6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၅၊ ၂၀၁၉
M-Media

အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုတစ်ခု

-နိုင်ငံအရှေ့ပိုင်း ဂျာ့ခ်ဟန်းပြည်နယ်မှာ မွတ်စလင်တစ်ဦး ဘာသာရေးအရ အကြမ်းဖက် ရိုက်နှက်သတ်ဖြတ်ခံရမှုမှာ ပါဝင် ပတ်သက်သူတွေထဲက တစ်ဦးကို ဖမ်းဆီးထားတယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် မွတ်စလင်အမျိုးသား တက်ဘ်ရက် အန်ဆာရီဟာ ပြီးခဲ့တဲ့တစ်ပတ်က ဂျာ့ခ်ဟန်းပြည်နယ် ခါဆာဝမ်ဒေသမှာ သူခိုးလို့ စွပ်စွဲခံရပြီး ဟိန္ဒူ လူအုပ်စုကြီးရဲ့ ရိုက်နှက် နှိပ်စက်မှုကို ခံခဲ့ရတာပါ။ လူအုပ်စုက သူ့ကို ဟိန္ဒူနတ်ဘုရားကို ပူဇော်တဲ့စာသား Jai Shri Ram ကို ရွတ်ဆိုခိုင်းကာ ဘာသာရေးအရ အကြမ်းဖက်မှုလည်း ပြုလုပ်ခဲ့ပါတယ်။

ဟိန္ဒူလူအုပ်ဟာ အန်ဆာရီကို ၁၂ နာရီကြာ ညှင်းပမ်းရိုက်နှက်ခဲ့ပြီး ဒီလိုညှင်းပမ်းနေတဲ့ ၁၀ မိနစ်စာ ဗီဒီယိုကိုလည်း ဆိုရှယ်မီဒီယာတွေမှာ လွှင့်တင်ခဲ့ပါတယ်။ နောက်ပိုင်း အန်ဆာရီကို ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်ကာ ဆေးရုံပို့ခဲ့ပေမယ့် ရရှိတဲ့ဒဏ်ရာတွေကြောင့် ၄ ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။

ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ကာရ်တစ် အက်စ်က သတ်ဖြတ်မှုမှာပါဝင်တဲ့ အဓိက သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် ဒါဇင်နဲ့ချီတဲ့လူတွေ လွတ်မြောက်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျာ့ခ်ဟန်းပြည်နယ်တွင် ရိုက်နှက်သတ်ဖြတ်ခံရသည့် မွတ်စလင်အမျိုးသား
တက်ဘ်ရက် အန်ဆာရီ

လူအုပ်ဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုအပါအ၀င် အကြမ်းဖက်ခံရသူတွေဖက်က လိုက်ပါကာ အမှုမှန်ပေါ်အောင် ဆောင်ရွက်ပေးနေတဲ့ Karwan-e-Mohabbat အဖွဲ့ကို တည်ထောင်သူ ဟာ့ရှ် မန်ဒါက ဒီလိုအကြမ်းဖက်မှုတွေကို ကျူးလွန်ဖို့ အားပေးအားမြှောက်ပြုနေတဲ့ ရေခံမြေခံတွေ တိုင်းပြည်အတွင်းမှာ ရှိနေပြီလို့ ပြောကြားခဲ့ပါတယ်။

“ကျူးလွန်သူတွေက သူရဲကောင်းအဖြစ် သတ်မှတ်ခံရတဲ့ အနေအထားမျိုးပါ။ အန်ဆာရီသေဆုံးမှုဟာ လူအုပ်စုဖွဲ့ ရိုက်နှက်ခံရမှုသက်သက်သာ မဟုတ်ပါဘူး။ ဟိန္ဒူနတ်ဘုရား ပူဇော်စာကို ရွတ်ဆိုခိုင်းခဲ့တဲ့အတွက် ဒါဟာ ဘာသာရေးမုန်းတီးမှုဆိုတာ သိပ်ကို ထင်ရှားပါတယ်”

အန်ဆာရီဟာ မသေဆုံးခင်မှာ ရဲတပ်ဖွဲ့ရဲ့ အမှုဖွင့်ခြင်းကို ခံခဲ့ရပြီး မန်ဒါက ကျူးလွန်သူကို အမှုမဖွင့်ဘဲ၊ ကျူးလွန်ခံရသူကို အမှုဖွင့်တာဟာ အိန္ဒိယရဲ့တပ်ဖွဲ့ရဲ့ ထုံးစံလိုဖြစ်နေကြောင်း၊ ဘက်လိုက်မှုကို တရားဝင်လုပ်ဆောင်နေတာဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ် အမေရိကန်အစိုးရက ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်မှု အစီရင်ခံစာမှာ အိန္ဒိယဟာ ဘာသာရေးသည်းခံနိုင်မှု အနည်းဆုံးတိုင်းပြည် စာရင်းမှာ ပါဝင်နေပြီး ဟိန္ဒူအမျိုးသားရေးပါတီ BJP လက်ထက်မှာ လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ အိန္ဒိယကတော့ အမေရိကန်ရဲ့ ဒီအစီရင်ခံစာကို ပယ်ချခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ၀န်ကြီးချုပ်မိုဒီ အာဏာရပြီးတဲ့နောက် အိန္ဒိယမှာ နွားကယ်တင်ရေး ခေါင်းစဉ်နဲ့ ဟိန္ဒူလူအုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှု အရေအတွက်ဟာ မြင့်တက်လာခဲ့ပါတယ်

Ref: Aljazeera

Tags:

Comments are closed.