6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၃၀၊ ၂၀၁၈
M-Media

– ကမ္ဘာပေါ်မှာ အစ္စလာမ်ဘာသာဝင်တွေအပေါ် လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တွေကို နှစ်စဉ် ရွေးချယ်လေ့ရှိတဲ့ Royal Islamic Strategic Studies Centre (MABDA) အဖွဲ့က မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ကို ယခုနှစ် Muslim Man of the Year အဖြစ် သတ်မှတ်လိုက်ပါတယ်။

အခုနှစ်အတွင်း လွှမ်းမိုးမှုအရှိဆုံး မွတ်စလင် ၅၀၀ စာရင်း The Muslim 500 ကို ထုတ်ပြန်ရာမှာ ဒီလိုသတ်မှတ်လိုက်တာဖြစ်ပြီး မလေးရှားရွေးကောက်ပွဲမှာ အောင်မြင်မှု၊ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နိုင်တဲ့ စွမ်းဆောင်မှုတွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ထူးခြားတဲ့ ဒီပုဂ္ဂိုလ်ကြီးဟာ နှစ်ပေါင်း ၇၀ လောက် အတက်အကျများတဲ့ နိုင်ငံရေးလောကမှာ ကျင်လည်ခဲ့ပြီး စာအုပ်ပေါင်း ၁၇ အုပ်ကိုလည်း ရေးသားခဲ့ပါတယ်။ နိုင်ငံ့ခေါင်းဆောင်ပိုင်းမှာဆိုရင်လည်း ဒုတိယ၀န်ကြီးချုပ်၊ နောက်ပိုင်း ၀န်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး အဲဒီအချိန်ဟာ မလေးရှားနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်တဲ့ကာလ ဖြစ်ခဲ့ပါတယ်” လို့ Royal Islamic Strategic Studies Centre (MABDA) က ဖော်ပြခဲ့ပါတယ်။

မဟာသီဟာ Muslim Man of the Year အဖြစ် အရွေးခံရပေမယ့် The Muslim 500 စာရင်းမှာ အဆင့် ၄၄ နေရာမှာ ရှိနေပါတယ်။

ဒီစာရင်းမှာ တူရကီသမ္မတ အာဒိုဂန်က အဆင့် ၁ နေရာ ရခဲ့ပြီး မနှစ်က အဆင့် ၅ ရှိရာကနေ မြင့်တက်လာတာ ဖြစ်ပါတယ်။ ဆော်ဒီဘုရင် ဆလ်မန်နဲ့ ဂျော်ဒန်ဘုရင် အဘ်ဒူလာတို့ဟာ မနှစ်ကအတိုင်း အဆင့် ၂ နဲ့ အဆင့် ၃ နေရာမှာ ရှိနေပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အဆင့် ၁၆ နေရာမှာရှိကာ စင်ကာပူသမ္မတ ဟာလီမာယာကွဘ်ကတော့ အဆင့် ၄၁ နေရာမှာ ရှိနေပါတယ်။ ပါလက်စတိုင်းက အသက် ၁၇ နှစ်အရွယ် တက်ကြွလှုပ်ရှားသူဖြစ်ပြီး အစ္စရေးရဲ့ ဖမ်းဆီးအကျဉ်းချခြင်းကို ခံခဲ့ရတဲ့ အဟဒ် တမီမီကလည်း အခုနှစ် The Muslim 500 စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ဂျော်ဒန်နိုင်ငံအခြေစိုက်တဲ့ Royal Islamic Strategic Studies Centre (MABDA) အဖွဲ့ဟာ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၀၉ ခုနှစ်ကစလို့ The Muslim 500 စာရင်းကို နှစ်စဉ် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီစာရင်းဟာ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ ဘဏ္ဍာရေး၊ နိုင်ငံရေးနဲ့ အခြားနယ်ပယ်တွေမှာ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသူတွေကို အဆင့်သတ်မှတ် ရွေးချယ်တာ ဖြစ်ပါတယ်။

Ref: Malaysia Kini

Tags:

Comments are closed.