6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၅၊ ၂၀၁၉
M-Media

-နိုက်ဂျီးရီးယား နိုင်ငံတစ်ဝှမ်းက သူတို့နိုင်ငံသားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ဖျက်ဆီးခံခဲ့ရပြီးတဲ့နောက် တောင်အာဖရိကဟာ နိုက်ဂျီးရီးယားမှာရှိတဲ့ သံရုံးတွေကို ပိတ်ပစ်လိုက်ပြီး နှစ်နိုင်ငံ တင်းမာမှုလည်း မြင့်တက်လာခဲ့ပါတယ်။

တိုက်ခိုက်မှုတွေဟာ အင်္ဂါနေ့ညက ဖြစ်ပွားခဲ့တာဖြစ်ပြီး တောင်အာဖရိကမှာ နိုက်ဂျီးရီးယား နိုင်ငံသားတွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ တိုက်ခိုက်လုယက်ခံရမှုကို လက်တုန့်ပြန်တာလို့ ဆိုပါတယ်။ နိုက်ဂျီးရီးယား ရဲတပ်ဖွဲ့က လူဒါဇင်နဲ့ချီ ဖမ်းဆီးထားပြီး တိုက်ခိုက်မှုအတွင်း တောင်အာဖရိက ဆက်သွယ်ရေးလုပ်ငန်းတွေ၊ အခြား လက်လီလက်ကား အရောင်းဆိုင်တွေ ထိခိုက်ခဲ့ပါတယ်။

နိုက်ဂျီးရီးယားရဲတပ်ဖွဲ့ကတော့ တောင်အာဖရိကနိုင်ငံသားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လုံခြုံရေး တိုးမြှင့်ချပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေ ဖြစ်ပွားပြီးနောက်ပိုင်း တောင်အာဖရိကဟာ လာဂို့စ်နဲ့ အဘူဂျာမြို့တွေမှာရှိတဲ့ သူတို့ရဲ့ သံရုံးတွေကို ယာယီပိတ်ပစ်ခဲ့ပြီး ၀န်ထမ်းတွေရဲ့ လုံခြုံရေးကို စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

လက်တုန့်ပြန်

တောင်အာဖရိကနိုင်ငံရဲ့ မြို့ကြီး ၂ မြို့ဖြစ်တဲ့ ဂျိုဟန်နစ္စဘတ်နဲ့ ပရီတိုရီယာတို့မှာ တနင်္ဂနွေနေ့ကစလို့ နိုင်ငံခြားသားတွေပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းကို ပစ်မှတ်ထားလိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

တိုက်ခိုက် ဖျက်ဆီးခံရမှုမှာ နိုက်ဂျီးရီးယား နိုင်ငံသားတွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ပါဝင်ပြီး ဒီကိစ္စကြောင့် တောင်အာဖရိကမြို့တော် ကိပ်တောင်းမှာလုပ်မယ့် ကမ္ဘ္ဘာ့စီးပွားရေးဖိုရိမ်ကနေ နိုက်ဂျီးရီးယားက နှုတ်ထွက်ခဲ့ပါတယ်။

နိုက်ဂျီးရီးယားနိုင်ငံသားတွေ သေဆုံးမှု၊ သူတို့ရဲ့ ပစ္စည်းဥစ္စာ ဆုံးရှုံးမှုတွေအတွက် လျော်ကြေးအပြည့်အ၀ပေးဖို့ နိုက်ဂျီးရီးယားက တောင်းဆိုခဲ့သလို သံအမတ် ကာဘီရူဘာလာကိုလည်း ပြန်လည် ခေါ်ယူခဲ့ပါတယ်။

နိုက်ဂျီးရီးယားက ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Air Peace ကလည်း တောင်အာဖရိကကနေ ပြန်လာချင်တဲ့သူတွေကို အခမဲ့ ပြန်လာနိုင်ဖို့အတွက် သောကြာနေ့ကျရင် လေယာဉ်တစ်စီး စေလွှတ်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

Comments are closed.