ဧပြီ ၂၁၊ ၂၀၁၉
M-Media
– ဒီကနေ့ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုတွေနဲ့ပတ်သက်ပြီး သံသယရှိသူ ၇ ဦးကို ဖမ်းဆီးထားတယ်လို့ သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
ခရစ်ယာန်ဘုရားကျောင်း ၃ ခု၊ ဟိုတယ် ၃ ခုနဲ့ အခြားနေရာနှစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေကြောင့် အနည်းဆုံး လူ ၁၈၀ ကျော် သေဆုံးခဲ့ပြီး ၅၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ အစိုးရဟာ နိုင်ငံတစ်ဝှမ်း ညမထွက်ရ အမိန့် ထုတ်ပြန်ထားသလို ဆိုရှယ်မီဒီယာအားလုံးကိုလည်း ပိတ်ထားလိုက်ပါတယ်။
မနက်ပိုင်းက ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီးတဲ့နောက် နေ့လည်ပိုင်းမှာ နောက်ထပ် ပေါက်ကွဲမှု ၂ ခုထပ်မံဖြစ်ပွားခဲ့ပါတယ်။ အဲဒီအထဲက ၈ ခုမြောက်ပေါက်ကွဲမှုဟာ ကိုလံဘိုဆင်ခြေဖုံးက အိမ်တစ်အိမ်မှာ သံသယရှိသူတွေကို ၀င်ရောက်ဖမ်းဆီးစဉ် လူတစ်ဦးက အသေခံဗုံးခွဲခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ရဲရင်းမြစ်တစ်ခုက AFP သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်လဲဆိုတာ မသိရသေးပါဘူး။
Comments