6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၁၊ ၂၀၂၀
M-Media

-ပြီးခဲ့တဲ့နှစ်နှောင်းပိုင်း တရုတ်နိုင်ငံဝူဟန်မြို့ကနေ စတင်ပြန့်နှံ့လာတဲ့ COVID19 ဗိုင်းရပ်စ်ဟာ အခုအချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းက လူပေါင်း ၁ သိန်း ၁ သောင်းကျော်လောက်မှာ ကူးစက်နေပြီး သေဆုံးသူကလည်း ၄ ထောင်ကျော်လာပြီ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ပြန့်နှံ့မှု ကျယ်ပြန့်လာတာနဲ့အမျှ ကူးစက်မှု၊ ကုသမှု၊ ကာကွယ်တားဆီးမှုနဲ့ပတ်သက်ပြီးတော့ ကောလဟာလတွေ၊ အမှတ်မှားမှုတွေလည်း ပေါ်ပေါက်လာပါတယ်။

COVID19 နဲ့ပတ်သက်ပြီး လူတွေ နားလည်မှုလွဲမှားတဲ့ အချက်တစ်ချို့ကို ဖော်ပြ​ပေးလိုက်ပါတယ်။

၁။ လင်းနို့စွပ်ပြုကနေ ဗိုင်းရပ်စ်ပြန့်တာလား?

ဗိုင်းရပ်စ်ဟာ တောရိုင်းတိရစ္ဆာန်တွေကနေ ပြန့်နှံတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပေမယ့် စွပ်ပြုသောက်လို့ ဖြစ်တယ်ဆိုတဲ့ အထောက်အထားမျိုးတော့ မရှိသေးပါဘူး။ အစားအသောက်တွေကနေ ကူးတယ်ဆိုတဲ့ ယူဆချက်တွေက မမှန်သလို၊ ကြောင်တွေ၊ ခွေးတွေကနေ ကူးစက်တယ်ဆိုတဲ့ အထောက်အထားကိုလည်း မတွေ့ရပါဘူး။

၂။ နှာခေါင်းစည်းတွေက ဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်လား?

COVID-19 ဗိုင်းရပ်စ် ပြန့်နှံ့မှု ဖြစ်လာပြီးနောက်ပိုင်း နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့ တိုက်တွန်းလာတာကြောင့် ဒီနှာခေါင်းစည်းတွေဟာ ဗိုင်းရပ်စ်ကူးစက်မှုကို လုံး၀ ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အတွေးမျိုး ပြည်သူတွေမှာ ဝင်လာပါတယ်။

တကယ်တော့ ကျန်းမာရေးဝန်ထမ်းတွေအသုံးပြုတဲ့ ပရိုနှာခေါင်းစည်းတွေကသာ ရောဂါကူးစက်မှုကို အထိုက်အလျောက် ကာကွယ်ပေးနိုင်တာဖြစ်ပြီး စျေးကွက်ထဲမှာ လွယ်လွယ်ဝယ်လို့ရတဲ့ နှာခေါင်းစည်းတွေကတော့ ဒီလိုကာကွယ်မှုမျိုး မပေးနိုင်ပါဘူး။

သာမန်နှာခေါင်းစည်းတွေဟာ မျက်နှာကို တင်းတင်းကြပ်ကြပ် မအုပ်ထားတဲ့အတွက်ကြောင့် အမှုန်အမွှားတွေဟာ ပါးစပ်နဲ့ နှာခေါင်းတွေထဲကို ဝင်နိုင်ပြီး အလွန်သေးငယ်တဲ့ အမှုန်တွေလည်း ဒီနှာခေါင်းစည်းတွေကို ဖြတ်ကာ ဝင်ရောက်နိုင်ပါတယ်။ ​

ကမ္ဘာ့ ထိပ်တန်း ကျန်းမာရေးပညာရှင်တွေက နှာခေါင်းစည်းတွေဝတ်တာကြောင့် COVID-19 ဗိုင်းရပ်စ် မကူးစက်နိုင်ဘူးဆိုတဲ့ အထောက်အထားမျိုး မတွေ့ရဘဲ၊ နှာခေါင်းစည်းကို အားကိုးပြီး လက်ဆေးတာလို ဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေး အခြားနည်းလမ်းတွေကို လစ်လျူရှုတာမျိုး ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း လူနာတွေကို ကုသနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ COVID-19 ဗိုင်းရပ်စ် ကူးစက်သူနဲ့ ဆက်ဆံရသူတွေ၊ နှာဆေးချောင်းဆိုး ရှိတဲ့သူတွေသာ နှာခေါင်းစည်း ဝတ်သင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။

၃။ ကလိုရင်း၊ အလ်ကိုဟောဖြန်းလို့ ဗိုင်းရပ်စ်သေနိုင်လား?

အရေပြားပေါ်မှာ ဒီပစ္စည်းတွေဖြန်းလို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးတွေ မသေနိုင်ပါဘူး။ ဒါ့အပြင် အရေပြားကို ပျက်ဆီးစေပြီး မျက်လုံးတွေ ပါးစပ်တွေထဲကို ဝင်တဲ့အခါလည်း ဆိုးဆိုးဝါးဝါး အန္တရာယ်​ ဖြစ်စေနိုင်ပါတယ်။ ကလိုရင်းတို့ အလ်ကိုဟောတို့ကို အရာ၀တ္ထုတွေပေါ်မှာပဲ ပိုးသတ်ဖို့ ဖြန်းသင့်ပြီး အရေပြားပေါ်မှာ မဖြန်းသင့်ပါဘူး။

၄။ ကလေးတွေကို မကူးနိုင်ဘူးလား?

