
မေ ၁၇၊ ၂၀၁၉
M-Media
-ကမ္ဘ္ဘာတစ်ဝှမ်းက အတိဒုက္ခရောက်နေသူတွေအတွက် ဆောင်ရွက်ပေးတဲ့ ဆော်ဒီအာရေဗျရဲ့ အကူအညီပေးရေး အစီအစဉ်တွေကို ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ချီးကျူးလိုက်ပါတယ်။
ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က UNHCR ရဲ့ ဌာနေကိုယ်စားလှယ် ခါလစ် ခါလီဖာနဲ့ ဆော်ဒီ နိုင်ငံတော်အဆင့် အကူအညီပေးရေးအဖွဲ့ KSRelief က အကြီးအကဲ ဒေါက်တာ အဘ်ဒူလာ အလ်-ရာဘီယဟ်တို့ ရီယာ့ဒ်မှာ တွေ့ဆုံမှုအတွင်း ခါလီဖာက ကမ္ဘ္ဘာတစ်ဝှမ်း သိန်းသန်းချီတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေ တိုးတက်ရေး ကုလနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ယီမင်အပါအ၀င် ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ KSRelief အဖွဲ့က အကူအညီပေးနေမှု အခြေအနေတွေ၊ ယီမင်၊ ရိုဟင်ဂျာနဲ့ ဆီးရီးယား ဒုက္ခသည်တွေအတွက် UNHCR နဲ့ ပူးပေါင်းဆောင်ရွက်နေမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အကူအညီပေးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကုလနဲ့ ဆော်ဒီတို့အကြား ရှိထားတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေး ဆက်လက်ခိုင်မာစေဖို့ မျှော်လင့်ကြောင်း၊ ဆော်ဒီရဲ့ အကူအညီပေးမှုဟာ အစ္စလာမ့် တန်ုဖိုးနဲ့ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေကို ဆက်စပ်ပေးတဲ့ လုပ်ရပ်တွေဖြစ်ကြောင်း၊ KSRelief အဖွဲ့ဟာ ကုလရဲ့ အရေးပါတဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ခါလီဖာက ထည့်သွင်းပြောကြားခဲ့ပါတယ်။
၂၀၁၅ ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တဲ့ KSRelief အကူအညီပေးရေးအဖွဲ့ဟာ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှားတို့ အပါအ၀င် နိုင်ငံပေါင်း ၄၄ နိုင်ငံမှာ ဖွံ့ဖြိုးရေးလုပ်ငန်း၊ အကူအညီပေးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။
Ref: Arab News
Comments