6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၄၊ ၂၀၁၈
M-Media

အသတ်ခံလိုက်ရသည့် ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ

– ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီကို အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ သတ်ဖြတ်မှုဟာ ကြိုတင်ကြံစည် သတ်ဖြတ်မှုဖြစ်တယ်ဆိုတာ တွေ့ရကြောင်း ဆော်ဒီ အစိုးရရှေ့နေက ဒီကနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

တူရကီသမ္မတ အာဒိုဂန်က ကာရှိုဂျီကို သတ်ဖြတ်မှုဟာ စနစ်တကျ စီစဉ်ဆောင်ရွက်တာ ဖြစ်တယ်လို့ ပြောကြားပြီး တစ်ရက်အကြာမှာပဲ ဆော်ဒီက ဒီလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

“တရားမျှတမှုကို ဆောင်ရွက်နိုင်ဖို့အတွက် ရှေ့နေချုပ်ရုံးဟာ သံသယရှိသူတွေကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်” လို့ ဆော်ဒီ အစိုးရရှေ့နေက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၂ ရက်နေ့က ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ၀င်ရောက်ပြီးနောက် ပျောက်ဆုံးသွားတဲ့ ကာရှိုဂျီဟာ ကောင်စစ်ဝန်ရုံးထဲမှာပဲ အသတ်ခံလိုက်ရတယ်လို့ တူရကီရဲ့ပြောကြားမှုကို ဆော်ဒီက အစပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့တစ်ပတ်မှာတော့ ကာရှိုဂျီနဲ့ ကောင်စစ်ဝန်ရုံးဝန်ထမ်းတွေ ထိုးကြကြိတ်ကြရင်း သေဆုံးသွားတာဖြစ်တယ်လို့ ဆော်ဒီက ထုတ်ပြန်ပါတယ်။

ကာရှိုဂျီဟာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ ဆော်ဒီအစိုးရကို ဝေဖန်လေ့ရှိသူဖြစ်ပြီး အခု အသတ်ခံရမှုမှာ ဘင်ဆလ်မန်ရဲ့လက်ချက် မကင်းဘူးလို့ ပြောကြားမှုတွေလည်း ရှိနေပါတယ်။

ဆော်ဒီအစိုးရရှေ့နေက တူရကီ-ဆော်ဒီ ပူးတွဲအလုပ်အဖွဲ့က ရရှိတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး သံသယရှိသူတွေကို စစ်ကြောနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ကာရှိုဂျီကိစ္စအပြီး ပထမဆုံးပြုလုပ်တဲ့ ဆော်ဒီထောက်လှမ်းရေးအဖွဲ့ရဲ့ မနေ့က အစည်းအဝေးကို အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် တက်ရောက်ခဲ့တယ်လို့ ဆော်ဒီနိုင်ငံပိုင်သတင်းဌာန Saudi Press Agency က ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

Ref: Aljazeera

Comments are closed.