ဇူလိုင် ၂၊ ၂၀၁၉
M-Media

-ဆီးရီးယားနိုင်ငံအတွင်းမှာ အစ္စရေးက လေကြောင်းကနေ ကျူးကျော်တိုက်ခိုက်မှုကြောင့်
ကလေးငယ် ၁ ဦး အပါအ၀င် အရပ်သား ၁၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အစ္စရေးတိုက်လေယာဉ်တွေဟာ ဟုမ်းစ်မြို့နဲ့ မြို့တော် ဒမတ်စကတ် ဆင်ခြေဖုံးဒေသတွေကို လက်ဘနွန် လေပိုင်နက်ကနေ မနေ့က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အစ္စရေးကတော့ ဆီးရီးယားနိုင်ငံအတွင်းက အီရန်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ၂၁ ဦး ဒဏ်ရာရခဲ့ပြီး နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေက ဒုံးကျည် တော်တော်များများကို ပစ်ချနိုင်ခဲ့တယ်လို့ ဆီးရီးယား အစိုးရသတင်းဌာနတွေက ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း အစ္စရေးဟာ ဆီးရီးယားဖက်ကို အကြိမ်ကြိမ် ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အီရန်စစ်စခန်းတွေ၊ ဟစ်ဇ်ဘိုလာ စခန်းတွေ၊ ဆီးရီးယားသမ္မတ အာဆတ်ရဲ့ တပ်ဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဆိုပါတယ်။
Ref: Reuters
Comments