6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၄၊ ၂၀၁၈

M-Media

ဒါဘန်ချန်ဒေသကို ၂၀၁၅ ခုနှစ် ဇူလိုင်လက Google Earth မှ တွေ့ရပုံ

– တရုတ်နိုင်ငံ ရှန်ကျန်းပြည်နယ်မှာ ၀ီဂါမွတ်စလင်တွေကို ထိန်းသိမ်းထားမယ့် အကျဉ်းစခန်းတွေကို တရုတ်အစိုးရက အလျင်အမြန်နဲ့ အကြီးအကျယ် ဆောက်လုပ်နေတယ်ဆိုတာ သူတို့ရဲ့ စုံစမ်းဖော်ထုတ်မှုအတွင်း တွေ့ရှိခဲ့ရတယ်လို့ BBC သတင်းဌာနက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

တရုတ်အစိုးရဟာ ၀ီဂါမွတ်စလင် တစ်သန်းလောက်ကို အကျဉ်းစခန်းထဲမှာ ထိန်းသိမ်းထားပြီး ၀က်သားတွေကျွေးတာ၊ အရက်တိုက်တာ အပါအ၀င် ဘာသာရေး၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး လုပ်နေတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ လူ့အခွင့်အရေးအဖွဲ့တွေ၊ သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒီသတင်းတွေကို တရုတ်အစိုးရက ငြင်းဆိုခဲ့ပြီး အစွန်းရောက်ဝါဒ၊ ခွဲထွက်ရေးဝါဒကို တားဆီးတာဖြစ်ကြောင်း၊ ၀ီဂါတွေဟာ သူတို့ဆန္ဒနဲ့သူတို့ အသက်မွေးကြောင်း သင်တန်းကျောင်းတွေကို တက်ရောက်ကြတာဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

ဂြိုဟ်တုပုံရိပ်တွေအရ ရှင်ကျန်းပြည်နယ်မြို့တော် အူရွမ်ကီကနေ တစ်နာရီလောက် ကားမောင်းရတဲ့ ဒါဘန်ချန်မြို့မှာ အကျဉ်းစခန်းတွေကို တရုတ်အစိုးရက အများအပြားဆောက်လုပ်နေတယ်ဆိုတာကို တွေ့ခဲ့ရတယ်လို့ ဘီဘီစီက ပြောပါတယ်။

၂၀၁၅ ခုနှစ် ဇူလိုင်လမှာ သဲကန္တာရသာ ရှိနေတဲ့ အဲဒီဒေသမှာ ၂၀၁၈ ခုနှစ် ဧပြီလက အဆောင်များစွာပါဝင်တဲ့ အကျဉ်းစခန်းကြီးတစ်ခု ဖြစ်လာတာကို Google Earth မှာ တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမယ့် Google Earth ဟာ ဝေလံခေါင်ဖျားတဲ့ဒေသတွေဆိုရင် နောက်ဆုံးရ သတင်းအချက်အလက်တွေရဖို့ နှစ်ချီကြာတတ်ပါတယ်။

ဥရောပအာကာသအေဂျင်စီရဲ့ Sentinel ဒေတာဘေ့စ်ရဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလက ဒါဘန်ချန်မြို့ ပုံရိပ်ကတော့ သတင်းထွက်နေတာထက် ပိုမို အံ့သြစရာကောင်းနေပြီး အကျဉ်းစခန်းပေါင်း ၄ ခုလောက် အတွဲလိုက် ဆောက်လုပ်ထားတာကို တွေ့ခဲ့ရပါတယ်။

Google Earth ၏ ၂၀၁၈ ခုနှစ် ဧပြီလ ပုံရိပ်တွင် အကျဉ်းစခန်းတစ်ခုကို တွေ့လာရသည်။

ဘီဘီစီသတင်းဌာနက သူတို့ရဲ့ သတင်းအဖွဲ့ဟာ ဒါဘန်ချန်မြို့က မြေပြင်အခြေအနေကို သွားရောက်စုံစမ်းခဲ့ပြီး တရုတ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နောက်ယောင်ခံလိုက်မှု၊ တားဆီးမှုတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဂြိုဟ်တုပုံရိပ်ကတွေရတဲ့ နေရာကို သွားရောက်ရာမှာ အနားအထိကပ်လို့မရဘဲ ကားလမ်းပေါ်ကနေသာ ကြည့်ခဲ့ရကြောင်း၊ အဆောက်အဦးတွေဟာ ၄ ထပ် အဆောက်အဦးတွေဖြစ်ပြီး ထင်တားတာထက်ပိုပြီး အကြီးအကျယ် ဆောက်လုပ်နေတာကို တွေ့မြင်ရကြောင်း၊ တရုတ်ရဲတွေက သူတို့ကားကို လာတားပြီး ကင်မရာပိတ်ကာ ပြန်ခိုင်းခဲ့ကြောင်း ဘီဘီစီက ထည့်သွင်း ရေးသားထားပါတယ်။

ဘီဘီစီသတင်းထောက်တွေဟာ ပြည်နယ်အတွင်းက ဖုန်းတွေကို ခေါ်ဆိုမေးမြန်းကြည့်ရာမှာ ဒီအဆောက်အဦးတွေဟာ ကျောင်းတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အဆောက်အဦးတွေကတော့ ကျောင်းနဲ့မတူဘဲ၊ စောင့်ကြည့်မျှော်စဉ်တွေ၊ မြင့်မားတဲ့ နံရံတွေကြောင့် ထောင်နဲ့ပိုတူတယ်လို့လည်း ဘီဘီစီက ဆိုပါတယ်။

ဥရောပ အာကာသာအေဂျင်စီ၏ ဒေတာဘေ့စ်မှ ယခုပုံရိပ်မှာ ၂၀၁၈ ခုနှစ် အောက်တိုဘာလက ပုံရိပ်ဖြစ်ပြီး အကျဉ်းစခန်း မြောက်များစွာကို တွေ့ခဲ့ရသည်။

တရုတ်နိုင်ငံပိုင် သတင်းဌာနက ဒီစခန်းတွေရဲ့ အတွင်းပိုင်းမှာ စိတ်ပါလက်ပါ စာသင်နေတဲ့ ဗီဒီယိုတွေကို ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ထုတ်လွှင့် ပြသခဲ့ပါတယ်။

ဒါပေမယ့် ဒီစခန်းတွေက ကျောင်းသားတွေကို ဘယ်လိုရွေးချယ်လဲ၊ သင်တန်းက ဘယ်လောက်ကြာလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

စခန်းတွေကနေ ပြန်လည်လွတ်မြောက်လာသူအချို့က သတင်းမီဒီယာတွေကို ပြောကြားရာမှာ တရုတ်အာဏာပိုင်တွေဟာ သူတို့ရဲ့ ယုံကြည်မှုကို စွန့်လွှတ်ဖို့အတွက် ဖိအားပေးတာ၊ ခြိမ်းခြောက်တာတွေ လုပ်တယ်လို့ ဆိုပါတယ်။

Ref : BBC

Comments are closed.