6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၅၊ ၂၀၁၉
M-Media

-ဒုံးလောင်ချာတွေနဲ့ ပဲ့ထိန်းဒုံးတွေ ပစ်လွှတ်ခဲ့တဲ့ မနေ့က စစ်ရေးလေ့ကျင့်မှုကို ခေါင်းဆောင် ကင်ဂျုံအွန်ကိုယ်တိုင် ကြီးကြပ် ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

တိုင်းပြည်ရဲ့ အရှေ့ဖက်ပင်လယ်ပြင်မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ ‘ကာကွယ်ရေး
တပ်ဖွဲ့တွေမှာရှိတဲ့ တာဝေးပစ် ဒုံးလောင်ချာတွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေ’ ရဲ့ ထိရောက်မှုကို စမ်းသပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

KCNA က ထုတ်ပြတဲ့ ဓာတ်ပုံတွေကိုကြည့်ရင် စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ မြေပြင်ကမြေပြင်ပစ် တာတိုဒုံးကျည်တွေ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား Kyungnam တက္ကသိုလ်က စစ်ရေးကျွမ်းကျင်သူ ကင်ဒွန်ယွဘ်က ပြောကြားခဲ့ပါတယ်။

အမေရိကန်က ခြိမ်းခြောက်မှုအဖြစ် ယူဆထားတဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေ မပါဝင်ပေမယ့် စစ်ရေးလေ့ကျင့်မှုဟာ ကုလရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ဆောင်ရွက်တာ ဖြစ်ပါတယ်။

ကင်ဒွန်ယွဘ်က ရုရှားကထုတ်လုပ်ပြီး မြောက်ကိုရီးယားက အဆင့်မြှင့်တင်ထားတဲ့ Iskander ဒုံးကျည်တွေကို ဓာတ်ပုံတွေထဲမှာ တွေ့မြင်ရကြောင်း ပြောကြားခဲ့ပါတယ်။

ကီလိုမီတာ ၅၀၀ အကွာအဝေးအထိ ရောက်နိုင်တဲ့ အဲဒီဒုံးကျည်ဟာ ကိုရီးယားကျွန်းဆွယ်တစ်ခုလုံးကို ပစ်ခိုက်နိုင်ပြီး တောင်ကိုရီးယားမှာ ချထားတဲ့ အမေရိကန်ရဲ့ THAAD ဒုံးခွင်းစနစ်ကို ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။

ကင်ဂျုံအွန်က ခြိမ်းခြောက်မှုတွေ၊ ကျူးကျော်တိုက်ခိုက်မှုတွေကို ကြုံတွေ့ရဖွယ်ရှိနေတဲ့ မြောက်ကိုရီးယားအနေနဲ့ တိုက်ပွဲစွမ်းရည်ကို မြှင့်တင်ဖို့နဲ့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ကြောင်း KCNA သတင်းဌာနက ထည့်သွင်းဖော်ပြခဲ့ပါတယ်။

အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့အတွက် မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်ကစလို့ နျူလက်နက် စမ်းသပ်မှု၊ ဒုံးကျည် စမ်းသပ်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် အခုနှစ်အစောပိုင်း ဗီယက်နမ်မှာ ထရမ့်နဲ့ ကင်ဂျုံအွန်တို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုအတွင်း နှစ်ဖက် သဘောတူညီချက် မရရှိခဲ့ပါဘူး။

Ref: Reuters

Comments are closed.