6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၂၊ ၂၀၂၀
M-Media

ဩစတေးလျက နေစွမ်းအင်သုံးဓာတ်အားကို ပြည်ပ တင်ပို့မည်

နိုင်ငံအတွင်း မြို့တစ်မြို့ကို ဓာတ်အားပေးပြီး ကျန်တဲ့ ဓာတ်အားကို ပင်လယ်အောက်ကနေ ကီလိုမီတာ ၃၈၀၀ အကွာအဝေး ကြိုးသွယ်ကာ စင်ကာပူနိုင်ငံအထိ တင်ပို့မယ် နေစွမ်းအင်သုံး ဓာတ်အားပေး စီမံကိန်းကြီးတစ်ခုကို ဩစတေးလျနိုင်ငံက စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။.

ဩစတေးလျနိုင်ငံဟာ ကမ္ဘာ့တတိယအကြီးဆုံး ရုပ်ကြွင်းလောင်စာ တင်ပို့တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အခုစီမံကိန်းက ပြည့်ဖြိုးမြဲစွမ်းအင်ကို ပထမဆုံး တင်ပို့မှု ဖြစ်လာမှာပါ။ ဓာတ်အား ၁၀ ဂီဂါဝပ် ထုတ်လုပ်ပေးနိုင်မယ့် ဒီစီမံကိန်းကို နိုင်ငံမြောက်ပိုင်း တန့်နန့်ခရိက်ဒေသက မြေဧက ဟက်တာ ၁၅၀၀၀ အပေါ်မှာ ဆောက်လုပ်နေတာပါ။ ၂၀၃၀ ခုနှစ်ရောက်ရင် စင်ကာပူနိုင်ငံရဲ့ ဓာတ်အားသုံးစွဲမှု ၅ ပုံ ၁ ပုံကို ဖြည့်ဆည်းပေးမှာဖြစ်သလို ဒေသမြို့တော် ဒါဝင်ရဲ့ ဓာတ်အားထုတ်လုပ်မှုမှာ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကို သိသိသာသာ လျော့ချနိုင်မှာ ဖြစ်ပါတယ်။

ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် လေထုညစ်ညမ်းမှု သိသိသာသာ ကျဆင်း

ကိုရိုနာဗိုင်းရပ်စ်သစ် ပြန့်နှံ့မှုရဲ့ နောက်ဆက်တွဲ စီးပွားရေး ကျဆင်းမှုကြောင့် တရုတ်နိုင်ငံမှာ လေထုညစ်ညမ်းမှု သိသိသာသာ ကျဆင်းသွားတယ်လို့ အမေရိကန်အာကာသအေဂျင်စီ နာဆာက ပြောကြားလိုက်ပါတယ်။ ဒီလျော့ကျမှုဟာ ဗိုင်းရပ်စ် အဓိကပြန့်နှံ့နေတဲ့ ၀ူဟန်မြို့နဲ့ ဟူဘေးပြည်နယ်တို့မှာ အလွန်သိသာပြီး တစ်နိုင်ငံလုံးမှာလည်း သိသိသာသာ လျော့ကျမှုရှိနေတာကို နာဆာကထုတ်ပြန်တဲ့ ဂြိုဟ်တုပုံရိပ်မှာ တွေ့ရပါတယ်။ နာဆာဟာ ၂၀၁၉ ခုနှစ် ပထမ ၂ လနဲ့ အခုနှစ် ပထမ ၂ လတို့ကို နှိုင်းယှဉ်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ် ပြန့်နှံ့မှုကြောင့် တရုတ်နိုင်ငံက တစ်ချို့မြို့တွေကို ပိတ်ထားပြီး ခရီးသွားလာမှုတွေ ရပ်ဆိုင်းထားတာ၊ စက်ရုံအလုပ်ရုံတွေ ပိတ်ထားရတာတွေက ကာဘွန်ထုတ်လွှတ်မှု လျော့ကျမှုရဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်ပါတယ်။

Uber က အမေရိကန်တွင် ရဟတ်ယာဉ်တက္ကဆီဝန်ဆောင်မှု စတင်တော့မည်

နယူးယောက်မြို့လယ်ကောင် မန်ဟတ်တန်ကနေ JFK နိုင်ငံတကာလေဆိပ်ကို ၈ မိနစ်နဲ့ ရောက်နိုင်မယ့် ရဟတ်ယာဉ် တက္ကဆီဝန်ဆောင်မှုကို အောက်တိုဘာ ၇ ရက်နေ့ကစတင်ပြီး ရရှိနိုင်​တော့မယ်လို့ အငှားယာဉ်လုပ်ငန်း Uber က ကြေငြာလိုက်ပါတယ်။ မန်ဟတ်တန်ဟာ ကားအလွန်ကြပ်မှုကြောင့် နာမည်ကြီးပြီး JFK သွားဖို့အတွက် တစ်နာရီဝန်းကျင်လောက် ကြာမြင့်ပါတယ်။ Uber ရဲ့ တက္ကဆီ Uber Copter ဟာ လူ ၅ ဦး စီးနင်းနိုင်မှာဖြစ်ပြီး တစ်ဦးကို ဒေါ်လာ ၂၀၀ ကနေ ၂၅၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ နေအိမ်ကနေ ရဟတ်ယာဉ်ကွင်းအထိ ကားနဲ့လာခေါ်တာ၊ လေဆိပ်ရောက်ရင် ထွက်ခွါဂိတ်ကို ကားနဲ့လိုက်ပို့တာလည်း ဒီဝန်ဆောင်မှုမှာ ပါဝင်မှာ ဖြစ်ပါတယ်။

Ref: Asia Times, BBC

Comments are closed.