6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂၈၊ ၂၀၁၈
M-Media

အထွေထွေညီလာခံတွင် မိန့်ခွန်းပြောနေသည့် ပါလက်စတိုင်း သမ္မတ

– မနေ့က ကုလအထွေထွေညီလာခံ မိန့်ခွန်းမှာ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က အမေရိကန်နဲ့ အစ္စရေးတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်ပါတယ်။

မိန့်ခွန်းအစပြုချိန် ‘ဂျေရုစလင်ဟာ ရောင်းစားဖို့မဟုတ်’ ဆိုတဲ့စကားကြောင့် ခန်းမအတွင်းမှာရှိနေတဲ့ သူအားလုံးက လက်ခုပ်တီး ထောပနာပြုခဲ့ကြပါတယ်။ အစ္စရေးက ဂျူးအမျိုးသားနိုင်ငံအဖြစ် သတ်မှတ်မှုကို အဘတ်စ်က ရှုတ်ချခဲ့သလို အမေရိကန်က အစ္စရေးအပေါ် မျက်စိမှိတ်ထောက်ခံနေမှုကိုလည်း ဝေဖန်ခဲ့ပါတယ်။

ကုလရဲ့ဆုံးဖြတ်ချက်တွေ၊ နိုင်ငံတကာ သဘောတူညချက်တွေကို အမေရိကန်နဲ့ အစ္စရေးတို့က လိုက်နာမှုမရှိကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမေရိကန်ဟာ မျှတတဲ့ ညှိနှိုင်းပေးသူ မဟုတ်ကြောင်း အဘတ်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“လက်ရှိ အမေရိကန်အစိုးရဟာ အရင့်အရင်က အစိုးရအားလုံးရဲ့ ကတိက၀တ်တွေ၊ သဘောတူညီချက်တွေကို ဖျက်ပစ်ပြီး နှစ်နိုင်ငံတည်ရှိရေးအဖြေကို ပျက်ဆီးစေပါတယ်”

ပါလက်စတိုင်းကို အသိအမှတ်မပြုသေးတဲ့ နိုင်ငံတွေအတွက် အသိအမှတ်ပြုကြဖို့၊ ကုလအနေနဲ့ အစ္စရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ အဘတ်စ်က တိုက်တွန်းခဲ့ပါတယ်။

“အထွေထွေညီလာခံအနေနဲ့ အကောင်အထည်မဖော်ဘဲ ဆုံးဖြတ်ချက်တွေ ချမှတ်တာလောက်နဲ့ မလုံလောက်ပါဘူး” လို့ အဘတ်စ်က ပြောကြားခဲ့ပြီး ၁၉၄၉ ခုနှစ်ကတည်းက အတည်ပြုထားတဲ့ ဆုံးဖြတ်ချက် ၇၀၀ ကျော်မှာ အစ္စရေးက တစ်ခုတောင်မလုပ်ဘူးလို့လည်း ဆိုပါတယ်။

အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကြောင့် ဒုက္ခရောက်နေတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကုလအဖွဲ့အစည်း UNRWA ကို အမေရိကန်က ထောက်ပံ့ငွေ ဖြတ်တောက်မှုအကြောင်းကိုလည်း အဘတ်စ်က ထည့်သွင်း ဝေဖန်ခဲ့ပါတယ်။

ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့အနေနဲ့ ငြိမ်းချက်ရေးအတွက် စိတ်နှစ်လုပ်ကိုင်တာ၊ အကြမ်းဖက်မှုပုံစံအားလုံးကို ဆန့်ကျင်တာတွေ ရှိနေပေမယ့် တစ်ခြားတိုင်းပြည်တွေက ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ ပါလက်စတိုင်းသမ္မတက ဝေဖန်ခဲ့ပါတယ်။

နောက်ဆုံးမှာ အဘတ်စ်ဟာ ပါလက်စတိုင်းလွတ်မြောက်ရေးအတွက် အသက်ပေးခဲ့ကြသူတွေ၊ အကျဉ်းကျခံနေရသူတွေကို ဂုဏ်ပြုခဲ့ပါတယ်။

“ပြည်သူ့လွတ်မြောက်ရေး၊ တိုင်းပြည်လွတ်လပ်ရေးကာလ ရောက်ရှိဖို့ နီးကပ်လားပြီး၊ နယ်ချဲ့တွေကြောင့် အမှောင်ဖုံးနေရမှု မကြာခင် ပျောက်ကွယ်သွားတော့မှာ ဖြစ်ပါတယ်”

Ref: Aljzeera

Tags:

Comments are closed.