6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂၇၊ ၂၀၁၈
M-Media

– ဘာမထီတဲ့ မျက်နှာပေးနဲ့ တောင်ဘက်ကိုကြည့်နေတဲ့ တရုတ်အမျိုးသားလေးဦးက ကြီးမားတဲ့ ဘီးကြီးတစ်ခုကို ပြိုင်တူတွန်းနေတဲ့ ရုပ်တုကြီးတစ်ခုဟာ မူဆယ်မြို့မျက်နှာချင်းဆိုင် တရုတ်နယ်စပ် ကြယ်ဂေါင်မြို့မှာ တည်ရှိနေပါတယ်။

ဒီရုပ်တုကြီးရဲ့အခြေမှာ “ညီညွတ်ပါ၊ လမ်းကြောင်းရှာပါ၊ ရှေ့ဆက်လျှောက်ပါ” ဆိုတဲ့ တရုတ်စကားလုံးတွေကို ရေးထိုးထားပြီး အရပ်သုံးစကားနဲ့ပြောရရင် ‘အရှေ့တောင်အာရှရေ ငါတို့လာပြီကွ’ လို့ အဓိပ္ပါယ်ထွက်ပါတယ်။

ကြွေးကြော်သံဟာ ၂၀၁၃ ခုနှစ်မှာ သမ္မတရှီကျင့်ဖျင်က စတင်ကြေငြာခဲ့ပြီး ကမ္ဘာတစ်ဝှမ်း အခြေခံအဆောက်အဦးတွေ ဆောက်လုပ်ပေးမယ့် ကန်ဒေါ်လာ ၁ ထရီလီယံတန် Belt and Road Initiative (BRI) စီမံကိန်းရဲ့ ကြီးမားတဲ့ ရည်မှန်းချက်ကို ဆိုလိုပုံရပေမယ့် ကြယ်ဂေါင်က ဒီရုပ်တုကြီးဟာ စီမံကိန်းမပေါ်လာခင် ၁၉၉၃ ခုနှစ်ကတည်းက တည်ထားတဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ကုန်းတွင်းပိတ်ပြည်နယ်တွေအတွက် မြန်မာနိုင်ငံကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာဆီထွက်ကာ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖောက်ကို အတွေးကို တရုတ်ဒုတိယ ဆက်သွယ်ရေးဝန်ကြီး ပန်းကျီဟာ ၁၉၈၅ ခုနှစ် စက်တင်ဘာလက နိုင်ငံပိုင် Beijing Review အပတ်စဉ်ဂျာနယ်မှာ ပထမဆုံး ထုတ်ဖော် ရေးသားခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် အနောက်နိုင်ငံတွေက စစ်အစိုးရအပေါ် ပိတ်ဆို့မှုတွေ လုပ်ဆောင်လာတဲ့ ၁၉၉၀ ပြည့်နှစ် အစောပိုင်းကလာတွေမှာ နယ်စပ်ကုန်သွယ်ရေးဟာ သိသိသာသာ တိုးတက်လာခဲ့ပေမယ့်၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ပြည်တွင်းစစ်ဖြစ်နေတာ၊ ဒီထက်ပိုပြီး အရေးပါတာက တရုတ်ရဲ့ ရည်မှန်းချက်တွေအပေါ် စစ်တပ်က သံသယရှိတာတွေကြောင့် ကုန်သွယ်ရေးစင်္ကြန် အမှန်တကယ်ပေါ်ထွက်လာဖို့ အတားအဆီး ဖြစ်ခဲ့ပါတယ်။

‘လူမျိုးတုန်းသတ်ဖြတ်မှု ရည်ရွယ်ချက်’ နဲ့ လုပ်ဆောင်တယ်လို့ ကုလက ပြောဆိုထားတဲ့ စစ်တပ်ရဲ့ ရိုဟင်ဂျာ ၇ သိန်းကျော်ကို မောင်းထုတ်မှုကြောင့် အမည်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ရွေးကောက်ခံအစိုးရဟာ ဥရောပနဲ့ အမေရိကန်တို့ရဲ့ ဝေဖန်ပြစ်တင်မှုကို သိသိသာသာ ခံစားလာရတဲ့ အခုအချိန်မှာတော့ အနေအထားက ပြောင်းသွားပါပြီ။

