယ်။ ရိုဟင်ဂျာ ၈ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရပြီး၊ ညှင်းပမ်းနှိပ်စက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းကြောင့် မြန်မာနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေး ဆိုးရွားနေချိန်မှာ တရုတ်က ယခင်ဆုံးရှုံးခဲ့တဲ့ လွှမ်းမိုးမှုကို ပြန်ရဖို့ ဒီပြဿနာကို သံတမန်အခွင့်အလမ်းအဖြစ် အသုံးချလာပါတယ်။

အနောက်တိုင်းက သြဇာစိမ့်ဝင်မှုတွေနဲ့ပတ်သက်ပြီး သမိုင်းနဲ့ချီ စိုးရိမ်ခဲ့ရတဲ့ မြန်မာနိုင်ငံထဲက ဒေသတွေမှာ လက်ရှိရနေတဲ့ သြဇာကိုသုံးပြီး ခရစ်ယာန်တွေကိုဖိနှိပ်တဲ့ သူတို့ရဲ့ပုံစံကို သွတ်သွင်းဖို့ တရုတ်က စိတ်အားထက်သန်ပုံ ရပါတယ်။

Ref: Asia Times

( Asia Times တွင် ဖော်ပြထားသည့် Why China fears Myanmar’s Christians ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Comments are closed.