6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၃၊ ၂၀၁၉
M-Media

-လူမျိုးရေးခွဲခြားတဲ့ ကစားသမားတွေ၊ တာဝန်ရှိသူတွေကို ပြစ်ဒဏ် ၂ ဆပေးမှုအပါအ၀င် ဘောလုံးပြိုင်ပွဲတွေမှာ လူမျိုးရေးခွဲခြားမှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖို့အတွက် ကမ္ဘ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက သူတို့ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ပြင်ဆင်လိုက်ပါတယ်။

ဖီဖာက လက်ရှိဆောင်ရွက်နေတဲ့ စည်းကမ်းသတ်မှတ်ချက် သုံးသပ်ပြင်ဆင်မှုမှာ ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေးကို အဓိကထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ ဖီဖာရဲ့ ကြေငြာချက်ထဲမှာ သူတို့ဟာ လူမျိုးရေးခွဲခြားမှုနဲ့ ခွဲခြားဆက်ဆံမှုဆိုင်ရာ စည်းကမ်းတွေကို ပြင်ဆင်ခဲ့ပြီး လူသားတစ်ယောက်ချင်းစီရဲ့ အခြေခံလူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို
တိုက်ဖျက်ရာမှာ ဖီဖာက ရှေ့တန်းကနေ ပါဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။

စည်းကမ်းအသစ်အရ လူမျိုးရေးခွဲခြားတဲ့ ကစားသမားတွေ တာဝန်ရှိသူတွေရဲ့ ပွဲပယ်ပြစ်ဒဏ်ဟာ ၂ ဆတိုးသွားပြီး ၁၀ ပွဲအထိ ရှိလာမှာဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားခံရတဲ့ကစားသမားတွေကိုလည်း ဖီဖာခုံအဖွဲ့က လူချင်းတွေ့ထွက်ချက်ယူဖို့ စည်းမျဉ်းအသစ်မှာ ပြင်ဆင်ထားပါတယ်။

“လူမျိုးရေးခွဲခြားခံရတဲ့ ကစားသမားတွေကို ဖီဖာက လစ်လျူရှုသွားမှာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ ခုံအဖွဲ့က အဲဒီကစားသမားကို ခေါ်ယူကာ သူတို့ခံစားရတာတွေကို နှုတ်နဲ့ ဒါမှမဟုတ် စာနဲ့ ထွက်ချက်ရယူမှာ ဖြစ်ပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

လူမျိုးရေးခွဲခြားမှုကို ပထမဆုံး ကျူးလွန်သူတွေအနေနဲ့ ပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ငွေ ကန်ဒေါ်လာ ၂ သောင်း ပေးဆောင်ရမှာပါ။ ပါဝင်ပတ်သက်သူတွေက တောင်းဆိုလာရင် အမှုတွေကို လူသိရှင်ကြား ချပြသွားမယ့် သတ်မှတ်ချက်တွေ၊ လိင်ခံယူမှုအပေါ် ပစ်မှတ်ထားပြောဆိုတာကို ခွဲခြားဆက်ဆံမှုအဖြစ် သတ်မှတ်ထားရာမှာ ဘာသာစကားအလိုက် ခွဲခြားဆက်ဆံမှုစကားလုံးတွေ ဖြည့်စွက်တာတွေလည်း ပြင်ဆင်မှုမှာ ပါဝင်လာပါတယ်။

ဘောလုံးအားကစားနည်းက စည်းမျဉ်းစည်းကမ်းတွေ တိုးတက်စေဖို့အတွက် ဖီဖာဟာ လန်ဒန်အခြေစိုက် ခွဲခြားဆက်ဆံမှု စောင့်ကြည့်ရေးအဖွဲ့ Fare network နဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။

Fare Network ရဲ့ အမှုဆောင်ဒါရိုက်တာ ပီယာရာ ပိုဝါက ဖီဖာရဲ့ စည်းမျဉ်းစည်းကမ်း ပြင်ဆင်မှုတွေဟာ သိသိသာသာ တိုးတက်လာခဲ့ပြီး ခွဲခြားဆက်ဆံမှု ပုံစံအားလုံးကို အရေးယူမှုမှာ ပိုမို ထိရောက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဖီဖာရဲ့ ခွဲခြားဆက်ဆံမှုကင်းရေး၊ အားလုံးပူးပေါင်းပါဝင်ရေး ပေါ်လစီအရ လူမျိုး၊ အသားအရောင်း၊ နိုင်ငံသား၊ လူ့အဖွဲ့အစည်း၊ ဘာသာတရား၊ လိင်စိတ်ခံယူမှုတွေအပေါ် ခွဲခြားဆက်ဆံတာကို တားမြစ်ကာ ပြင်းထန်တဲ့ အရေးယူ အပြစ်ပေးမှုတွေကိုလည်း ပြဌာန်းထားပါတယ်။

ဒါပေမယ့် ဘောလုံးလောကမှာ လူမျိုးရေးခွဲခြားမှုတွေက သိသိသာသာ ရှိနေပြီး များသောအားဖြင့် ဘောလုံးအသင်း ပရိတ်သတ်တွေက ပြိုင်ဘက်ကစားသမားတွေအပေါ် ပြုလုပ်တာဖြစ်ပါတယ်။

Ref: Aljazeera

Tags:

Comments are closed.