ဒီဇင်ဘာ ၂၂၊ ၂၀၁၈
M-Media
– ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့စွဲချက်နဲ့ မြန်မာစစ်တပ်၊ နယ်ခြားစောင့် တပ်ဖွဲ့တွေက အရာရှိ ၇ ဦးကို ဥရောပသမဂ္ဂက ထပ်မံ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်လိုက်ပါတယ်။
မနေ့က ဥရောကသမဂ္ဂနေ ထုတ်ပြန်တဲ့ကြေငြာချက်မှာ ‘ရိုဟင်ဂျာလူ့အဖွဲ့အစည်း၊ အခြားသော တိုင်းရင်းသား လူနည်းစုတွေ၊ ရွာသားတွေနဲ့ အရပ်သားတွေအပေါ် ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်တဲ့အတွက်’ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့က အရာရှိ ၇ ဦးကို ပိတ်ဆို့မှုစာရင်းထဲ ထည့်လိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဥရောပသမဂ္ဂက မြန်မာလက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲတွေအပေါ် ပိတ်ဆို့အရေးယူမှုပြုလုပ်တဲ့ အရေအတွက်ဟာ အခုတစ်ကြိမ်နဲ့ဆို ၁၄ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ထွက်ပြေးသွားရတဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုမှာ ရွာလုံးကျွတ်မီးရှို့တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အုပ်စုဖွဲ့အဓမ္မကျင့်တာတွေ ရှိတယ်လို့ နိုင်ငံတကာက စွပ်စွဲပြောဆိုထားပြီး ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေက ဒီလုပ်ရပ်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: New York Times
Comments