News @ M-Media

နိုင်ငံသားဟိန္ဒူများအတွက် မလေးဝန်ကြီးချုပ်က ဒီပ၀ါလီဆုမွန်ကောင်းတောင်း

နိုဝင်ဘာ ၆၊ ၂၀၁၈
M-Media

– မလေးရှားမှာ ဒီပ၀ါလီပွဲတော်ဟာ လူမျိုးစုံဘာသာစုံ ကြည်နူးပျော်ရွှင်ရတဲ့ ပွဲတော်ဖြစ်ပြီး နိုင်ငံရဲ့ ဘာသာစုံ၊ လူမျိုးစုံဝါဒကို ထင်ဟင်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က သူ့ရဲ့ မနေ့က ဒေပ၀ါလီ နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“မလေးရှာနိုင်ငံသားတွေ ဆင်နွှဲကြတဲ့ ပွဲတော်အားလုံးလိုပဲ ဒေပ၀ါလီပွဲတော်ဟာလည်း ဘာသာစုံ၊ လူမျိုးစုံ ပျော်ရွှင်မျှဝေ ခံစားကြမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ အတူတကွ ဆင်နွှဲကြတဲ့ ပွဲတော်မျိုးပါ”

ကမ္ဘာတစ်ဝှမ်းက ဟိန္ဒူဘာသာဝင်တွေဟာ နိုဝင်ဘာ ၆ ရက်နေ့မှာ ဒီပ၀ါလီပွဲတော်ကို ကျင်းပကြမှာ ဖြစ်ပါတယ်။

မဟာသီက ဒီပ၀ါလီနေ့ဟာ ဟိန္ဒူတွေရဲ့ပွဲတော် ဖြစ်ပေမယ့် မလေးရှားနိုင်ငံသားအားလုံး ပျော်ရွှင်ရတဲ့ပွဲတော် ဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ဒီလိုခံစားမှုမျိုးက အပြန်အလှန်နားလည်မှု၊ မတူကွဲပြားစွာ ညီညွတ်မှုဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒီအချက်ကို အခြေခံပြီး ပျော်ရွှင်စရာ ဒီပ၀ါလီနေ့ဖြစ်ပါစေလို့ ဆုမွန်တောင်းလိုက်ပြီး၊ ဒီနှစ်ပွဲတော်ဟာ ပိုမိုအဓိပ္ပါယ်ရှိတဲ့ အနာဂတ်ကို ဆောင်ကျဉ်းပေးမယ်လို့လည်း မျှော်လင့်ပါတယ်”

Ref : The Star