6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၁၊ ၂၀၂၀
M-Media

-နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး သိပ်မကြာခင်မှာ မဟာဗျူဟာမြောက် လက်နက်သစ်တစ်ခုကို ထုတ်ပြသွားမယ်လို့ မြောက်ကိုရီးယားက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

အာဏာရ အလုပ်သမားပါတီ ပေါ်လစီချမှတ်ရေးကော်မတီရဲ့ ၄ ရက်ကြာအစည်းအဝေးမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အခုလို ပြောကြားလိုက်တာပါ။

အမေရိကန်ဟာ တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်တာ၊ နောက်ဆုံးပေါ်လက်နက်တွေချထားတာ၊ ပိတ်ဆို့မှုတွေ လုပ်ဆောင်တာလို ဂိုဏ်းစတားဆန်ဆန် ‌လုပ်ရပ်တွေကို လုပ်ဆောင်ပြီး နျူကင်းစင်းရေး ဆွေးနွေးပွဲ ၂၀၁၉ ခုနှစ်မကုန်ခင်မှာ ပြန်စဖို့ မိမိရဲ့ အကြိမ်ကြိမ် တောင်းဆိုမှုကို မတုန့်ပြန်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

နိုင်ငံကာကွယ်ရေးအတွက် နျူစီမံကိန်းကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကင်က အခိုင်အမာပြောကြားခဲ့ပေမယ့် ဆွေးနွေးပွဲလမ်းဖွင့်ထားပြီး အမေရိကန်ရဲ့ အပြုအမူပေါ်မှာ မူတည်တယ်လို့လည် ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“မဟာဗျူဟာမြောက် လက်နက်တစ်ခုကို သိပ်မကြာခင်အနာဂတ်မှာ မြောက်ကိုရီးယားက ပိုင်ဆိုင်လာတာကို ကမ္ဘာကြီးက တွေ့ရတော့မှာပါ။ အမေရိကန်ရဲ့ နျူခြိမ်းခြောက်မှုကို တားဆီးကာ တိုင်းပြည်ရဲ့ ရေရှည်လုံခြုံရေးကို အာမခံပေးနိုင်မယ့် နျူကာကွယ်ရေးစွမ်းအားအပေါ်မှာ အခိုင်အမာ ဆက်လက်ရပ်တည်သွားမှာပါ”

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကင်ဟာ နျူကင်းစင်ရေးစာချုပ်ကို လက်မှတ်ထိုးထားသူဖြစ်ပြီး စကားတည်သူတစ်ယောက်ဖြစ်မယ်လို့ ယူဆကြောင်း မြောက်ကိုရီးယားရဲ့ ကြေငြာမှုအပြီး နာရီပိုင်းအကြာမှာ ပြောကြားခဲ့ပါတယ်။

ထရမ့်နဲ့ ကင်ဂျုံအွန်တို့ဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ၃ ကြိမ်တွေ့ဆုံခဲ့ပြီး ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ဆွေးနွေးခဲ့ကြပေမယ့် ထိရောက်တဲ့ အကောင်အထည်ဖော်မှုမျိုးကို မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက မြောက်ကိုရီးယားအနေနဲ့ ပဋိပက္ခတွေ၊ စစ်ပွဲတွေထက် ငြိမ်းချမ်းရေးနဲ့ သာယာ၀ပြောရေးလမ်းကြောင်း ရွေးချယ်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

Comments are closed.