စက်တင်ဘာ ၆၊ ၂၀၁၉
M-Media

လူမျိုးရေးခွဲခြားမှုကိစ္စအတွက် ဘောလုံးတာဝန်ရှိသူများကို ကွန်ပနီ ဝေဖန်
====================
ဘောလုံးလောကမှာ လူမျိုးရေးခွဲခြားမှု ပြဿနာကို မဖြေရှင်းနိုင်တာဟာ ဘောလုံးနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေက မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုး မချနိုင်တာကြောင့် ဖြစ်တယ်လို့ မန်စီးတီးနောက်ခံလူဟောင်း ဗင်းဆင့် ကွန်ပနီက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း အင်တာမီလန် တိုက်စစ်မှူး လူကာကူနဲ့ ပရီးမီးယားလိဂ်က ကစားသမားတစ်ချို့ဟာ ပရိတ်သတ်တွေရဲ့ လူမျိုးရေး ခွဲခြားစော်ကားမှုကို ခံခဲ့ရတာပါ။ လူကာကူနဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းမှာ ကစားဖူးတဲ့ကွန်ပနီက FIFA၊ UEFA နဲ့ ထိပ်တန်းလိဂ်တွေက တာဝန်ရှိသူတွေဟာ ကစားသမားတွေ ဘယ်လို ခံစားရတယ်ဆိုတာကို နားမလည်ဘဲ ညီညွတ်မှုလည်းမရှိကြောင်း၊ လူမျိုးရေးခွဲခြားမှုပြဿနာကို မဖြေရှင်းနိုင်တာမှာ ဘောလုံးတာဝန်ရှိသူတွေလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဖီဖာ၏ ကမ္ဘ္ဘာ့အကောင်းဆုံးအသင်း ဇကာတင်စာရင်းတွင် ပရီးမီးယားလိဂ်က အများဆုံးပါဝင်
====================
ဖီဖာရဲ့ ကမ္ဘ္ဘာ့အကောင်းဆုံး ဘောလုံးအသင်း Fifpro Men’s World11 ဇကာတင် ၅၅ ယောက်ကိုထုတ်ပြန်ခဲ့ရာမှာ ပရီးမီးယားလိဂ်က ၂၁ ဦးနဲ့ ကစားသမားအများဆုံး ပါဝင်ခဲ့ပါတယ်။ အရင်က ဒီစာရင်းမှာလာလီဂါကစားသမားတွေ အများဆုံး ပါဝင်ခဲ့ပေမယ့် အခုနှစ်မှာတော့ ဒီစံချိန်ကို ပရီးမီးယားလိဂ်က ချိုးလိုက်ပြီး၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ချန်ပီယံ လီဗာပူးလ်က ကစားသမား ၇ ဦးအထိပါဝင်ခဲ့ပြီး၊ ရီးယဲလ်နဲ့ ဘာစီလိုနာအသင်းတို့ကလည်း ကစားသမားအများ ပါဝင်ခဲ့ပါတယ်။ Fifpro Men’s World11 စာရင်းကို စက်တင်ဘာ ၂၃ ရက်နေ့ မီလန်မှာ ထုတ်ပြန်မှာဖြစ်ပြီး ဂိုးသမား ၁ ဦး၊ နောက်တန်း ၄ ဦး၊ အလယ်တန်းနဲ့ ရှေ့တန်း ၃ ဦးစီ ပါဝင်မှာပါ။

ဝေဖန်သူများကို ဘေးလ် ပြန်လည်တုန့်ပြန်
==================
မိမိကို ဝေဖန်သူတွေဟာ သူတို့ပြောနေတာတွေကို သူတို့ကိုယ်တိုင် မသိတဲ့အတွက် အဲဒီစကားတွေကိုနားမထောင်ဘူးလို့ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်ပါတယ်။ ဘေးလ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီက ကွင်းတွင်း၊ ကွင်းပြင် ဝေဖန်မှုတော်တော်များများနဲ့ ရင်ဆိုင်ခဲ့ပြီးရပြီး နွေရာသီအပြောင်းအရွှေ့မှာ တရုတ်ကလပ်ကို သွားရောက်ဖို့အထိ ဖြစ်ခဲ့ပေမယ့် နောက်ဆုံး အသင်းမှာ ဆက်ရှိခဲ့ပါတယ်။ ဘေးလ်ကတော့ လူတွေဟာ လက်တွေ့အခြေအနေတွေကို နားမလည်တဲ့အတွက် သူတို့ရေးသားတာတွေကလည်းအလကားပဲလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: BBC
Comments