စက်တင်ဘာ ၂၄၊ ၂၀၁၈
M-Media
အင်္ဂလန်နိုင်ငံတောင်ပိုင်း ဆာရေးခရိုင် ၀ုတ်ကင်းမြို့မှာ ဗစ်တိုးရီးယားခေတ် ၁၈၈၉ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ ဟာ ဗြိတိသျှအင်ပါယာအတွင်း ပထမဆုံး ဆောက်လုပ်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော်ဖြစ်ပါတယ်။
ဗလီကို လန်ဒန်က ‘ကင်းကောလိပ်’ ကို လာတက်တဲ့ ဟန်ဂေရီနိုင်ငံသား ဂျူးလူမျိုး ဂေါ့တ်လစ် ၀ီ်လ်ဟမ် လစ်တ္တနာက အရှေ့အလယ်ပိုင်း ဗိသုကာလက်ရာထည့်သွင်းကာ ဆောက်လုပ်ခဲ့တဲ့ အဲဒီဗလီဟာ စပိန်ကို အာရပ်တွေ အုပ်စိုးမှုနောက်ပိုင်း ဥရောပရဲ့ ပထမဆုံး ဗလီဝတ်ကျောင်းတော်အဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။
‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ ဟာ မွတ်စလင်တွေသာမက မွတ်စလင်မဟုတ်သူတွေပါ လာရောက်လည်ပတ်ကြတဲ့ နေရာတစ်ခုဖြစ်ပြီး နှစ် ၁၀၀ ကျော်ပြီဖြစ်တဲ့ သမိုင်းတစ်လျှောက်မှာ ဂုဏ်သရေရှိ ဧည်သည့်တော် အများအပြားလည်း လာရောက်လည်ပတ်ခဲ့ကြပါတယ်။
ဒီပုံတွေဟာ ဗလီဝတ်ကျောင်းတော်နဲ့ပတ်သက်တဲ့ သမိုင်းဝင်ပုံတွေလည်း ဖြစ်ပါတယ်။

၁။ အင်္ဂလန်နိုင်ငံတောင်ပိုင်း ဆာရေးခရိုင် ၀ုတ်ကင်းမြို့မှာ ဗစ်တိုးရီးယားခေတ်က တည်ဆောက်ခဲ့တဲ့ ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ ကို ဗြိတိသျှ စစ်သေနာပတိချုပ် အဲလန်ဘီနဲ့ ဇနီးဖြစ်သူတို့ လာရောက်လည်ပတ်စဉ် ဗလီရဲ့မြက်ခင်းပြင်မှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဗလီကို လန်ဒန်က ‘ကင်းကောလိပ်’ ကို လာတက်တဲ့ ဟန်ဂေရီနိုင်ငံသား ဂျူးလူမျိုး ဂေါ့တ်လစ် ၀ီ်လ်ဟမ် လစ်တ္တနာက အရှေ့အလယ်ပိုင်း ဗိသုကာလက်ရာထည့်သွင်းကာ ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး ဗြိတိသျှရဲ့ ပထမဆုံး ဗလီဝတ်ကျောင်းတော် ဖြစ်ပါတယ်။

၂။ ၁၉၁၇ ခုနှစ် ဇူလိုင်လ ရမ်ဇာန်ဥပုသ်လအပြီး ၀ါကျွတ်အီးဒ်ပွဲတော်ကို ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ မှာ ကျင်းပရာမှာ တက်ရောက်လာကြတဲ့ အိန္ဒိယကလေးငယ်နှစ်ဦး ဖြစ်ပါတယ်။

၃။ ဗလီဝတ်ကျောင်းတော် ဖွင့်လှစ်ပြီး မကြာခင်မှာ ကျင်းပပြုလုပ်တဲ့ ၀ါကျွတ်အီးဒ်ပွဲတော်ကို တင်ရောက်လာကြတဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

၎။ ၁၉၁၇ ခုနှစ်က ၀ါကျွတ်အီးဒ်ပွဲတော်ကို တက်ရောက်လာကြတဲ့ အိန္ဒိယအမျိုးသမီးတွေကို ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ ရဲ့ ၀င်ပေါက်မှာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဗလီဝတ်ကျောင်းတော်က အစ္စလာမ်ဘာသာရေးပွဲတော်တွေကို အိန္ဒိယ၊ အာဖဂန်၊ အာရပ်နဲ့ ဗြိတိသျှလူမျိုးတွေပါ တက်ရောက်လေ့ရှိပါတယ်။

၅။ ၁၈၈၉ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ ကို ဒီကနေ့ခေတ် တွေ့မြင်ရတဲ့ပုံစံ ဖြစ်ပါတယ်။

၆။ ၁၉၃၆ ခုနှစ် သြဂုတ်လက အီသီယိုးပီးယား ဧကရာဇ် ဟာလေ ဆီလဆီ (လယ်) နဲ့ ဆာ အဘ်ဒူလာ အာခီဘော့လ် ဘူချနန်ဟာမီလ်တန် (ဧကရာဇ်လက်ဝဲဘက်) တို့ ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ ကို လာရောက်လည်ပတ်စဉ် ရိုက်ကူးထားတာဖြစ်ပါတယ်။

၇။ ၁၉၆၀ ခုနှစ်က ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ မှာလုပ်တဲ့ လူမှုရေး အခမ်းအနားတစ်ခုမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ လူတစ်စုက ဦးချကာ ဘုရားဝတ်ပြုနေပြီး၊ အခြားတစ်စုက ဗလီရှေ့မှာ စုရုံးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

