6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂၈၊ ၂၀၁၉
M-Media

အကျဉ်းသားများ၏ မိသားစုဝင်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နှစ်သိမ့်နေစဉ်

-ဘရာဇီးလ်နိုင်ငံမြောက်ပိုင်းက အကျဉ်းထောင်တွေမှာ ထောင်တွင်း တိုက်ပွဲတွေအကြောင့် အနည်းဆုံး အကျဉ်းသား ၅၅ ဦးကျော် သေဆုံးခဲ့တယ်လို့ ဘရာဇီးလ်အာဏာပိုင်တွေက မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အမေဇုန်ပြည်နယ်မြို့တော် မာနောက်စ်မြို့အနီးက Antonio Trindade Penal Institute အကျဉ်းထောင်မှာ သေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့ပြီး အကျဉ်းသားတွေဟာ လည်ပင်းညှစ်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ ထောင်အရာရှိတွေက ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့ညနေပိုင်း ဘရာဇီးလ်အစိုးရက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အနည်းဆုံး ထောင် ၄ ထောင်မှာ အကျဉ်းသားဂိုဏ်းတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တည်ငြိမ်အောင် ထိန်းထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေဟာ တနင်္ဂနွေနေ့က Anisio Jobim အကျဉ်းထောင်မှာ စတင်ဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၁၅ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ တစ်ခြားအကျဉ်းထောင်တွေမှာပါမှာ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလကလည်း ဒီအကျဉ်းထောင်မှာ နာရီ ၂၀ ကြာ ထောင်ဆူမှု ဖြစ်ပွားခဲ့တာကြောင့် ၅၆ ဦး သေဆုံးခဲ့ပါတယ်။

ဘရာဇီးလ်ဟာ ကမ္ဘာပေါ်မှာ တတိယမြောက် အကျဉ်းသားအများဆုံးနိုင်ငံ ဖြစ်ပြီး ၂၀၁၆ ခုနှစ်
စာရင်းဇယားအရ အကျဉ်းသား ၇ သိန်း ၂ သောင်းကျော် ရှိနေပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်နဲ့စာရင် ၂ ဆ တက်လာတာ ဖြစ်ပါတယ်။ အကျဉ်းထောင်တွေမှာ လူပြွတ်သိပ်နေပြီး အကျဉ်းသားဂိုဏ်းတွေအကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်လေ့ရှိပေမယ့် ထောင်ဆူတာ၊ ထောက်ဖောက်ပြေးတာတွေတော့ ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။

Ref: Aljazeera

Tags:

Comments are closed.