ဒီဇင်ဘာ ၅၊ ၂၀၁၉
M-Media
-နိုင်ငံရဲ့ လူ့အခွင့်အရေးအကြောင်း ဆွေးနွေးတာဟာ ‘ဆိုးဆိုးဝါးဝါး ရန်စတာမျိုး’ ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုတွေ မြင်တက်လာလိမ့်မယ်လို့ မြောက်ကိုရီးယားက ကုလ လုံခြုံရေးကောင်စီကို မနေ့မှာ သတိပေးလိုက်ပါတယ်။
မြောက်ကိုရီးယားက လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ အခုလအတွင်း ဆွေးနွေးရေး တောင်းဆိုဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေက စီစဉ်ထားတာပါ။
လုံခြုံရေးကောင်စီကို မနေ့ကပေးပို့တဲ့စာမှာ မြောက်ကိုရီးယားသံအမတ် ကင်ဆွန်က နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို လုံခြုံရေးကောင်စီက ဆွေးနွေးတာဟာ အမေရိကန်ရဲ့ ရန်လိုတဲ့ပေါ်လစီက ပေါ်ထွက်လာမယ့် နောက်ထပ် ရန်စမှုတစ်ခုဖြစ်ပြီး မိမိတို့အနေနဲ့ ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမှာဖြစ်ကြောင်း ဒီအတွက် အမေရိကန်နဲ့ အဖွဲ့ဝင်နိုင်ငံတွေမှာ တာဝန်ရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လကစလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ၃ ကြိမ်တိုင်တိုင်တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားရဲ့ နျူနဲ့ ဒုံးကျည်အစီအစဉ်တွေ ရပ်ဆိုင်းရေး ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ တိုးတက်မှုမျိုးကို မမြင်ရပါဘူး။
လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ဆိုရင် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံထဲက ၉ နိုင်ငံရဲ့ ထောက်ခံမဲပေးမှု လိုအပ်တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း မြောက်ကိုရီးယားအရေး ဆွေးနွေးဖို့ကြိုးစားမှုတွေကို တရုတ်က ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်း မြောက်ကိုရီးယား လူ့အခွင့်အရေးကိစ္စ ဆွေးနွေးဖို့ အမေရိကန်က စီစဉ်ခဲ့ပေမယ့် လုံလောက်တဲ့ ထောက်ခံမှု မရတာကြောင့် ဖြစ်မလာခဲ့ပါဘူး။
Ref: Aljazeera
Comments