6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၃၊ ၂၀၁၈

M-Media

အင်္ဂါဂြိုဟ် မျက်နှာပြင်

– အင်္ဂါဂြိုဟ် မျက်နှာပြင်အောက်မှာရှိနေတဲ့ ရေငန်တွေဟာ ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့နှစ် ဘီလီယံပေါင်းများစွာက ပေါ်ပေါက်ခဲ့တဲ့ ဆဲလ်တစ်ခုတည်းသက်ရှိ (microbial life) တွေအတွက် လုံလောက်တဲ့ အောက်ဆီဂျင် ထောက်ပံ့ပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

သိပ္ပံဂျာနယ်တစ်ခုဖြစ်တဲ့ Nature Geosciences ရဲ့ မနေ့က ဆောင်းပါးမှာ ဒီလိုဖော်ပြထားတာဖြစ်ပြီး ဂြိုဟ်ရဲ့ တစ်ချို့နေရာတွေက အောက်ဆီဂျင်ပမာဏဟာ ဆဲလ်အများအပြားနဲ့ ဖြစ်တည်တဲ့ ရေမြှုပ်သတ္တ၀ါ (sponge) တွေကိုတောင် ရှင်သန်စေနိုင်တယ်လို့ ဆိုပါတယ်။

“အင်္ဂါဂြိုဟ်ပေါ်က ဆားဓာတ်မြင့်မားတဲ့ ရေတွေဟာ မိုက်ခရုဘ်တွေအသက်ရှင်ဖို့အတွက် လုံလောက်တဲ့ အောက်ဆီဂျင် ပါဝင်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ရပါတယ်” လို့ ဆောင်းပါးကို ဦးဆောင်ရေးသားသူ Vlada Stamenkovic က ပြောကြားခဲ့ပါတယ်။

Vlada Stamenkovic ဟာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Jet Propulsion ဓာတ်ခွဲခန်းက သိပ္ပံပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

“ဒီတွေ့ရှိချက်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ အတိတ်ကနေ ဒီနေ့အထိ သက်ရှိတွေရှိနိုင်ချေအပေါ် ကျွန်တော်တို့ရဲ့ နားလည်မှုကို တော်လှန် ပြောင်းလဲပစ်လိုက်တာလည်း ဖြစ်ပါတယ်”

နာဆာရဲ့ အင်္ဂါဂြိုဟ် စူမ်းစမ်းလေ့လာရေးယာဉ် Curiosity Mars ကနေ လေ့လာနိုင်ခဲ့တဲ့ ဒီတွေ့ရှိချက်မတိုင်ခင် အင်္ဂါဂြိုဟ်မှာရှိနေတယ်လို့ သိရတဲ့ အောက်ဆီဂျင်ပမာဏဟာ ဆဲလ်တစ်ခုတည်းနဲ့ အသက်ရှင်တဲ့ သက်ရှိတွေကိုတောင် မထောက်ပံ့နိုင်ဘူးလို့ မှတ်ယူခဲ့ကြတာပါ။

သက်ရှိတွေ ရှူရှိုက်နေတဲ့ အောက်ဆီဂျင်ဟာ ကမ္ဘာ့လေထုမှာ ၂၁ ရာခိုင်နှုန်းရှိပြီး၊ အင်္ဂါဂြိုဟ်ရဲ့ လေထုမှာတော့ ၀.၁၄ ရာခိုင်နှုန်းပဲ ရှိနေပါတယ်။

ကမ္ဘာကြီးမှာ အောက်ဆီဂျင်ကို ရှူရှိုက်တဲ့ သက်ရှိတွေဟာ ကာဘွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး အောက်ဆီဂျင်ပြောင်းပေးတဲ့ သက်ရှိတွေနဲ့အတူ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂.၃၅ ဘီလီယံလောက်က ဖြစ်ခဲ့တဲ့ Great Oxygenation Event (အောက်ဆီဂျင်ဖွဲ့စည်းမှု အဖြစ်အပျက်ကြီး) နောက်ပိုင်း တည်ဆောက်ပုံရှုပ်ထွေးတဲ့ သက်ရှိတွေဟာ ကမ္ဘာကြီးမှာ လျင်လျင်မြန်မြန် ပေါ်ထွက်လာခဲ့ပါတယ်။

ကမ္ဘာ့သမုဒ္ဒရာတွေရဲ့အောက်ခြေက ရေပူအိုင်တွေမှာ မိုက်ခရုဘ်တွေ ရှင်သန်နေထိုင်ကြတာကြောင့် အင်္ဂါဂြိုဟ်မှာ သက်ရှိတွေ ရှိနိုင်လားဆိုတာကို စဉ်းစားရင် မိုက်ခရုဘ်တွေ ရှင်သန်နေလားဆိုတာ လေ့လာဖို့လိုအပ်တယ်လို့ Stamenkovic က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

Ref: Aljazeera

Tags:

Comments are closed.