6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၅၊ ၂၀၁၉
M-Media

အီရန်သမ္မတ ဟာဆန်ရူဟာနီ

-နျူကလီးယား သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းမှာ ကန့်သတ်ထားမှုတွေအားလုံးကို ပယ်ဖျက်ဖို့အတွက် အီရန်သမ္မတ ဟာဆန် ရူဟာနီက သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို အမိန့်ပေးလိုက်ပြီး ဒါဟာ ၂၀၁၅ နျူသဘောတူညီချက် လိုက်နာမှုကို လျှော့ချရေး တတိယအဆင့်လည်း ဖြစ်ပါတယ်။

ယူရေနီယံ သန့်စင်မှုလုပ်ငန်းနဲ့ ပြည့်ဝယူရေနီယံပမာဏ ကန့်သတ်ရေး သဘောတူညီချက်တို့ကို လိုက်နာမှာမဟုတ်တော့ဘူးလို့ အီရန်က ဂျူလိုင်လမှာ ကြေငြာခဲ့ဖူးပါတယ်။

ရူဟာနီကတော့ နျူသုတေသနနဲ့ ဖွံ့ဖြိုးလုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်ဖို့ အမိန့်ပေးလိုက်တာဟာ ၂၀၁၅ နျူသဘောတူညီချက်ပါ ကန့်သတ်ချက်တွေကို မလိုက်နာမှု တတိယအဆင့် ဖြစ်တယ်လို့ ဒီကနေ့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

“သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လိုအပ်တာတွေ စတင်လုပ်ဆောင်ဖို့၊ ဒီကဏ္ဍနဲ့ပတ်သက်တဲ့ စာချုပ်ပါ သဘောတူညီချက်တွေကို ဆက်လက်မလိုက်နာတော့ဖို့ အဏုမြူစွမ်းအင်ဌာနကို ကျွန်တော် အမိန့်ပေးခဲ့ပါတယ်”

ရူဟာနီရဲ့ ဒီကြေငြာချက် ပေါ်ထွက်လာပြီးတဲ့နောက် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC နဲ့ ဆက်နွယ်နေတဲ့ ရေနံတင်ပို့မှုလုပ်ငန်းအပေါ် ပိတ်ဆို့မှု ပြုလုပ်လိုက်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ကြေငြာခဲ့ပါတယ်။

အီရန်ရဲ့ စီးပွားရေးကို နှောက်ယှက်ဖျက်ဆီးနိုင်မယ့် သတင်းအချက်အလက်မျိုး ပေးနိုင်တဲ့ ဘယ်သူ့ကိုမဆို ကန်ဒေါ်လာ ၁၅ သန်း ပေးအပ်သွားမယ်လို့လည်း အမေရိကန်က ဆုကြေးထုတ်ထားပါတယ်။

စာချုပ်ပျက်ဆီး

တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ အမေရိကန်၊ ယူကေန၊ ဥရောပသမဂ္ဂနဲ့ အီရန်တို့ သဘောတူညီထားတဲ့ ၂၀၁၅ ခုနှစ် သဘောတူညီချက်အရ အီရန်ဟာ သူတို့ရဲ့ နျူလုပ်ငန်းအားလုံးကို ရပ်တန့်ပစ်ရမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် အနောက်နိုင်ငံတွေကလည်း အီရန်အပေါ် ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်က စာချုပ်ကနေ တစ်ဦးတည်း နှုတ်ထွက်သွားပြီး အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေလည်း ပိုမိုလုပ်ဆောင်ခဲ့ပါတယ်။

အီရန်ကတော့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ရေး အကူအညီပေးဖို့ စာချုပ်မှာပါဝင်တဲ့ ကျန်တဲ့နိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။ မလုပ်ပေးနိုင်ရင် စာချုပ်ပါ သဘောတူညီချက်တွေကို လိုက်နာတော့မှာမဟုတ်ဘူးလို့ အီရန်က ပြောကြားထားပြီး၊ ဒီပြောကြားမှုအတိုင်း တစ်ဆင့်ချင်း လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

Ref: Aljazeera

Tags:

Comments are closed.