6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၉၊ ၂၀၁၉
M-Media

-ဘာသာ သာသနာ ညှိုးနွမ်းစေမှုနဲ့ သေဒဏ်ကျခံရပြီး ပြီးခဲ့တဲ့နှစ်မှာ တရားရုံးချုပ်ရဲ့ တရားသေလွှတ်ပေးမှုကြောင့် လွတ်မြောက်ခဲ့တဲ့ ပါကစ္စတန် ခရစ်ယာန်အမျိုးသမီး အာစီယာ ဘီဘီဟာ ကနေဒါမှာ သွားရောက် ခိုလှုံနိုင်ခဲ့ပြီလို့ ရှေ့နေတွေက ပြောကြားလိုက်ပါတယ်။

တရားသေလွတ်မြောက်ခဲ့ပြီးတဲ့နောက် အစိုးရရဲ့ လုံခြုံရေးအစောင့်အရှောက်နဲ့ နေထိုင်နေရတဲ့ အသက် ၅၃ နှစ်အရွယ် အာစီယာဘီဘီရဲ့ ခိုလှုံခွင့်လျှောက်ထားမှုကို ကနေဒါက လက်ခံခဲ့ပြီးတဲ့နောက် ခင်ပွန်းနဲ့ သမီးနှစ်ဦးတို့နဲ့ ကနေဒါမှာ ပြန်လည်ဆုံတွေ့ခွင့် ရခဲ့ပြီ ဖြစ်ပါတယ်။

“သူမ ကနေဒါကို သွားပါပြီ။ ခိုလှုံခွင့်ရတဲ့အတွက် သူမဟာ အဲဒီမှာပဲ နေတော့မှာပါ” လို့ ရှေ့နေဖြစ်သူ ဆိုက်ဖွလ် မာလစ်က ပြောကြားခဲ့ပါတယ်။

ကနေဒါ အာဏာပိုင်တွေကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး မထုတ်ပြန်သေးပါဘူး။

ပါကစ္စတန်နိုင်ငံအလယ်ပိုင်းက ရွာတစ်ခုမှာ နေထိုင်တဲ့ အာစီယာဘီဘီဟာ မွတ်စလင်အမျိုးသမီးတွေနဲ့ သောက်ရေကိစ္စ စကားများပြီးတဲ့နောက် တမန်တော် မိုဟမ္မဒ်ကို စော်ကားပြောဆိုတယ်လို့ စွပ်စွဲခံရပြီး သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲခံခဲ့ရတာပါ။

နောက်ပိုင်းမှာ တရားရုံးက အာစီယာဘီဘီကို သေဒဏ်ချမှတ်ခဲ့ပါတယ်။ ထောင်ထဲမှာ ၈ နှစ်တာ နေထိုင်ခဲ့ရတဲ့ အာစီယာဘီဘီရဲ့အမှုကို တရားရုံးချုပ်က ပြန်လည်သုံးသပ်ပြီးတဲ့နောက် သူမဟာ တရားရင်ဆိုင်မှုမှာ မျှမျှတတ ဆက်ဆံမခံရဘဲ၊ သူမကို စွပ်စွဲချက်တွေအတွက် ခိုင်လုံတဲ့အထောက်အထား မရှိဘူးဆိုတာ တွေ့ရတာကြောင့် တရားသေ လွှတ်ပေးခဲ့ပါတယ်။

ဒါပေမယ့် တိုင်းပြည်အတွင်း သဘောထားတင်းမာတဲ့ အုပ်စုတွေက မကျေမနပ် ဆန္ဒပြခဲ့ကြပြီး အာစီယာဘီဘီ၊ သူမရဲ့ ရှေ့နေနဲ့ တရားသေလွှတ်ပေးခဲ့တဲ့ တရားသူကြီးတွေကို သတ်ဖြတ်ဖို့အထိ လှုံ့ဆော်ခဲ့ပါတယ်။ ပါကစ္စတန်အစိုးရက အမည်မသိနေရာတွေမှာ အာစီယာဘီဘီကို လုံခြုံရေးအစောင့်အကြပ်နဲ့ စောင့်ရှောက်ထားခဲ့ရပါတယ်။

သူမရဲ့ခင်ပွန်း၊ သမီးနှစ်ဦးနဲ့ ရှေ့နေတို့ဟာ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် နိုင်ငံရပ်ခြားကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။

အာစီယာဘီဘီရဲ့အမှုမှာ သူမဖက်က ရပ်တည်ပေးခဲ့သူတစ်ချို့ဟာ သဘောထားတင်းမာတဲ့ အုပ်စုတွေရဲ့ ရန်ပြုခြင်းကို ခံခဲ့ရပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး ဆလ်မန် တာဆီရ်၊ ပြည်ထောင်စုဝန်ကြီး ရှာဘက်ဇ် ဘက်တီတို့ လုပ်ကြံခံခဲ့ရပါတယ်။

Ref: Aljazeera

Tags:

Comments are closed.