6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၁၊ ၂၀၁၉
M-Media

အခင်းဖြစ်ပွားမှုမြင်ကွင်း

-အမေရိကန်ပြည်ထောင်စု ဗားဂျီးနီးယားပြည်နယ် ဗာဂျီးနီယားဘိခ်ျမြို့မှာ သေနတ်ပစ်ခတ်မှုတစ်ခု မနေ့ညပိုင်းက ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ပါတယ်။

စည်ပင်လုပ်သားဟောင်းတစ်ယောက်က စည်ပင်ရုံးကို ၀င်ရောက်ကာ မြင်တွေ့တဲ့လူ မှန်သမျှကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူလည်း အများအပြား ရှိခဲ့ပါတယ်။ ဗာဂျီးနီးယားဘိခ်ျ ရဲတပ်ဖွဲ့အကြီးအကဲ ဂျိမ်းစ် ကာဗီရာက သေနတ်သမား မည်သူမည်ဝါဆိုတာ ဖော်ထုတ်နိုင်ကြောင်း၊ သေနတ်သမားဟာ ပစ္စတိုကို အသံတိတ်ကိရိယာတပ်ဆင်ကာ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သေနတ်သမားရဲ့ အမည်နဲ့ အခြား အချက်အလက်တွေကိုတော့ အသေးစိတ် ထုတ်ပြန်ခြင်း မပြုခဲ့ပါဘူး။

အခင်းဖြစ်ပွားမှုအတွင်း သေနတ်သမားနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေနတ်သမားဟာ နေရာမှာတင် သေဆုံးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သေနတ်သမားဟာ စည်ပင်မှာ အချိန်အတော်ကြာ အလုပ်လုပ်ခဲ့ပြီး တစ်ခုခုနဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်နေသူလို့ ရဲ့တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

မနေ့ကဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုဟာ အမေရိကန်မှာ လုပ်ငန်းခွင်အတွင်း အဆိုးဝါးဆုံး သေနတ်ပစ်ခတ်မှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်မှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုပေါင်း အနည်းဆုံး ၁၅၀ ရှိခဲ့တယ်လို့ The Gun Violence ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ အဲဒီပစ်ခတ်မှုတွေအတွင်း အနည်းဆုံး ၅၇၆၄ ဦး သေဆုံးခဲ့ပြီး ၁၁၀၆၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Ref: Aljazeera

Tags:

Comments are closed.