6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂၀၊ ၂၀၁၉
M-Media

အေစီမီလန်အသင်းက လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးအဖွဲ့ မိတ်ဆက်မည်
===================
မနက်ဖြန် အင်တာမီလန်အသင်းနဲ့ ကစားမယ့် စီးရီးအေပွဲစဉ်မှာ အေစီမီလန်က လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးအဖွဲ့တစ်ခုကို မိတ်ဆက်ဖို့ရှိနေပါတယ်။ အခုနှစ် စီးရီးအေပွဲစဉ်တစ်ချို့မှာ ပရိတ်သတ်တွေက ကစားသမားတွေအပေါ် လူမျိုးရေးခွဲခြားမှုမျိုးရှိခဲ့ပြီး အင်တာတိုက်စစ်မှူး လူကာကူဟာလူမျိုးရေးခွဲခြားမှုဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပါတယ်။ မနက်ဖြန်ကစားမယ့် မီလန်ဒါဘီပွဲကို “လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး ဒါဘီ” လို့ အမည်ပေးထားပါတယ်။ အေစီမီလန်အသင်းရဲ့လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးအဖွဲ့ဟာ ဆိုရှယ်မီဒီယာနဲ့ ဘောလုံးကွင်းအတွင်း လူမျိုးရေးခွဲခြားမှုကို စောင့်ကြည့်ဖြေရှင်းမှု၊ အသိပညာပေးရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်သွားမှာာ ဖြစ်ပါတယ်။

ကာဒစ်အသင်းမှ တိုက်စစ်မှူးဆာလာ၏ အလောင်းခွဲစိပ်မှုဓာတ်ပုံ ထွက်ပေါ်
===========================
ဇန်နဝါရီလက အင်္ဂလိပ်ရေလက်ကြားမှာ လေယာဉ်ပျက်ကျ ကွယ်လွန်သွားတဲ့ ကာဒစ်ဖ်တိုက်စစ်မှူး အီမီလီယာနိုဆာလာရဲ့ အလောင်းခွဲစိပ်ထားတဲ့ဓာတ်ပုံတွေ ပေါ်ထွက်လာမှုကို မိသားစုက ရှုတ်ချပြောဆိုလိုက်ပါတယ်။ ဓာတ်ပုံတွေကို ရင်ခွဲရုံလုပ်သား ၂ ဦးက တရားမ၀င်ရယူကာ ဆိုရှယ်မီဒီယာမှာ တင်ခဲ့တာပါ။ အဲဒီ ၂ ဦးကို လက်ရှိမှာဖမ်းဆီးတရားစွဲဆိုထားပြီး တနင်္လာနေ့မှာ အမိန့်ချမှာဖြစ်ပါတယ်။ ဆာလာရဲ့အစ်မဖြစ်သူ ရိုမီနာဆာလာက ဒီဓာတ်ပုံနဲ့ပတ်သက်ပြီး လှောင်ပြောင်မှုတွေရှိတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ဓာတ်ပုံတွေကို ရယူလွှင့်တင်သူဟာ အောက်တန်းကျတဲ့အလုပ်ကို လုပ်သူတွေဖြစ်ကြောင်း ပြစ်တင်ပြောဆိုခဲ့ပါတယ်။

ရိုးမားအသင်း၏ ကလေးပျောက်ရှာဖွေမှု အစီအစဉ်တွင် ၅ ဦးအထိ ပြန်တွေ့
==================
ယူကေပရဟိတအဖွဲ့ Missing People က ဆောင်ရွက်နေတဲ့ ကလေးပျောက်ရှာဖွေရေးလှုပ်ရှားမှုအတွင်း စီးရီးအေးကလပ် ရိုးမားအသင်းရဲ့ ပူးပေါင်းမှုကြောင့် ကလေးငယ် ၅ ဦးအထိ ပြန်ရှာတွေ့ခဲ့ပါတယ်။ Missing People ဟာ ကလေးပျောက်တဲ့အမှု ၂၀ ကို ရိုးမားအသင်းက ပေးထားပြီး ရိုးမားက ကစားသမားအသစ်တွေစာချုပ်ချုပ်တဲ့အခါ ပျောက်နေတဲ့ကလေးငယ်တွေရဲ့ပုံရိပ်ကိုထည့်သွင်းပြီး ဆိုရှယ်မီဒီယာမှာ မျှဝေရှာဖွေခိုင်းခဲ့ပါတယ်။ ဟင်းနရစ် မခီတာယန်နဲ့ ခရစ္စစမောလင်းတို့ကို ခေါ်ယူတဲ့အချိန်မှာ ကင်ညာကလေးငယ် ၂ ဦး၊ မာ့တ် စီတင်နဲ့ ဒါဗီဒီ ဇာပါကော့စတာတို့ကို ခေါ်ယူတဲ့အချိန်မှာ လန်ဒန်က မိန်းကလေး ၁ ဦးနဲ့ ဘယ်လ်ဂျီယံက ယောက်ျားလေးတစ်ဦးကို ထပ်မံ ရှာတွေ့ခဲ့ပါတယ်။ ရိုးမားအသင်းရဲ့ အကူအညီနဲ့ နောက်ဆုံးတွေ့ရှိခဲ့တာကတော့လန်ဒန်မြို့က အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် ဖြစ်ပါတယ်။ Missing People ရဲ့ အမှုဆောင် ဂျိုယူလေက ရိုးမားအသင်းရဲ့ ဆောင်ရွက်မှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။

Ref: BBC

Comments are closed.