ရောဂါကူးစက်သူတွေထဲမှာ ကလေးတွေ သိပ်မပါတာကြောင့် ကလေးတွေ မကူးနိုင်ဘူးဆိုတဲ့ အယူအဆတစ်ခု ပေါ်ထွက်လာပါတယ်။ တကယ်တမ်းက ဗိုင်းရပ်စ်ဟာ အသက် ကြီးကြီး၊ ငယ်ငယ် ဘယ်အသက်အရွယ်မဆို ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာတွေဟာ ကလေးတွေမှာ လူကြီးတွေလောက် မပြင်းထန်တာကို ကနဦး လေ့လာဆန်းစစ်မှုတွေအရ တွေ့ရပါတယ်။ သက်ကြီးရွယ်အိုတွေ ဒါမှမဟုတ် ဆီးချိုရောဂါ၊ ပန်းနာရင်ကြပ်ရောဂါလို ရောဂါအခံရှိတဲ့သူတွေကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

၅။ သာမန်တုပ်ကွေးပဲ မဟုတ်ဘူးလား?

ကိုယ်လက်နာတာ၊ ဖျားတာ၊ ချောင်းဆိုတာ၊ အဆုတ်ယောင်တာတို့လို ရောဂါလက္ခဏာတွေမှာ COVID-19 နဲ့ သာမန်တုပ်ကွေးတို့ဟ အတူတူပဲဖြစ်ပြီး၊ ရောဂါပျော့တာ၊ ပြင်းတာလို အဆင့်တွေမှာလည်း အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သေဆုံးမှုရာခိုင်နှုန်းမှာတော့ COVID-19 က ပိုများပြီး ပျမ်းမျှ ၁ ရာခိုင်ကနေ ၃ ရာခိုင်နှုန်းအထိ ရှိပါတယ်။ သေဆုံးမှု အရေအတွက်ကို သိပ္ပံပညာရှင်တွေက အတိအကျ တွက်လို့မရသေးပေမယ့် သာမန် ရာသီတုပ်ကွေးထက် အဆများစွာ ပိုမိုများပြားနိုင်ပါတယ်။

COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်သူအားလုံး သေဆုံးတယ်ဆိုတဲ့ လွဲမှားတဲ့အယူအဆမျိုးတွေလည်း ရှိနေပါတယ်။ ဗိုင်းရပ်စ်အဓိကပြန့်နှံ့ရာ တရုတ်နိုင်ငံမှာ ရောဂါကူးစက်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကျော်လောက် ပြန်လည်သက်သာတာကို တွေ့ခဲ့ရပါတယ်။

၆။ ဆေးမြီးတိုတွေက COVID-19 ဗိုင်းရပ်စ်ကို ကာကွယ်နိုင်လား?

ကြက်သွန်ဖြူ၊ ဗိုက်တာမင် C၊ လိမ်းဆေးတွေ အပါအဝင် ဆေးမြီးတိုတွေက COVID-19 ဗိုင်းရပ်စ်ကို ပျောက်ကင်းတယ်၊ ဝင်မလာအောင် ကာကွယ်နိုင်တယ်ဆိုတဲ့ အယူအဆတွေဟာ လုံး၀ မှားယွင်းပါတယ်။ ကာကွယ်တားဆီးဖို့ အကောင်းဆုံးနည်းလမ်းက လက်ကို မကြာခဏ ဆေးပေးတာနဲ့ လူများရာနေရာတွေကို ရှောင်ရှားတာ ဖြစ်ပါတယ်။

လက်ရှိ ရှိပြီးသား တုပ်ကွေးဆေးနဲ့ အဆုတ်ယောင်ဆေးတွေဟာ COVID-19 ဗိုင်းရပ်စ်ကို ကုသပေးနိုင်တယ်ဆိုတဲ့ ယူဆချက်လည်း မမှန်ပါဘူး။ COVID-19 ကို ကုသပေးနိုင်မယ့်ဆေးတွေ၊ ကာကွယ်ဆေးတွေ လက်ရှိမှာ မရှိပါဘူး။

၇။ ပူပြင်းတဲ့ရာသီဥတုက ဗိုင်းရပ်စ်ကို တားဆီးနိုင်လား?

တုပ်ကွေးတို့ အဖျားတို့ဟာ အေးတဲ့အခြေအနေတွေမှာ ပိုမိုပြန့်နှံ့လွယ်ပေမယ့် ရာသီဥတုပူပြင်းလို့ လုံး၀ မကူးစက်တော့ဘူးဆိုတာမျိုး မဟုတ်ပါဘူး။ COVID-19 ကူးစက်မှုဟာ အပူချိန်အပြောင်းအလဲအပေါ်မှာ မှီခိုနေတယ်ဆိုတဲ့ အထောက်အထားမျိုးတွေကို သိပ္ပံပညာရှင်တွေက မတွေ့ရသေးပါဘူး။

Ref: Medical News Today



Comments are closed.