တရုတ်ကတော့ နိုင်ငံတကာစာမျက်နှာမှာ မြန်မာနိုင်ငံရဲ့ တစ်ကျော့ပြန်ဂုဏ်ငယ်မှုကို အမြတ်ထုတ်ကာ ကုန်သွယ်ရေးစင်္ကြန် ပေါ်ထွက်လာရေး သူ့ရဲ့ရည်မှန်းချက်ကို အင်တိုက်အားတိုက် အကောင်အထည်ဖော်လာပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့က မြန်မာနဲ့ တရုတ်တို့ဟာ CMEC လို့ခေါ်တဲ့ “တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်” တည်ဆောက်ရေး နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

CMEC ရဲ့ ရည်ရွယ်ချက်ဟာ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်မြို့တော် ကူမင်းကနေ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးအချက်အခြာနေရာတွေဖြစ်တဲ့ မန္တလေး၊ ရန်ကုန်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းတွေကို ဖြတ်ကာ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အထိရောက်မယ့် အရှည် ၁၇၀၀ ကီလိုမီတာရှိ ကားလမ်းနဲ့ ရထားလမ်းဖောက်ဖို့ ဖြစ်ပါတယ်။

လာအိုကနေတစ်ဆင့် အရှေ့တောင်အာရှ ကုန်တွင်းပိုင်းနဲ့ တရုတ်ကို ဆက်သွယ်ဖို့ ရည်ရွယ်တဲ့ ထိုင်း-တရုတ် ရထားလမ်းဖောက်လုပ်ရေး အစီအစီအစဉ် ရပ်ဆိုင်းရမယ့်အနေအထားမျိုး ဖြစ်နေတဲ့အချိန် တရုတ်က CMEC ဖြစ်ပေါ်လာရေး နှစ်ဆတိုး ဆောင်ရွက်နေပုံရပါတယ်။ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းအထိပေါက်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကိုလည်း တရုတ်က ဆောက်လုပ်ထားပါတယ်။

‘အိန္ဒိယသမုဒ္ဒရာကနေ တရုတ်ပြည်ထဲ ရေနံတင်ပို့ရေး’ အတွက် CMEC က နောက်ထပ် လမ်းကြောင်းတစ်ခုဖြစ်လာတယ်လို့ တရုတ်အစိုးရရဲ့ အာဘော်သတင်းစာ Global Times က မြန်မာအစိုးရနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးပြီးတဲ့နောက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ စွမ်းအင်လိုအပ်ချက် ၈၀ ရာခိုင်နှုန်းကို မလာကာ ရေလက်ကြားကနေ တင်ပို့နေရတာကို ရှောင်လွှဲနိုင်မယ့် လမ်းကြောင်းတစ်ခုအဖြစ် ရည်ညွှန်းတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက စာချွန်လွှာ လက်မှတ်ရေးထိုးတာဟာ ‘BRI စီမံကိန်းမှာ မြန်မာနိုင်ငံက ပါဝင်လိုတဲ့၊ အကျိုးအမြတ်ရယူလိုတဲ့ လက္ခဏာတစ်ခုဖြစ်တယ်’ လို့လည်း Global Times မှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရွေ့အပေါ် အကောင်းမြင်မှု မြင့်တက်နေတာကြောင့် မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေး ကောင်းမွန်ပြီး၊ တရုတ်နဲ့ ဆက်ဆံရေးက အနိမ့်ဆုံးကို ရောက်နေတဲ့ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက မြန်မာအစိုးရရဲ့ အစီအစဉ်တွေထဲမှာ CMEC ကို လက်ခံဖို့ ပါချင်မှ ပါပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဦးဆောင်တဲ့ အစိုးရက တရုတ်ရဲ့ BRI စီမံကိန်းကို ပိုပြီး လိုလားတဲ့အနေအထားကို မြင်လာရတဲ့အချိန်၊ မြန်မာစစ်တပ်နဲ့ အခြား နိုင်ငံရေးခေါင်းဆောင်တွေက တရုတ်နဲ့ လက်တွဲဖို့ စိတ်ဆန္ဒ ဘယ်လောက်ရှိနေလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

လတ်တလော သမိုင်းကြောင်းကို ပြန်ကြည့်ရင် စစ်တပ်ဟာ တရုတ်ဦးဆောင်တဲ့ စီမံကိန်းတွေ၊ အထူးသဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာကို ခြိမ်းခြောက်တယ်လို့ ယူဆရတာတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တာမျိုးတွေကို တွေ့မြင်ရပါတယ်။

