6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၃၊ ၂၀၁၉
M-Media


အီသီယိုးပီးယားဝန်ကြီးချုပ် အဟ်မဒ် အဘီ

-အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်း အမ်ဟာရာပြည်နယ်မှာ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးလုပ်နေစဉ် ပစ်ခတ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တာကြောင့် ပြည်နယ်ဝန်ကြီးချုပ်နဲ့ အကြံပေးတို့ သေဆုံးခဲ့တယ်လို့ အီသီယိုးပီးယား နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပါတယ်။

စနေနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး အီသီယိုးပီးယားဝန်ကြီးချုပ် အဟ်မဒ် အဘီက အာဏာသိမ်းမှုကို တားဆီးရင်း စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် ဆီယာရီ မီကွန်နန် ဒဏ်ရာရသွားတယ်လို့ မနေ့ကနှောင်းပိုင်းမှာ ရုပ်သံကနေ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အမ်ဟာရာပြည်နယ် ၀န်ကြီးချုပ် အမ်ဘာချူ မီကွန်နန်နဲ့ သူ့ရဲ့ အကြံပေးတို့ သေဆုံးသွားပေမယ့် ဗိုလ်ချုပ် ဆီယာရီ သေဆုံးလားဆိုတာ တိတိကျကျ မသိရသေးပါဘူး။ အာဏာသိမ်းမှုကို အမ်ဟာရာပြည်နယ် စစ်တပ်အကြီးအကဲ အေစမ်နူ ဆီဂီက လုပ်ဆောင်တာဖြစ်တယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပါတယ်။

ပြည်နယ်အခြေစိုက် ပုဂ္ဂလိက ရုပ်သံလိုင်းတစ်ခုက ဗိုလ်ချုပ် ဆီယာနဲ့ အခြား စစ်ဖက် ထိပ်တန်းအကြီးအကဲတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အမ်ဟာရာပြည်နယ်မြို့တော် ဘာဟီရ် ဒါရ်နဲ့ နိုင်ငံမြို့တော် အက်ဒစ် အဘာဘာတို့မှာ ပစ်ခတ်သံတွေ ကြားရတယ်လို့လည်း ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

အမ်ဟာရာပြည်နယ်က အထူးတပ်ဖွဲ့အကြီးအကဲ ဗိုလ်မှူးချုပ် တီဖီရာ မာမိုက အာဏာသိမ်းဖို့ကြိုးစားတဲ့သူ တော်တော်များများကို ဖမ်းဆီးထားပြီး တစ်ချို့က လွတ်မြောက်နေတယ်လို့ ဒီကနေ့မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

လူဦးရေ သန်း ၁၀၀ လောက်ရှိတဲ့ အီသီယိုးပီးယားနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်စလို့ နိုင်ငံရေး အားပြိုင်မှုတွေ ဖြစ်ခဲ့ပြီး အဟ်မဒ် အဘီအရင် ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့တဲ့ ဟီလီမာရီယမ် ဒီဆာလန်ဟာ ရာထူးကနေ နှုတ်ထွက်ခဲ့ရပါတယ်။ လက်ရှိ ၀န်ကြီးချုပ် အဘီက အာဏာရပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ အစိုးရတာဝန်ရှိသူတွေကို တရားစွဲဆိုတာလို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အတိုက်အခံတွေရဲ့ နိုင်ငံရေးအားပြိုင်မှုတွေဟာ လျော့ကျသွားခြင်း မရှိပါဘူး။

Ref: Reuters

Tags:

Comments are closed.