6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၆၊ ၂၀၁၉
M-Media

-ထိုင်းနိုင်ငံ ခိုတောင်ကျွန်းမှာ ဗြိတိန်စုံတွဲကို သတ်တယ်ဆိုတဲ့ စွဲချက်နဲ့ သေဒဏ်ပေးခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေး လှုပ်ရှားမှုတစ်ခုကို မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေ၊ အာရှက သေဒဏ်ဆန့်ကျင်ရေး လှုပ်ရှားသူတွေက စတင်လိုက်ပါတယ်။

၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အဲဒီလူသတ်မှုအတွက် ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို ထိုင်းရားရုံးက သေဒဏ်ချထားပြီး သြဂုတ်လ ၂၉ ရက်နေ့မှာတော့ တရားရုံးချုပ်က ဒီသေဒဏ်ကို ထပ်မံ အတည်ပြုခဲ့ပါတယ်။

ဒီကိစ္စမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်မှုတွေဟာ သံသယဖြစ်စရာတွေရှိနေပြီး မြန်မာနိုင်ငံသား နှစ်ဦးက ဓားစာခံတွေသာဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံ Thammasat တက္ကသိုလ်မှာ ကြာသာပတေးနေ့က ပြုလုပ်တဲ့ Asian People Forum မှာ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို ထိုင်းဘုရင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး တောင်းဆိုတဲ့ လှုပ်ရှားမှုတစ်ခု စတင်ခဲ့ပါတယ်။

“သေဒဏ်ကနေ လွတ်မြောက်အမှု အမှုကို ထပ်မံသုံးသပ်ပေးဖို့ ကျွန်တော်တို့ အလိုရှိပါတယ်” လို့ Equality Myanmar က အမှုဆောင်ဒါရိုက်တာဖြစ်သူ ဦးအောင်မျိုးမင်းက ဖိုရမ်အပြီးမှာ
ပြောကြားခဲ့ပါတယ်

ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရရေး ဆောင်ရွက်ရာမှာ အထောက်အထားရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေ၊ အထောက်အထားမရှိတဲ့သူတွေ အားလုံးအတွက် တရားမျှတမှုက အရေးကြီးကြောင်း ထောက်ပြသွားမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေကလည်း လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံတဲ့ အသနားခံစာတွေကို စုဆောင်းနေပါတယ်။

၃ ရက်ကြာကြာမြင့်တဲ့ Asian People Forum မှာ အာရှေ့တောင်အာရှ ဒေသအတွင်း တရားရေး၊ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး၊ ဒီမိုကရေစီအရေးတွေကို ဆွေးနွေးခဲ့ကြပြီး အာရှတစ်ဝှမ်းက အရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူ တစ်ထောင်ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။

Ref: mmtimes

(Myanmar Times အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်)

Comments are closed.