၂၀၁၁ ခုနှစ်က ကချင်ပြည်နယ်မြောက်ပိုင်းမှာ တရုတ်က တည်ဆောက်နေတဲ့ ကန်ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ဗိုလ်ချုပ်ဟောင်းဖြစ်တဲ့ သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီစီမံကိန်းကရတဲ့ ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်ပြည်က ရရှိမှာဖြစ်ပြီး၊ နိုင်ငံရဲ့ အဓိက ဧရာဝတီမြစ် စီးဆင်းမှုကို သိသိသာသာ ထိခိုက်မယ့် အန္တရာယ်လည်း ရှိနေတာပါ။

ဦးသိန်းစိန်ဟာ ကျယ်ဂေါင်အနီး ရူလီမြို့ကနေ မြန်မာနိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းမြို့ ကျောက်ဖြူအထိ ဆက်သွယ်မယ့် အမြန်ရထားလမ်းတစ်ခု ဖောက်လုပ်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ခုကိုလည်း ၂၀၁၁ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့် ဒီစာချွန်လွှာသက်တမ်းဟာ ၂၀၁၄ ခုနှစ်မှာ ကုန်ဆုံးသွားခဲ့ပါတယ်။

ယခုနှစ် ဇူလိုင်လမှာ Myanmar Times သတင်းစာက ဦးသိန်းစိန်လက်ထက်က သက်တမ်းကုန်သွားခဲ့တဲ့ ရထားလမ်းစီမံကိန်းဟာ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ ‘မြန်မြန်ဆန်ဆန်ပဲ လမ်းကြောင်းပေါ် ပြန်ရောက်လာတယ်’ လို့ ဖော်ပြခဲ့ပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်လက်ထက် ပြည်ပဆက်ဆံရေးမှာ အနေအထားတစ်ခု ပြောင်းသွားတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့က ၀န်ကြီးတစ်ဦးဖြစ်တဲ့ ဦးသောင်းထွန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လနှောင်းပိုင်းက ဟောင်ကောင်မှာပြုလုပ်တဲ့ BRI ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပြီး ဦးသောင်းထွန်းက ‘ရီလီမြို့နဲ့ မန္တလေးမြို့တို့ကို ဆက်သွယ်မယ့် ရထားလမ်းတစ်ခု’ ကို မကြာခင်စတင်တော့မှာဖြစ်ပြီး ‘ရန်ကုန်နဲ့ ကျောက်ဖြူအထိ တိုးချဲ့ဖောက်လုပ်သွားဖို့ အလားအလာများနေကြောင်း’ ပြောကြားခဲ့တယ်လို့ China Morning Post သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဒီရထားလမ်းဟာ ‘နှစ်ဖက်စလုံးအမြတ်ထွက်မယ့် စီမံကိန်း’ ဖြစ်ပြီး သီရိလင်္ကာ၊ ပါကစ္စတန်နဲ့ လာအိုတို့အပါအ၀င် ဒေသတွင်းနိုင်ငံတွေက ဝေဖန်နေသလို BRI ရဲ့ အခြေခံအဆောက်အဦး စီမံကိန်းဟာ ‘အကြွေးထောင်ချောက်တစ်ခု’ မဟုတ်ဘူးလို့လည်း ဦးသောင်းထွန်းက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အခြားသူတွေကတော့ ဒီလိုမမြင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အစိုးရရဲ့ အကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ သြစတေးလျနိုင်ငံသား ရှောင်တန်နယ်က ကျောက်ဖြူရေနက်ဆိပ်ကမ်းရဲ့ တန်ဖိုးကို ကန်ဒေါ်လာ ၇.၆ ဘီလီယံလို့ တပ်ထားတာ၊ ဆိပ်ကမ်းနဲ့တွဲနေတဲ့ အထူးစီးပွားရေးဇုန် တန်ဖိုးကို ကန်ဒေါ်လာ ၂.၃ ဘီလီယံလို့ သတ်မှတ်ထားတာတွေဟာ ‘ရူးနေ’ လို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

