6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၃၁၊ ၂၀၁၉
M-Media

-နွားနို့ထည့်တဲ့ဗူးတွေလို စွန့်ပစ် ပလက်စတစ်အပျော့စားတွေကို ကတ္တရာလမ်းခင်းရာမှာ ထည့်သွင်းအသုံးပြုတဲ့နည်းလမ်းကို တောင်အာဖရိကမှာ အသုံးချနေပါတယ်။

လမ်းမကောင်းမှုကြောင့် ယာဉ်တွေပျက်ဆီးတာ၊ လူတွေ ထိခိုက်သေဆုံးမှု တန်ဖိုးဟာ တောင်အာဖရိကမှာ တစ်နှစ်ကို ကန်ဒေါ်လာ ၃.၄ ဘီလီယံလောက် ရှိနေတာပါ။

Shisalanga ဆိုတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက စွန့်ပစ်ပလက်စတစ်ဗူးတွေကို ဩဂုတ်လကနေ စတင်တာ ကတ္တရာလမ်းခင်းရာမှာ အသုံးပြုလာတာပါ။ မီတာ ၄၀၀ အရှည်ရှိတဲ့ လမ်းတစ်ခုကို ခင်းရာမှာ ၂ လီတာရှိတဲ့ နွားနို့ဗူးပေါင်း ၄ သောင်းလောက်ကို ကတ္တရာနဲ့ ပေါင်းစပ် အသုံးပြုနိုင်ခဲ့ပါတယ်။

နွားနို့ထည့်တဲ့ဗူးလို ပလက်စတစ်အပျော့စားကို အပူချိန် ၁၉၀ ဒီဂရီ ဆဲလ်စီးယက်စ်မှာ အရည်ဖျော်ကာ ကတ္တရာနဲ့ ပေါင်းစပ်တာဖြစ်ပါတယ်။ ကတ္တရာတစ်တန်ကို ပလက်စတစ် ၆ ရာခိုင်နှုန်း ပါဝင်ပြီး စွန့်ပစ် ပလက်စတစ်ဘူး ၁၁၈ ခုကနေ ၁၂၈ ခုအထိ ပြန်လည်အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

စွန့်ပစ်ပလက်စတစ် ပြန်လည်အသုံးပြုနိုင်ရေး နည်းလမ်းတွေကို ကမ္ဘာတစ်ဝှမ်း ကုမ္ပဏီတော်တော်များများက ကြိုးစားနေကြပါတယ်။ လက်ရှိမှာ ပလက်စတစ်ကနေ အုတ်ခဲ၊ လောင်စာနဲ့ အဝတ်အစားတွေထုတ်လုပ်တာ၊ လမ်းခင်းရာမှာ အသုံးပြုတာတွေ လုပ်ဆောင်လာပါတယ်။

စွန့်ပစ် ပလက်စတစ်အသုံးပြု လမ်းခင်းတဲ့နည်းလမ်းကို လွန်ခဲ့တဲ့ ၁၇ နှစ်အရင်က အိန္ဒိယမှာ စတင်ခဲ့ပြီး ဥရောပ၊ မြောက်အမေရိကနဲ့ ဩစတေးလျတို့မှာ စမ်းသပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ပလက်စတစ်ကို အသွင်ပြောင်းရာမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ငွေ့ထွက်တာ၊ လမ်းခင်းပြီးသွားရင် ပလက်စတစ်အမှုန်လေးတွေ ထွက်လာတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်ဆိုတဲ့ ပြဿနာတွေကို တွေ့ခဲ့ရပါတယ်။

Shisalanga ကုမ္ပဏီဟာ ဒီနည်းလမ်းကို ၅ နှစ်ကြာ သုတေသန ပြုခဲ့တာ ဖြစ်ပါတယ်။ ပလက်စတစ်ကနေ ကတ္တရာစေးပြောင်းတဲ့ သူတို့ရဲ့နည်းလမ်းဟာ အရင်ကရှိခဲ့တဲ့ နည်းလမ်းတွထက် အဆိပ်ဓာတ်ငွေ့ထုတ်လွှတ်မှု၊ ပလက်စတစ်အမှုန် ထုတ်လွှတ်မှုကို အနည်းဆုံးအထိ လျော့ချနိုင်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူတို့ထုတ်လုပ်တဲ့ ပလက်စတစ်-ကတ္တရာအရောဟာ သာမန် ကတ္တရာတွေထက် ရေရှည်ခံပြီး၊ ရေဒဏ်ကိုလည်း ပိုခံနိုင်ကြောင်း၊ အမြင့်ဆုံး အပူချိန် ၇၀ ဒီဂရီ ဆဲလ်စီးယက်စ်ကနေ အနိမ့်ဆုံးအပူချိန် အနှုတ် ၂၂ အထိ ခံနိုင်တယ်လို့ ဆိုပါတယ်။ ထုတ်လုပ်မှုကုန်ကျစားရိတ်ကတော့ ပုံမှန် ကတ္တရာခင်းတဲ့ ကုန်ကျစားရိတ်မျိုးပဲ ရှိတာဖြစ်ပါတယ်။

Ref: CNN

Comments are closed.