စက်တင်ဘာ ၈၊ ၂၀၁၉
M-Media

-အင်္ဂလန်နိုင်ငံ ရှက်ဖီးမြို့ဟာ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အခုတစ်ပတ်အတွင်းမှာ အသိအမှတ်ပြုခဲ့ပြီး အခြားမြို့တွေနဲ့ ယူကေအစိုးရကပါ ဒီလိုဆောင်ရွက်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။
အတိုက်အခံ လေဘာပါတီအမတ်တွေ ကြီးစိုးတဲ့ ရှက်ဖီးမြို့ မြို့တော်ကောင်စီဟာ ဗုဒ္ဓဟူးနေ့က ဒီဆုံးဖြတ်ချက်ကို မဲခွဲအတည်ပြုခဲ့တာပါ။ ရှက်ဖီးမြို့ဟာ ယူကေမှာ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုတဲ့ ပထမဆုံးမြို့လည်း ဖြစ်လာပါတယ်။
မြို့တော်ကောင်စီက ကွန်ဆာဗေးတစ်တွေ ကြီးစိုးတဲ့ လက်ရှိ ယူကေအစိုးရဟာ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် လတ်တလော အသိအမှတ်ပြုမှာ မဟုတ်ဘူးဆိုတာ သိပေမယ့်၊ ဖိအားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ယူကေဆိုင်ရာ ပါလက်စတိုင်းသံအမတ် ဟူဆမ် ဇွန်လော့က ရှက်ဖီး မြို့တော်ကောင်စီရုံးရှေ့မှာ ပါလက်စတိုင်းအလံလွှင့်ထူကာ အောင်ပွဲခံခဲ့ပါတယ်။
သမိုင်းဝင်ပါလက်စတိုင်းဒေသကို ဂျူးလက်နက်ကိုင်တွေက ၁၉၄၇ ခုနှစ်မှာ ကျူးကျော်သိမ်းပိုက်ကာ အစ္စရေးနိုင်ငံအဖြစ် ထူထောင်ခဲ့ပြီးတဲ့နောက်ပိုင်း ပါလက်စတိုင်းတွေဟာ နိုင်ငံမဲ့ဘ၀ကို ရောက်ခဲ့ပါတယ်။ ပါလက်စတိုင်းတွေဟာ အခုအချိန်အထိလည်း အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ခံစားနေရပါတယ်။
ကုလအဖွဲ့ဝင် ၁၉၃ နိုင်ငံမှာ ၅၆ နိုင်ငံကသာ ပါလက်စတိုင်းကို အသိအမှတ်မပြုဘဲ အဲဒီအထဲမှာအစ္စရေးနိုင်ငံထူထောင်ရေး ထောက်ပံ့ကူညီပေးခဲ့ကြတဲ့ အမေရိကန်နဲ့ ယူကေတို့လည်း ပါဝင်ပါတယ်။
Ref: Middle East Monitor
Comments