ဇန်နဝါရီ ၁၃၊ ၂၀၂၀
M-Media
-ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ တာအာလ်မီးတောင်ဟာ တနင်္လာနေ့မနက်ပိုင်းကစလို့ ချော်ရည်ပူတွေ ပန်းထုတ်နေပြီး အာဏာပိုင်တွေက နာရီပိုင်း၊ ဒါမှမဟုတ် ရက်ပိုင်းအကြာမှာ အန္တရာယ်ရှိတဲ့ ပေါက်ကွဲမှု ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
လူဇွန်ကျွန်းမှာ တည်ရှိတဲ့ တာအာလ်မီးတောင်ဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် ပေါက်ကွဲမှု အများဆုံး မီးတောင်ရှင်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀ အတွင်း အနည်းဆုံး ၃၄ ကြိမ်လောက် ပေါက်ကွဲခဲ့ပါတယ်။
တနင်္လာနေ့မနက်ပိုင်းက ချော်ရည်ပူတွေ ပန်းထွက်လာမှုကြောင့် ဒေသတစ်၀ိုက်က ပြည်သူ ၈ ထောင်လောက်ကို အာဏာပိုင်တွေက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဌာန Phivolcs ကတော့ အန္တရာယ်ရှိ သတိပေးမှုအဆင့်ကို ၃ ကနေ ၄ အထိ မြှင့်တင်လိုက်ပါတယ်။ အမြင့်ဆုံးက ၅ ဖြစ်ပါတယ်။ ဖိလစ်ပိုင်အာဏာပိုင်တွေက မီးတောင်ပေါက်ကွဲမှုကနေ ထွက်လာတဲ့ အပိုင်းအစတွေ ရေထဲကြတာကြောင့် ဆူနာမီလို လှိုင်းကြီးတွေ ဖြစ်ပွားနိုင်တယ်လို့လည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။
တာအာလ်မီးတောင်ရဲ့ ၁၄ ကီလိုမီတာဝန်းကျင် တစ်၀ိုက်မှာ လူပေါင်း ၄ သိန်းခွဲလာက် နေထိုင်နေတာပါ။
Ref: BBC
Comments