6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောကတိုဘာ ၂၃၊ ၂၀၁၈

M-Media

နစ်မြုပ်သွားသည့် တိုက်တန်းနစ်သင်္ဘော

– ၁၉၁၂ ခုနှစ်က အတ္တလန်တိတ် သမုဒ္ဒရာမှာ နစ်မြုပ်သွားခဲ့တဲ့ တိုက်တန်းနစ် သင်္ဘောနဲ့ တစ်ပုံစံတည်း တည်ဆောက်ထားတဲ့ Titanic II ဟာ၂၀၂၂ ခုနှစ်မှာ ပထမဆုံး ရေကြောင်းခရီးကို စတင်မယ်လို့ သိရပါတယ်။

နစ်မြုပ်သွားတဲ့ သင်္ဘောအတိုင်း ခရီးသည် ၂၄၀၀ နဲ့ သင်္ဘောသား ၉၀၀ လိုက်ပါမှာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ သက်ကယ်အင်္ကျီ၊ သက်ကယ်လှေ အရေအတွက် အလုံအလောက် တင်ဆောင်ကာ နောက်ဆုံးပေါ် ဘေးအန္တရာယ်ကင်းရှင်းရေးနည်းလမ်း တော်တော်များများကိုလည်း ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

ပထမဆုံး ဒူဘိုင်းကနေ ဆောက်သက်တမ်ကို သွားရောက်မှာဖြစ်ပြီး အဲဒီနောက် အရင်သင်္ဘောဟောင်း လမ်းကြောင်းအတိုင်း ဆောက်သက်တမ်ကနေ အမေရိကန်ပြည်ထောင်စု နယူးယောက်ကို သွားရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ပြီးရင် ကမ္ဘာတစ်ဝှမ်း ဇိမ်ခံခရီးစဉ်တွေ ပြေးဆွဲမှာ ဖြစ်ပါတယ်။

၁၉၁၂ ခုနှစ်က တိုက်တန်းနစ်သင်္ဘောဟာ သမုဒ္ဒရာထဲ မျောလာတဲ့ ရေခဲတောင်တစ်ခုကို တိုက်မိရာကနေ နစ်မြုပ်သွားတာဖြစ်ပြီး သင်္ဘောပေါ် လိုက်ပါသွားသူတွေရဲ့ ၃ ပုံ ၂ ပုံဖြစ်တဲ့ ၁၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Titanic II သင်္ဘောကို ဆောက်လုပ်နေတဲ့ Blue Star Line သင်္ဘောကုမ္ပဏီဟာ ဘဏ္ဍာရေးအခက်အခဲကြောင့် ၂၀၁၅ ခုနှစ်မှာ လုပ်ငန်း ရပ်တန့်ခဲ့ပေမယ့် အခုနှစ် စက်တင်ဘာမှာ ပြန်လည်စတင်ခဲ့ပါတယ်။ သင်္ဘောဆောက်လုပ်မှုအတွက် ကုန်ကျစားရိတ်ဟာ ကန်ဒေါ်လာ သန်း ၅၀၀ လောက် ကုန်ကျမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ၂၀၂၂ ခုနှစ် ခရီးစဉ်အတွက် လက်မှတ်ရောင်းချတာမျိုး မရှိသေးသလို၊ လက်မှတ်ဈေးနှုန်းကိုလည်း မသိရသေးပါဘူး။

Ref : Time

Comments are closed.