6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၃၀၊ ၂၀၁၈
M-Media

ဘင်္ဂလားဒေ့ရှ်တွင် မဲပေးမှုမြင်ကွင်း

– ဒီကနေ့ ဘင်္ဂလားဒေ့ရှ်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ အာဏာရပါတီကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား တိုက်ခိုက်မှုတွေဖြစ်တာကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။

လွှတ်တော်အမတ်နေရာ ၂၉၉ နေရာအတွက် အာဏာရ Awami League (AL) ပါတီနဲ့ အတိုက်အခံ Nationalist Party (BNP) ပါတီက ကိုယ်စားလှယ်ပေါင်း ၁၈၄၁ ဦး ၀င်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး လူပေါင်း ၁၀၄ သန်းလောက်က မဲပေးကြမှာ ဖြစ်ပါတယ်။

မဲဆွယ်ရေးစတင်ကတည်းက အာဏာရပါတီကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ ၀န်ကြီးချုပ် ရှိခ်ဟာဆီနာဦးဆောင်တဲ့ အစိုးရကလည်း အတိုက်အခံတွေနဲ့ ထောက်ခံသူတွေကို ဖမ်းဆီးမှုတွေ၊ ဖိနှိပ်မှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ရွေးကောက်ပွဲအတွက် စစ်သားတွေအပါအ၀င် နိုင်ငံတစ်ဝှမ်း လုံခြုံရေးတပ်ဖွဲ့ဝင်ပေါင်း ၆ သိန်းလောက် ချထားပြီး၊ မတည်မငြိမ်ဖြစ်လာမှာကို တားဆီးဖို့အတွက် အင်တာနက်လိုင်းတွေကိုလည်း အစိုးရက ပိတ်ထားပါတယ်။

ဒါပေမယ့် တစ်ချို့နေရာတွေမှာ AL ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားတာကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၀ ဦး ရှိတယ်လို့ နိုင်ငံရဲ့ ထိပ်တန်း ဘင်္ဂါလီနေ့စဉ်သတင်းစာ Prothom Alo က ဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ်က နာမည်ကြီး အင်္ဂလိပ်နေ့စဉ်သတင်းစာ Daily Star က တော့ သေဆုံးသူအရေအတွက် ၁၂ ဦးရှိတယ်လို့ ဆိုပါတယ်။

ရုန်းရင်းဆန်ခတ်မှုတွေ ရှိတယ်လို့ သတင်းထွက်ပေမယ့် ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေးဝန်ကြီး အဘ်ဒူလ် မာလစ်က ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာနဲ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းက ရလဒ်ကို ထုတ်ပြန်ကြေငြာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

Comments are closed.