၈။ ၁၉၃၅ ခုနှစ်က ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ က အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှု အခမ်းအနားမှာ လန်ဒန်က ဆော်ဒီဝန်ကြီး ရှိခ် ဟာဖစ်ဇ် ၀ါဟာဘန် ခွသ်ဗာမိန့်ခွန်း ပြောကြားနေတာ ဖြစ်ပါတယ်။ သူ့ရဲ့မိန့်ခွန်းကို ပါရှန်၊ အာရပ်၊ အာဖဂန်နဲ့ အင်္ဂလိပ်အမျိုးသားတွေ နားထောင်နေကြတာကိုလည်း ဓာတ်ပုံမှာ တွေ့ရပါတယ်။

၉။ ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ ကို ဆောက်လုပ်ပေးခဲ့သူ ဟန်ဂေရီနိုင်ငံသား ဂျူးလူမျိုး ဂေါ့တ်လစ် ၀ီ်လ်ဟမ် လစ်တ္တနာရဲ့ ပုံတူပန်းချီ ဖြစ်ပါတယ်။

၁၁။ ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ မှာ ၁၉၃၂ ခုနှစ် ၀ါကျွတ်အီးဒ်ပွဲတော် အခမ်းအနားကျင်းပစဉ်က တက်ရောက်ခဲ့တဲ့ လော့ဒ်ဟက်ဒလေ (လယ်) က ဗလီဝတ်ကျောင်းတော်ကို ကြည့်ရှုနေပုံ ဖြစ်ပါတယ်။ ဟက်ဒလေဟာ အစ္စလာမ်ဘာသာကို ကူးပြောင်းခဲ့တဲ့ နာမည်ကျော် ဗြိတိသျှလူမျိုးတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

၁၂။ ၁၉၁၆ ခုနှစ်က ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ မြက်ခင်းပြင်မှာ ပြုလုပ်ခဲ့တဲ့ ကုရ်ဘာနီအီးဒ်ပွဲတော် အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားမှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

၁၃။ အိန္ဒိယနိုင်ငံအလယ်ပိုင်း ဘိုလ်ပဲလ်ပြည်နယ်ကို အုပ်ချုပ်ခဲ့တဲ့ ဘုရင်မ ဘေဂွန် (Begum of Bhopal) (မျက်နှာဖုံးနှင့် အမျိုးသမီး) ၁၉၂၅ ခု အင်္ဂလန်သို့လာရောက်စဉ်မှာ ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ ကို လာရောက်လည်ပတ်မှု ဓာတ်ပုံဖြစ်ပါတယ်။ ဘုရင်မညာဖက်က ကလေးငယ်နှစ်ဦးဟာ မြေးတော်တွေ ဖြစ်ပါတယ်။

၁၄။ ၁၉၃၅ ခုနှစ် ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ ဗလီဝတ်ကျောင်းတော်မှာ ကျင်းပတဲ့ ၀ါကျွတ်အီးဒ်ပွဲတော် အခမ်းအနားမှာ လေဒီ ကူဒီရ်က မစ္စစ် မိုဟာမက် (၀ဲ) ကို ပွေ့ဖက်နှုတ်ဆက်နေတာ ဖြစ်ပါတယ်။

၁၅။ ၁၉၁၇ ခုနှစ် ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ မှာ ကျင်းပတဲ့ ၀ါကျွတ်အီးဒ် အခမ်းအနားကို တက်ရောက်လာကြတဲ့ ဗြိတိသျှ စစ်သားတွေ ဖြစ်ပါတယ်။

၁၆။ ၁၉၁၇ ခုနှစ် ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ မှာ ကျင်းပတဲ့ ၀ါကျွတ်အီးဒ် အခမ်းအနားကို တက်ရောက်လာကြတဲ့ အိန္ဒိယအမျိုးသမီးတွေ ဖြစ်ပါတယ်။

၁၇။ ၁၉၁၆ ခုနှစ်က ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပြီး ဘာသာဝင်တွေ ၀တ်ပြုဆုတောင်းဖို့အတွက် ဗလီမြက်ခင်းပြင်မှာ ကောဇောခင်းနေတဲ့ပုံရိပ် ဖြစ်ပါတယ်။

၁၈။ ၁၉၂၈ ခုနှစ်က ဗြိတိသျှ စစ်သေနာပတိချုပ် အဲလင်ဘီနဲ့ ဇနီးဖြစ်သူတို့ဟာ အခြားသော ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေနဲ့အတူ ၁၉၁၇ ခုနှစ် ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ ကို လာရောက်လည်ပတ်စဉ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

၁၉။ ၁၉၁၆ ခုနှစ်က ၁၉၁၇ ခုနှစ် ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ မြက်ခင်းပြင်မှာပြုလုပ်တဲ့ ၀တ်ပြုဆုတောင်းမှုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဝတ်ပြုဆုတောင်းမှုကို ဗြိတိသျှစစ်သားတွေနဲ့ ဗြိတိသျှအမျိုးသမီးတွေပါ တက်ရောက်လေ့လာကြည့်ရှုတာကို တွေ့ရမှာ ဖြစ်ပါတယ်။

၁၉။ ၁၉၁၆ ခုနှစ်က ၁၉၁၇ ခုနှစ် ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ မြက်ခင်းပြင်မှာပြုလုပ်တဲ့ ၀တ်ပြုဆုတောင်းမှုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဝတ်ပြုဆုတောင်းမှုကို ဗြိတိသျှစစ်သားတွေနဲ့ ဗြိတိသျှအမျိုးသမီးတွေပါ တက်ရောက်လေ့လာကြည့်ရှုတာကို တွေ့ရမှာ ဖြစ်ပါတယ်။

၂၁။ ၁၉၂၉ ခုနှစ်က ‘ရှားဂျဟန် ဗလီဝတ်ကျောင်းတော်’ မြက်ခင်းပြင်က ၀တ်ပြုဆုတောင်းမှုအခမ်းအနားတစ်ခုကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
Comments