6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၊ ၂၀၁၉
M-Media

– လာမယ့် ၂ နှစ်အတွင်း အရှေ့တောင်အာရှရဲ့ ဟာလာလ်စီးပွားရေးလုပ်ငန်း အချက်အခြာနေရာတစ်ခု ဖြစ်လာရေးအတွက် နိုင်ငံအနောက်ပိုင်းမှာ ဟာလာလ်စင်တာတစ်ခု တည်ဆောက်ဖို့ စင်ကာပူက ဆောင်ရွက်နေပါတယ်။

မြေဧရိယာ စကွဲယားပေ ၆ သိန်းမှာ တည်ဆောက်မယ့် အဲဒီ ဟာလာလ်စင်တာဟာ ဟာလာလ်အစားအသောက်တွေကို သိုလှောင်ဖို့၊ ထုတ်လုပ်ဖို့၊ ချက်ပြုတ်ရောင်းချဖို့ နေရာတွေအပြင် စားသောက်ကုန်တွေကို ပြသထားမယ့် Halal Excellence Centre လည်း ပါဝင်မှာ ဖြစ်ပါတယ်။

စီမံကိန်းကို စင်ကာပူက မလေး စက်မှုလက်မှုနဲ့ ကုန်သည်ကြီးများအသင်း SMCCI နဲ့  Elite Partners Capital ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး စင်ကာပူဒေါ်လာ သန်း ၈၀ ကနေ သန်း ၁၀၀ အထိ ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

“ဟာလာလ်စီးပွားရေးလုပ်ငန်းမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နိုင်ရေးအတွက် စင်ကာပူဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရည်မှန်းဆောင်ရွက်ခဲ့ပါတယ်။ ဟာလာလ်လုပ်ငန်း အချက်အခြာနေရာတစ်ခုဖြစ်အောင် ဆောင်ရွက်မယ့် အခုအစီအစဉ်ကလည်း မှန်ကန်တဲ့ လားရာကိုသွားဖို့ ခြေလှမ်းတစ်ခုဖြစ်ပြီး ဟာလာလ် စီးပွားရေးလုပ်ငန်း လွယ်ကူချောမွေ့စေရေး  အမှန်တကယ် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်” လို့ စီမံကိန်းအကြံပေး ဇိုင်နူလ် အဘီဒင် ရာရှစ်က ပြောကြားခဲ့ပါတယ်။

ဇိုင်နူလ်ဟာ ကူဝိတ်နိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် တာဝန်တွေကို ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။

အခု စီမံကိန်းဟာ SMCCI အသင်းအနေနဲ့ ဒေသတွင်းကနေတစ်ဆင့် ကမ္ဘာ့ ဟာလာလ်ဈေးကွက်ကို ၀င်ရောက်နိုင်ရေး အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

“စင်ကာပူကို ဟာလာလ်စီးပွားရေးလုပ်ငန်း အချက်အခြာနေရာတစ်ခုဖြစ်လာရေး ဆောင်ရွက်မှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ကျေနပ်ပီတိ ဖြစ်ရပါတယ်။ ဒီစင်တာဟာ ဟာလာလ်ကဏ္ဍမှာ တီထွင်ကြံဆမှုတွေနဲ့  ရှေ့ဆောင်ရှေ့ရွက် ပြုနိုင်လိမ့်မယ်လို့ ယုံကြည်သလို၊ ကုန်ကြမ်းရှာဖွေမှု၊ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ နိုင်ငံတကာကို ဈေးကွက်ချဲ့ထွင်မှုတွေကိုလည်း လုပ်ဆောင်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်” လို့ SMCCI ဥက္ကဌ ရှာမီရ် ရာဟင်က ပြောကြားခဲ့ပါတယ်။

Ref: Malay Mail

Comments are closed.