6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၁၉၊ ၂၀၁၉
M-Media

-ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီးဖြစ်တဲ့ Facebook ဟာ သူတို့ရဲ့ ရည်မှန်းချက်ကြီးမားတဲ့ ဒစ်ဂျစ်တယ် ငွေကြေးစနစ် Libra ကို မနေ့မှာ မိတ်ဆက်ခဲ့ပြီး၊ ကျွမ်းကျင်သူတွေကတော့ ဒီစနစ်မှာ ကိုယ်ရေးအချက်အလက်ဆိုင်ရာ ချိုးဖောက်မှုတွေ ရှိလာနိုင်တယ်လို့ သတိပေးခဲ့ကြပါတယ်။

Facebook ဟာ ဒီ ဒစ်ဂျစ်တယ်ငွေကြေးသစ် ဖန်တီးသုံးစွဲရေးအတွက် Mastercard၊ PayPal နဲ့ Uber တို့အပါအ၀င် ကုမ္ပဏီပေါင်း ၂၈ ခုနဲ့ Libra Association အဖွဲ့ကို တည်ထောင်ထားပါတယ်။ ငွေကြေးလွှဲပြောင်းမှုစနစ်အတွက် Calibra စနစ်ကို ဖန်တီးထားပြီး Libra တွေကို စုဆောင်းတာ၊ လွှဲပေးတာ၊ သုံးစွဲတာတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Calibra စနစ်ကို Facebook ရဲ့ စာတိုဖို့ အက်ပလီကေးရှင်းတွေဖြစ်တဲ့ Messenger၊ WhatsApp တို့နဲ့ ချိတ်ဆက်ထားမှာပါ။ ဒီ ဒစ်ဂျစ်တယ်ငွေကြေးစနစ် တစ်ခုလုံးကို ၂၀၂၀ ခုနှစ် အလယ်ပိုင်းမှာ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Facebook တာဝန်ရှိသူတွေက ဒီစနစ်ကို တစ်ဦးချင်း ငွေလွှဲရုံသာမက၊ ကမ္ဘ္ဘာ့စီးပွားရေးမှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့ ရည်မှန်းထားပြီး၊ ဘဏ်အကောင့် မသုံးတဲ့သူတွေပါ အသုံးပြနိုင်မယ်လို့ ဆိုပါတယ်။

စိုးရိမ်မှုရှိ

ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေ၊ ပညာရှင်တွေထံကနေ ဝေဖန်မှုတွေလည်း ထွက်လာပါတယ်။

အမေရိကန်လွှတ်တော်က ဘဏ္ဍာရေးဆိုင်ရာကော်မတီရဲ့ ဥက္ကဌဖြစ်သူ မက်ဇင် ဝါးတားက Facebook အနေနဲ့ ဒီအစီအစဉ်ကို လွှတ်တော်မှာ လာရောက်ရှင်းပြပြီး၊ အစိုးရက ခွင့်မပြုမခြင်း ရပ်တန့်ထားဖို့ တောင်းဆိုခဲ့ပါတယ်။

ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးကလည်း ဒီကိစ္စအတွက် အစီရင်ခံစာတစ်စောင်ရေးကာ ဇူလိုင်လအလယ်ပိုင်းမှာ တင်သွင်းကြဖို့ G7 နိုင်တွေက ဗဟိုဘဏ်အကြီးအကဲတွေကို တောင်းဆိုထားတယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Facebook ကတော့ အစိုးရတာဝန်ရှိသူတွေရဲ့ မေးခွန်းတွေကို ဖြေကြားဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းဟာ အစိုးရက ထိန်းချုပ်လို့မရတဲ့ ကဏ္ဍတစ်ခုဖြစ်ပြီး၊ ငွေကြေးခဝါချမှုတွေ၊ အကြမ်းဖက်အဖွဲ့တွေကို ငွေကြေးထောက်ပံ့မှုတွေ၊ ဟက်ကာတွေက ခိုးယူမှုတွေလည်း ရှိနေပါတယ်။

Ref: Reuters

Tags:

Comments are closed.