မတ် ၃၁၊ ၂၀၂၀
M-Media

– အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ စုစုပေါင်း ၃၀၀၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။
တနင်္လာနေ့တစ်နေ့တည်းမှာ သေဆုံးသူ အနည်းဆုံး ၅၄၀ လောက်ရှိခဲ့တာပါ။ ဒါဟာ တစ်နေ့တာအတွင်း သေဆုံးမှုအများဆုံးလည်းဖြစ်ပါတယ်။
အမေရိကန်မှာ စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၁၆၃၅၀၀ အထိ ရှိလာခဲ့ပြီး ဗိုင်းရပ်စ် စတင်ပြန့်နှံ့ရာ တရုတ်နိုင်ငံထက် ၂ ဆလောက်ရှိကာ ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံးနိုင်ငံလည်း ဖြစ်လာပါတယ်။
သမ္မတဒေါ်နယ်ထရမ့်က လှုပ်ရှားသွားလာမှု ကန့်သတ်မိန့်ကို ဧပြီလအထိ သက်တမ်းတိုးထားပါတယ်။
အိမ်ဖြူတော်က ကိုရိုနာဗိုင်းရပ်စ် တုန့်ပြန်ရေး အကြီးအကဲ ဒေါက်တာ ဒီဘိုရာ ဘီရ်စ်က ကူးစက်မှု ကိန်းဂဏန်းအချက်အလက်တွေကို သုတေသနပြုမှုအရ လှုပ်ရှားသွားလာမှု ကန့်သတ်ထားပေးမယ့်လည်း ကူးစက်မှုတွေ ဆက်ဖြစ်ဖို့ရှိနေတယ်လို့ တနင်္ဂနွေနေ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဧပြီလအလယ်ပိုင်းလောက်မှာ တစ်နေ့ကို လူပေါင်း ၂၀၀၀ ကျော်လောက် သေဆုံးနိုင်ပြီး ဩဂုတ်လရောက်ရင် သေဆုံးသူ ၈၂၀၀၀ ဝန်းကျင်လောက် ဖြစ်လာနိုင်တာကို တွေ့ရတယ်လို့လည်း ဘီရ်စ်က ဆိုပါတယ်။
Ref: CNN
Comments