6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၁၊ ၂၀၁၈
M-Media

– မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ဆက်လက်ထောက်ခံသွားမှာဖြစ်ပြီး ရခိုင်ပြဿနာ ဖြေရှင်းရေး ကူညီသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အင်္ဂါနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“ရှုပ်ထွေးပြီး ထိလွယ်ရှလွယ်ပြဿနာဖြစ်ပေမယ့် ဂျပန်ဟာ မြန်မာနိုင်ငံနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ဒီပြဿနာဖြေရှင်းရေး မြန်မာအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ပံ့ပိုးကူညီသွားပါမယ်”

ဒေါ်အောင်ဆန်းစုကြည်က သူမဟာ အာဘေးနဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း၊ ဂျပန်ဟာ မြန်မာအတွက် မိတ်ဆွေကောင်းဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးရေးတွေနဲ့ ငြိမ်းချမ်းတဲ့ ရခိုင်ပြည်နယ်ကို ဂျပန်နိုင်ငံက မြင်ချင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

ဇူလိုင်လမှာ မြန်မာအစိုးရက ဖွဲ့စည်းခဲ့တဲ့ ‘ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်’ ဟာ မှန်ကန်ပြီး တိကျတဲ့ ချဉ်းကပ်မှုမျိုး လိုအပ်တယ်လို့လည်း အာဘေးက ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ကော်မရှင်အနေနဲ့ မှန်ကန်သင့်မြတ်တဲ့ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ဖို့ အရေးကြီးကြောင်း၊ ဒီလိုဆောင်ရွက်နိုင်မယ့် အာဏာတွေကိုလည်း ပေးထားကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ဂျပန်အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေက ဆက်လက် ကူညီသွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးပြုပြင်ပြောင်လဲမှု၊ ငြိမ်းချမ်းရေးနဲ့ ရခိုင်ပြည်နယ်အခြေအနေ တိုးတက်ရေး ကြိုးပမ်းမှုတွေကို တန်ဖိုးထားကြောင်း အာဘေးက ဆိုပါတယ်။

ရန်ကုန်မြို့က ရေနှုတ်မြောင်းတွေ၊ ကားလမ်းတွေ၊ လျှောက်လမ်းတွေ၊ ယာဉ်ကျောပိတ်ဆို့မှု ပြဿနာတွေကို ဖြေရှင်းနိုင်ရေး ယန်း ဘီလီယံ ၇၀ (ကန်ဒေါ်လာ ၆၁၈ သန်း) ကို အတိုးနှုန်းနည်းနည်းနဲ့ မြန်မာနိုင်ငံကို ချေးပေးသွားမယ်လို့ အဘေးက ကတိပြုခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို ပေးအပ်ခဲ့တဲ့ အကူအညီ ယန်း ဘီလီယံ ၈၀၀ အကြောင်းကိုလည်း ခေါင်းဆောင်နှစ်ဦးက ဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဂျပန်လုပ်ငန်းရှင်တွေနဲ့ သူမရဲ့တွေ့ဆုံမှုအတွင်း မြန်မာပြည်သူတွေအတွက် အကျိုးရှိစေမယ့် ကတိက၀တ်တွေ ရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Irrwaddy

(ဧရာဝတီသတင်းဌာန၏ အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)

Comments are closed.