6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၊ ၂၀၁၉
M-Media

ဗုံးခွဲခံခဲ့ရသည့် ခရစ်ယာန်ဘုရားကျောင်း မြင်ကွင်း

-ဧပြီလအတွင်းက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲမှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တာကြောင့် ရဲချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းတို့ကို ‘လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု’ နဲ့ တရားစွဲသင့်တယ်လို့ သီရိလင်္ကာ ရှေ့နေချုပ်က အကြံပြုလိုက်ပါတယ်။

လူပေါင်း ၂၅၀ ကျော် သေဆုံးပြီး၊ ၅၀၀ လောက် ဒဏ်ရာရခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ပြီး ဆီးရီးယားမှာ ရှုံးနိမ့်မှုအတွက် လက်တုန့်ပြန်တာလို့ IS အကြမ်းဖက်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ သီရိလင်္ကာ အစိုးရက တိုက်ခိုက်မှုကို နိုင်ငံအတွင်းက လူသိနည်းတဲ့ မွတ်စလင်အဖွဲ့နှစ်ခု ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အိန္ဒိယထောက်လှမ်းရေးက အကြိမ်ကြိမ် ကြိုတင်သတင်းပေးခဲ့ပေမယ့် သီရိလင်္ကာ အာဏာပိုင်တွေက ဟန့်တားဖို့ မလုပ်ခဲ့ပါဘူး။

သီရိလင်္ကာ ရှေ့နေချုပ် Dappula de Livera က ခေတ္တရဲချုပ် Chandana Wickramaratne ကို မနေ့က ပေးပို့တဲ့စာမှာ ရဲချုပ် Pujith Jayasundara နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း Hemasiri Fernando တို့ကို တရားစွဲဆိုဖို့ တိုက်တွန်းထားပါတယ်။

“တာဝန်ဝတ္တရား လစ်ဟင်းမှု၊ ရာဇ၀တ်မှုကို လစ်လျူရှုမှုတွေ ရှိခဲ့တယ်ဆိုတာကို သက်သေပြနိုင်မယ့် လုံလောက်တဲ့ အချက်အလက်တွေ ရှိနေပါပြီ။ နိုင်ငံတကာ ဥပဒေအရ ဒါကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုလို့တောင် မှတ်ယူလို့ ရပါတယ်” လို့ ရှေ့နေချုပ်ရဲ့စာမှာ ရေးသား ဖော်ပြထားပါတယ်။

ရှေ့နေချုပ်ရဲ့စာပါ စွဲချက်တွေနဲ့ တရားစွဲဆိုမယ်ဆိုရင် ရဲချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းတို့ဟာ အမြင့်ဆုံး ထောင်ဒဏ် ၅၂ နှစ်အထိ ကျခံရနိုင်ပါတယ်။

ရာဇ၀တ်မှု သံသယရှိသူ

နှစ်ဦးစလုံးကို ရာဇ၀တ်မှု သံသယရှိသူအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးစစ်ဆေးဖို့နဲ့ ထွက်ချက်ယူကာ တရားရုံးမှာ တင်ပြဖို့လည်း ရှေ့နေချုပ်က ခေတ္တရဲချုပ်ကို အမိန့်ပေးခဲ့ပါတယ်။

ဧပြီလ ၂၁ ရက်နေ့မှာ ဖြစ်ပွားမယ့် ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဧပြီ ၄ ရက်နေ့ကတည်းက ထောက်လှမ်းရေးသတင်း အတိအကျရခဲ့ပေမယ့် အချိန်မီ တားဆီး ဟန့်တားနိုင်ခြင်း မရှိမှုအတွက် သီရိလင်္ကာသမ္မတ Maithripala Sirisena က ရဲချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းတို့ကို ပြစ်တင် ပြောဆိုထားပါတယ်။

ရဲချုပ်ဟောင်း Jayasundara နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း Fernando တို့ကတော့ စွပ်စွဲချက်အားလုံးကို ငြင်းဆိုပါတယ်။

သမ္မတမှာ တာဝန်ရှိ

ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတဲ့ လွှတ်တော်ကော်မတီရှေ့မှောက် ထွက်ဆိုမှုအတွင်း Jayasundara က ဗုံးခွဲမှုတွေအတွက် တာဝန်ယူဖို့နဲ့ အပြန်အလှန်အားဖြင့် သံတမန်ရာထူးတစ်ခု ပေးမယ်လို့ သမ္မတက ကမ်းလှမ်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ သူက ဒီကမ်းလှမ်းမှုကို ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ NTJ အဖွဲ့နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ ထောက်လှမ်း စုံစမ်းစစ်ဆေးမှုတွေကို ရပ်ဆိုင်းဖို့အတွက် တိုက်ခိုက်မှုမဖြစ်ခင် သမ္မတက အမိန့်ပေးခဲ့တယ်လို့လည်း ရဲချုပ် Jayasundara က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ရဲချုပ်ဟာ လက်ရှိမှာ ရာထူးကနေ ဆိုင်းငံ့ခံနေရပါတယ်။

Fernando ကလည်း သမ္မတဟာ နိုင်ငံတော် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ထောက်လှမ်းရေး သတင်းကိစ္စ ဆွေးနွေးဖို့ထက် ပြိုင်ဘက် ၀န်ကြီးချုပ် Wickremesinghe ကို ပထုတ်ဖို့ ပိုပြီး ဦးစားပေး ဆောင်ရွက်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ Fernando ဟာ နောက်ပိုင်းမှာ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

ဒီပြောကြားချက်တွေကို သမ္မတ Sirisena က တရားဝင် လူသိရှင်ကြား ဖြေရှင်းခဲ့ခြင်း မရှိပေမယ့် ကော်မတီရဲ့ နောက်ဆုံး ကောက်ချက်ချမှုတွေကို လက်ခံမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့လ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ဗုံးခွဲမှုကိစ္စအတွက် လွှတ်တော်က စုံစမ်းစစ်ဆေးမှု ကော်မတီကို Sirisena ရဲ့ပြိုင်ဘက် ၀န်ကြီးချုပ် Wickremesinghe ကို ထောက်ခံသူတွေက ဦးဆောင်တာ ဖြစ်ပါတယ်။

Ref : Aljazeera

Tags:

Comments are closed.