6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၆၊ ၂၀၁၉
M-Media

ရှက်ဖီးယူနိုက်တက်အသင်းကို ပိုင်ဆိုင်ခွင့်အမှုတွင် ဆော်ဒီ တော်ဝင်မင်းသား အနိုင်ရ
=======================
ပရီးမီးယားလိဂ်ကလပ် ရှက်ဖီးယူနိုက်တက်အသင်းကို ပိုင်ဆိုင်မှုအတွက် အင်္ဂလိပ် စီးပွားရေးလုပ်ငန်းရှင်မက်ကာဘီနဲ့ ဆော်ဒီတော်ဝင်မိသားစုဝင် မင်းသား အဘ်ဒူလာ ဘင် မိုဆာ့ဒ် ဘင် အဘ်ဒူလ်အဇစ် အလ်ဆာအွဒ်တို့ရဲ့ တရားရင်ဆိုင်မှုမှာ ဆော်ဒီမင်းသားကို တရားရုံးက ဒီကနေ့မှာ အနိုင်ပေးလိုက်ပါတယ်။ မက်ကာဘီဟာ၂၀၁၃ ခုနှစ်က အဘ်ဒူလာကို အသင်းမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့တာပါ။ ဒါပေမယ့် စာချုပ်ပါ သတ်မှတ်ချက်ကိုမက်ကာဘီက မလိုက်နာဘူးလို့ အဘ်ဒူလာက စွပ်စွဲခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ အမှုဖြစ်ခဲ့ပါတယ်။ တရားရုံးကတော့ စာချုပ်အတိုင်း လိုက်နာဖို့ အမိန့်ချလိုက်တာကြောင့် အဘ်ဒူလာဟာ ရှယ်ယာ နောက်ထပ်တစ်ဝက်ကို မက်ကာဘီထံကနေ ၀ယ်ယူကာ အသင်းကို ပိုင်ဆိုင်တော့မှာ ဖြစ်ပါတယ်။

လူကာကူကို လူမျိုးရေးခွဲခြားသည့် ဘောလုံးသုံးသပ်သူကို အီတလီရုပ်သံက အလုပ်ထုတ်
================
အင်တာမီလန်တိုက်စစ်မှူး ရိုမဲလူ လူကာကူကို လူမျိုးရေးခွဲခြားခဲ့တဲ့ ဘောလုံးဝေဖန်ရေးသမားကို အီတလီ ရုပ်သံ TopCalcio24 က ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ Luciano Passirani ဆိုသူ အဲဒီ ဝေဖန်ရေးသမားဟာ လူကာကူကို မျောက်နှိုင်း ခိုင်းနှုန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံဌာနရဲ့ ပရိုဂရမ်ဒါရိုက်တာ Fabio Ravezzani က Passirani တစ်ယောက် ချက်ခြင်း တောင်းပန်ခဲ့ပေမယ့်လည်း ဆက်လက်ခန့်ထားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ လူကာကူဟာ စီးရီးအေမှာ လူမျိုးရေးခွဲခြားမှုနဲ့ရင်ဆိုင်နေရပြီး ကာဂလီယာရီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း ပရိတ်သတ်တွေရဲ့လူမျိုးရေး ခွဲခြားလှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။

ချန်ပီယံလိဂ်တွင် ထွန်းတောက်လာမည်ဟု ချယ်ဆီးနည်းပြ လမ်းပတ်ပြော
================
ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ်မှာ ထွန်းတောက်လာမယ်လို့ ယုံကြည်ကြောင်း နည်းပြ ဖရန့်လမ်းပတ်က ပြောကြားလိုက်ပါတယ်။ အုပ်စု H မှာ ကျရောက်နေတဲ့ ချယ်ဆီးဟာ မနက်ဖြန်ကျရင် ဗလင်စီယာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပြီး ဒါဟာ ချယ်ဆီးနည်းပြအဖြစ် လမ်းပတ်ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ပွဲပါ။ လမ်းပတ်ကတော့ မိမိရဲ့ အဓိကပစ်မှတ်ဟာ အုပ်စုကနေကျွတ်ရေး ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: BBC

Comments are closed.