နို၀င်ဘာ ၃၀၊ ၂၀၁၉
M-Media
-ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအားဘေးဟာ လူနုံလူအ၊ နိုင်ငံရေး သူငယ်နှပ်စား တစ်ယောက်ဖြစ်ပြီး မကြာခင် ဒုံးကျည်းစာမိမယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ဒီကနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။
မြောက်ကိုရီးယားဟာ နိုင်ငံအရှေ့ပိုင်းမှာ ကြာသာပတေးနေ့က တာတိုဒုံးကျည် ၂ စင်း စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ မြောက်ကိုရီယားရဲ့ ဧရာမဒုံးပစ်လောင်ချာသစ်နဲ့ စတုတ္ထမြောက် စမ်းသပ်မှုလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စမ်းသပ်မှုကို အလွန်အမင်းအားရတယ်လို့ ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြောက်ကိုရီးယားရဲ့ ဒီစမ်းသပ်မှုဟာ ဂျပန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး မဟာမိတ်တွေနဲ့အတူ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဂျပန်ရေးရာဌာန ဒုတိယညွှနကြားရေးမှူးက အာဘေးဟာ ကမ္ဘာမှာ အသိဉာဏ်အနည်းဆုံးခေါင်းဆောင်ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြောင်း နိုင်ငံပိုင် KNCA သတင်းဌာနက ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။
“အဘေးဟာ သိပ်မကြာခင်မှာ တကယ့်ဒုံးကျည်ကို မျက်ဝါးထင်ထင်မြင်ရတော့မှာပါ။ သူဟာ ကမ္ဘာ့ပြိုင်စံရှား လူနုံလူအတစ်ယောက်၊ နိုင်ငံရေး သူငယ်နှပ်စားတစ်ယောက်သာ ဖြစ်ပါတယ်”
တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်တာ၊ ဒီနည်းပညာ အသုံးပြုတာတွေကို ကုလသမဂ္ဂက တားမြစ်ထားပေမယ့် မြောက်ကိုရီးယားကတော့ ဒီတားမြစ်ချက်ကို ချိုးဖောက်ပြီး စမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။
Ref : Aljazeera
Comments