6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၂၊ ၂၀၁၉
M-Media


ဘုန်းတော်ကြီး နာဆာရွလ္လာဟ် ဘူးထရို့စ် စဖိုင်ယာ

-အရှေ့အလယ်ပိုင်းက လက်ဘနွန်နိုင်ငံရဲ့ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပြီး တိုင်းပြည်ကို စည်းလုံးညီညွတ်အောင် ကြိုးပမ်းပေးခဲ့တဲ့ ခရစ်ယာန်ဘုန်းတော်ကြီး နာဆာရွလ္လာဟ် ဘူးထရို့စ် စဖိုင်ယာဟာ ဒီကနေ့မနက် အစောပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

မာခရိုနိုက် ခရစ်ယာန်အသင်းတော်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ကျန်းမာရေးမကောင်းတဲ့ ဘုန်းတော်ကြီး စဖိုင်ယာဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း အထူးကြပ်မတ် ကုသဆောင်မှာ ဆေးကုသမှု ခံယူပြီးတဲ့နောက် မေလ ၁၂ ရက်နေ့မနက် ၃ နာရီအချိန်မှာ ကွယ်လွန်သွားတယ်လို့ ဖော်ပြထားပါတယ်။

မေလ ၁၅ ရက်နေ့မှာ သက်တော် ၉၉ နှစ်ပြည့်မယ့် ဘုန်းတော်ကြီး စဖိုင်ယာဟာ ဆီးရီးယားနိုင်ငံမှာ အခြေတည်တဲ့ မာရိုနိုက် ခရစ်ယာန်အသင်းတော်ရဲ့ ရဟန်းမင်းကြီးအဖြစ် ၁၉၈၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၁၉၉၄ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်ရဲ့ ကာဒီနယ် ရဟန်းအမတ်အဖြစ် ရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။

စဖိုင်ယာဟာ 76th Patriarch of Antioch and the Whole Levant ဘွဲ့ကို ရရှိထားတဲ့ ဘုန်းတော်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။

၁၉၇၅ ခုနှစ်ကနေ ၁၉၉၀ ပြည့်နှစ်အထိ ရှည်ကြာခဲ့တဲ့ လက်ဘနွန်ပြည်တွင်းစစ်မှာ ခရစ်ယာန်အုပ်စုတွေအပါအ၀င် ပြိုင်ဘက် လက်နက်ကိုင်အဖွဲ့တွေအကြား အာဏာခွဲဝေရေးကို စဖိုင်ယာက အောင်မြင်စွာ ညှိနှိုင်းပေးနိုင်ခဲ့ပြီး၊ လက်ဘနွန်နိုင်ငံအပေါ် ဆီးရီးယားက နှစ်ပေါင်း ၃၀ လောက် စစ်ရေးနဲ့ နိုင်ငံရေးလွှမ်းမိုးမှုကို တွန်းလှန်ရာမှာလည်း ခေါင်းဆောင်တစ်ဦး အနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။

ဘုန်းတော်ကြီး စဖိုင်ယာကို ၁၉၂၀ ပြည့်နှစ်က လက်ဘနွန်နိုင်ငံရဲ့ ကီဆာဝမ်တောင်တန်းဒေသ ရေဖွန်ရွာမှာ မွေးဖွားခဲ့ပါတယ်။ ဒဿနနဲ့ ဘာသာရေးကို လေ့လာခဲ့ပြီးတဲ့နောက် ဘုန်းတော်ကြီးတစ်ဦး ဖြစ်လာခဲ့ပြီး နိုင်ငံရဲ့ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားခဲ့ပါတယ်။

သူ့ရဲ့ အထုပ္ပတ္တိကို ရေးသားခဲ့သူ စာရေးဆရာ အန်တိုနီ စအဒ်က စဖိုင်ရာဟာ လက်ဘနွန်နိုင်ငံက သွေးကွဲမှုတွေကို အဆုံးသတ်ပေးခဲ့သူ ဖြစ်တယ်လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“သူ့ရဲ့ အကြီးမားဆုံး စွမ်းဆောင်မှုက လက်ဘနွန်မှာ ဆီးရီးယားရဲ့ သြဇာကို အဆုံးသတ်စေလိုက်တာပါ။ နိုင်ငံအတွင်း ကွဲပြားခြားနားမှုတွေကြောင့် ဒီကိစ္စ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ထားကြပေမယ့် သူက ကြိုးကြိုးစားပမ်းစားနဲ့ တစ်စိုက်မတ်မတ်ဆောင်ရွက်ပေးခဲ့ပါတယ်”

စဖိုင်ယာရဲ့ ကြိုးပမ်းမှုကြောင့် လက်ဘနွန်နိုင်ငံအပေါ် ဆီးရီးယားရဲ့ လွှမ်းမိုးမှုဟာ အဆုံးသတ်သွားပြီး ထောင်နဲ့ချီတဲ့ ဆီးရီးယားစစ်သားတွေဟာလည်း ၂၀၀၅ ခုနှစ်မှာ တိုင်းပြည်ကနေ အပြီးအပိုင် ထွက်သွားခဲ့ပါတယ်။

ပြည်တွင်းစစ်နောက်ပိုင်း လက်ဘနွန်နိုင်ငံရဲ့ နိုင်ငံရေးမှာလည်း ဘုန်းတော်ကြီး စဖိုင်ယာဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

စအဒ်က စဖိုင်ယာဟာ စစ်ပွဲကိုဆန့်ကျင်သူဖြစ်ပြီး၊ သူသေဆုံးမှုဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

Comments are closed.