သြဂုတ်လမှာတော့ တန်နယ်နဲ့ အခြား ဝေဖန်ဆန်းစစ်သူတွေက ရေနက်ဆိပ်ကမ်းရဲ့တန်ဖိုးဟာ ခြေနိုင်လက်နိုင်ရှိတဲ့ ကန်ဒေါ်လာ ၁.၃ ဘီလီယံဖိုးလောက်သာ ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ တရုတ်အစိုးရရဲ့ CITIC နဲ့ သူ့ရဲ့ လက်ခွဲတွေက စီမံကိန်း ပိုင်ဆိုင်မှုကို ၈၅ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပြီး၊ တရုတ်အပေါ် အလွန်အမင်း မှီခိုအားထားရမှာကို မြန်မာနိုင်ငံက စိုးရိမ်လာတာကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့် BRI ရဲ့ အရိပ်ဆိုးကြီးက မြန်မာနိုင်ငံနောက်ကို လိုက်နေတုန်းပါ။ ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်းကြီးတစ်ခု အကောင်အထည်ပေါ်လာဖို့ရှိပြီး၊ အဲဒီကနေ အမြန်ရထားလမ်းတစ်ခုဟာ ယူနန်ပြည်နယ်က ရီလီမြို့အထိ ပေါက်ဖို့လည်း ရှိပါတယ်။ ဒီစီမံကိန်း ၂ ခုစလုံးမှာ တရုတ်က ရှယ်ယာအများဆုံး ပါတာဖြစ်ပါတယ်။ စီမံကိန်းနဲ့ပတ်သက်လို့ ငွေရေးကြေးရေး အသေးစိတ်အချက်အလက်တွေအတွက် လက်ရှိမှ ညှိနှိုင်းဆဲဖြစ်ရင်ဖြစ် ဒါမှမဟုတ် ပြည်သူကို ချမပြသေးတာ ဖြစ်နိုင်ပါတယ်။

၂၀၁၅ ခုနှစ်နှောင်းပိုင်း ရွေးကောက်ပွဲအနိုင်ရပြီးကတည်းက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်အထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်အစိုးရက ပြသချင်နေတာ ထင်ရှားပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေး ဦးမော့လာမယ်လို့ မြန်မာနိုင်ငံကလူတော်တော်များများက စောစောပိုင်းမှာ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာပြဿနာအပေါ် အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှု မြင့်တက်လာတာကြောင့် ဒီမျှော်လင့်ချက်ဟာ ဖြစ်မလာခဲ့သလို၊ ဖြစ်လာဖို့ အလားအလာလည်း အခုအချိန်မှာ မရှိသေးပါဘူး။

မြစ်ဆုံရေကာတာစီမံကိန်း၊ တရုတ်-မြန်မာ အမြန်ရထားလမ်း ကနဦးအစီအစဉ်တွေ ပျက်သွားတဲ့ ဦးသိန်းစိန်အစိုးရဟာ စစ်တပ်ဖက်ယိမ်းတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP လွှမ်းမိုးတဲ့ အစိုးရဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ရဲ့ အဓိက ပြိုင်ဘက်လည်း ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးမှု၊ တင်းကြပ်တဲ့ အာဏာရှင်စနစ်က ပိုမိုပွင့်လင်းတဲ့ နိုင်ငံရေးအသိုက်အ၀န်းတစ်ခု ဖန်တီးပေးမှုတွေလို USDP ရဲ့ ‘ပြုပြင်ပြောင်းလဲရေးအစီအစဉ်’ ဟာ အနောက်နိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်ပြီး တိုင်းပြည်ရဲ့စီးပွားရေး တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

NLD အစိုးရက တရုတ်အပေါ် သိပ်ပြီး ပ,စားပေးနေတယ်လို့ ကိုယ့်မင်းကိုယ်ချင်းစစ်တပ်က ယူဆလာရင် ဘယ်လိုခြေလှမ်းမျိုး လှမ်းမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် ဒီလိုလမ်းကြောင်းမျိုးမရောက်အောင် တားဆီးဖို့အတွက် အဆိုပြုထားတဲ့ စီးပွားရေးစင်္ကြန်တစ်လျှောက် စစ်တပ်အလုံးအရင်း ချထားတာ အပါအ၀င် ထိထိရောက်ရောက် လုပ်နိုင်တဲ့အနေအထားတွေ စစ်တပ်မှာ အများအပြားရှိနေတာတော့ သေချာပါတယ်။

မြန်မာနိုင်ငံဟာ မဟာဗျူဟာအရ အနောက်ရဲ့ပစ်ပယ်မှုကို ထပ်မံခံစားလာရတဲ့ အခုအချိန်မှာ တရုတ်ကတော့ ၂၅ နှစ်ကြာပြီဖြစ်တဲ့ တောင်ဘက်တိုးထွက်ရေး ရည်မှန်းချက်အတွက် ရှေ့ဆက်တိုးမှာ သေချာနေပါတယ်။

Ref: Asia Times

(Asia Times တွင် ဖော်ပြထားသည့် As West recoils, China surges south in Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Comments are closed.