6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၇၊ ၂၀၁၉
M-Media

Photo Credit – ဧရာဝတီ

-မြန်မာနိုင်ငံမှာဖြန့်တဲ့ တရုတ်လစဉ်ထုတ်မဂ္ဂဇင်း China Today ရဲ့ မျက်နှာဖုံး မန္တလေးနန်းတော်ပုံကို ဖော်ပြခဲ့ရမှာ တိုင်းပြည်ရဲ့ အချုပ်အခြာကို ထိပါးသလို ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။

ဇွန်လထုတ် မဂ္ဂဇင်းရဲ့ မျက်နှာဖုံးကာဗာမှာ မန္တလေးနန်းတော်ရဲ့နံရံကို ဖော်ပြခဲ့တာဖြစ်ပြီး ကျုံးရေမှာ ထင်နေတဲ့ ပုံရိပ်ကို တရုတ်နန်းတော်နံရံအဖြစ် ဖော်ကျူးခဲ့ပါတယ်။ ဒီပုံဟာ တရုတ်- မြန်မာဆက်ဆံရေးအကြောင်း ဆောင်းပါးကို သရုပ်ဖော်ထားတာပါ။

‘မြနန်းစံကျော် ရွှေနန်းတော်’ လို့ အမည်ပေးထားတဲ့ မန္တလေးနန်းတော်ဟာ မြန်မာနိုင်ငံ အချုပ်အခြာအာဏာရဲ့ အမှတ်သညာဖြစ်တာကြောင့် ဒီပုံက တိုင်းပြည်ရဲ့ အချုပ်အခြာကို ထိပါးရာရောက်တယ်လို့ဆိုကာ မြန်မာနိုင်ငံသားတွေက ဆိုရှယ်မီဒီယာတွေမှာ ဝေဖန်ရေးသားမှုတွေ ပြုလုပ်နေကြပါတယ်။

မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းနေပြည်တော်ဖြစ်တဲ့ မန္တလေးကို ယဉ်ကျေးမှုနဲ့ စီးပွားရေးအချက်အချာနေရာအဖြစ် မှတ်ယူကြပြီး တရုတ်နိုင်ငံကို ၀င်ပေါက်လည်း ဖြစ်ပါတယ်။

မန္တလေးမှာ တရုတ်နိုင်ငံကနေ ရွှေ့ပြောင်းဝင်ရောက်လာသူတွေ အမြောက်အများရှိနေပြီး အများစုက ၁၉၈၀ ပြည့်နှစ်တွေမှာ ၀င်ရောက်လာကြတာဖြစ်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုတွေနဲ့ ကြုံတွေ့နေရတဲ့ အဲဒီအချိန်က မန္တလေးမြို့ရဲ့ အစိတ်အပိုင်းတော်တော်များများ မီးလောင်သွားပြီး ဒေသခံတွေက ပြန်လည်ထူထောင်စရာ ငွေကြေးမရှိတာကြောင့် မြို့လယ်ကောင်က သူတို့ရဲ့ မြေတွေ၊ အဆောက်အဦးတွေကို တရုတ်က ၀င်ရောက်လာသူတွေထံ ရောင်းချခဲ့ကြပါတယ်။

“တရုတ်အခြေချသူတစ်ချို့က မြို့ရဲ့ဥပဒေတွေကို မလိုက်နာကြဘူးဗျ။ တော်တော်များများက
ရန်လိုတဲ့ပုံစံမျိုး ဖြစ်လာတယ်။ မန္တလေးနဲ့ နိုင်ငံတစ်ဝှမ်းမှာ ပြည်သူတော်တော်များများက တရုတ်တွေကို မကြိုက်ကြဘူး။ အစိုးရကတော့ တရုတ်နဲ့ နှစ်နိုင်ငံဆက်ဆံရေး မြင့်မားအောင် ကြိုးစားဆောင်ရွက် နေတယ်” လို့ မန္တလေးအခြေစိုက် စာရေးဆရာ ဆူးငှက်က ပြောကြားခဲ့ပါတယ်။

တရုတ်ရဲ့ လွှမ်းမိုးလာမှုပြဿနာက မြန်မာနိုင်ငံမှာ ထိလွယ်ရှလွယ်တဲ့ကိစ္စ ဖြစ်တယ်ဆိုတာကို China Today မဂ္ဂဇင်းအနေနဲ့ သိထားသင့်ကြောင်း၊ တရုတ်နိုင်ငံက လုပ်ဆောင်တဲ့ စီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေဟာ အငြင်းပွားဖွယ် ဖြစ်နေပြီး ပြည်သူလူထုရဲ့ ဝေဖန်မှုကို ခံနေရကြောင်း သူက ထောက်ပြခဲ့ပါတယ်။

မန္တလေးဒေသခံတွေက နန်းတော်နံရံကို တိုင်းပြည်ရဲ့ အချုပ်အခြာ၊ ယဉ်ကျေးမှု အမွေအနှစ်ရဲ့ အခြေခံအမှတ်သညာလို့ ယူဆထားတာကြောင့် ဒီပုံဟာ မန္တလေးပြည်သူတွေကို စိတ်ထိခိုက်စေတယ် လို့လည်း စာရေးဆရာ ဆူးငှက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ အိမ်နီးချင်းကောင်းတွေဖြစ်ပြီး ဒီဓာတ်ပုံကြောင့် ဆက်ဆံရေး ထိခိုက်မှာကိုကျွန်တော်တို့ မလိုလာပါဘူး။ ဒီပုံကို ဘာ့ကြောင့် အသုံးပြုခဲ့လဲဆိုတာ မဂ္ဂဇင်းက ရှင်းပြသင့်တယ်လို့ ကျွန်တော်ထင်တယ်”

China Today မဂ္ဂဇင်းကို မြန်မာနိုင်ငံက တရုတ်သံရုံးနဲ့ China Radio International ရဲ့မြန်မာပိုင်းအစီအစဉ်တို့က ပူးပေါင်းစီစဉ် ရိုက်နှိပ်တာဖြစ်ပါတယ်။ မြန်မာလိုထုတ်ဝေတဲ့ အဲဒီမဂ္ဂဇင်းကို မြန်မာနိုင်ငံက တရုတ်လူမျိုးတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ခရီးသွား အေဂျင်စီတွေကို ဖြန့်ဝေပေးပါတယ်။

အဲဒီမဂ္ဂဇင်းမှာ မြန်မာနိုင်ငံနဲ့ ဒေသတွင်းက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီမံကိန်းတွေကို လော်ဘီလုပ်ပေးတဲ့ ဆောင်းပါးတွေ ရံဖန်ရံခါ ပါဝင်တတ်ပါတယ်။

China Today နဲ့ မြန်မာနိုင်ငံက တရုတ်သံရုံးတို့ကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ဘူးလို့ ဧရာဝတီသတင်းစာက ထည့်သွင်းဖော်ပြထားပါတယ်။

Ref: Irrawaddy

(ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

Comments are closed.