6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၃၀၊ ၂၀၁၉
M-Media

-ကမ္ဘာကြီးမှာ တည်ငြိမ်အေးချမ်းဖို့ စီမံဆောင်ရွက်မှုတွေ ပျက်ပြားနေပြီလို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ပြောကြားလိုက်ပြီး ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး နိုင်ငံတွေရဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုကို ၃ ရက်တာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မဟာသီဟာ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ Nikkei Conference မှာ ဒီလိုပြောကြားလိုက်တာပါ။ ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းမှု၊ ဥပဒေအရ ဆုံးဖြတ်မှုတွေနဲ့ ဖြေရှင်းရမယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ဟန်ချက်ညီမှုအသစ်နဲ့ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့ လိုချင်တယ်ဆိုရင် နိုင်တကာဥပဒေတွေကို လေးစားလိုက်နာမှသာ ရရှိမှာ ဖြစ်ပါတယ်။ ပြဿနာတွေအားလုံးကို ဆွေးနွေးညှိနှိုင်းမှုနဲ့ ကျွန်တော်တို့ ဖြေရှင်းရပါမယ်။ ထိပ်တိုက်ရင်ဆိုင်တာတွေ၊ စစ်သင်္ဘောတွေ
ဟိုလွှတ်ဒီလွှတ်လုပ်တာတွေနဲ့ ဖြေရှင်းလို့ မရပါဘူး”

ညှိနှိုင်းဆွေးနွေးမှုနဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ သဘောတူညီချက် ရဖို့အတွက် စွန့်လွှတ်သင့်တာတွေကို စွန့်လွှတ်ရမယ်လို့လည်း မဟာသီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ရတဲ့အဖြေတွေကို လူတိုင်းက ကျေနပ်ချင်မှကျေနပ်ကြမှာပါ။ win-win အခြေအနေမျိုး လိုချင်ရင်တော့ လူတိုင်းက တစ်ခုခုကို စွန့်လွှတ်ဖို့ ပြင်ဆင်ထားရပါလိမ့်မယ်။ ကိုယ့်ဟာကိုယ် မဆုံးဖြတ်နိုင်ရင် တရားရုံးကို ဆုံးဖြတ်ခိုင်းပါ။ တရားရုံးက ဆုံးဖြတ်ပေးတာကို လေးစားပါ”

ကမ္ဘာနိုင်ငံတွေက ရန်လိုတဲ့ စိတ်ဓာတ်တွေကိုလည်း မဟာသီကဝေဖန်ခဲ့ပြီး ကမ္ဘာကြီးဟာ နောက်ပြန်ရောက်နေကြောင်း၊ ပြဿနာတွေကို ထိပ်တိုင်ရင်ဆိုင်မှု၊ အကြမ်းဖက်မှု၊ ဖျက်ဆီးမှု၊ လူအမြောက်အများ သတ်ဖြတ်မှုတွေနဲ့ မဖြေရှင်းနိုင်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

Ref : The Star

Tags:

Comments are closed.