မတ် ၃၁၊ ၂၀၂၀
M-Media
-အာရှ-ပစိဖိတ်ဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ အခုမှ အစသာရှိသေးပြီး အကြီးအကျယ် ကူးစက်မှုအတွက် ပြင်ဆင်ထားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။
၂၀၁၉ ခုနှစ် တရုတ်နိုင်ငံမှာ စတင်ခဲ့တဲ့ COVID-19 ဟာ အခုအချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းက လူပေါင်း ၇ သိန်း ၇ သောင်းကျော်လောက်ကို ကူးစက်နေပြီဖြစ်ပါတယ်။ အာရှ-ပစိဖိတ်ဒေသက နိုင်ငံတွေမှာလည်း ကူးစက်မှု၊ သေဆုံးမှု အရေအတွက်တွေ မြင့်တက်လာပါတယ်။
WHO ရဲ့ အာရှအနောက်ပိုင်းဆိုင်ရာ ဒါရိုက်တာ တာကီရှီ ကာဆိုင်က ဗိုင်းရပ်စ်တားဆီးရေး ဒေသတွင်းနိုင်ငံတွေက ကြိုးပမ်းဆောင်ရွက်နေပေမယ့် အကြီးအကျယ်ကူးစက်မှုကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
“ရှင်းရှင်းပြောရရင် အာရှ-ပစိဖိတ်ဒေသမှာ ဒီကပ်ရောဂါ ပပျောက်ဖို့ အဝေးကြီးလိုပါသေးတယ်။ ဒါဟာ ရေရှည်တိုက်ပွဲတစ်ခု ဖြစ်လာမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုတွေကို လျော့ပစ်လိုက်လို့ မရပါဘူး။ လူထုအတွင်းမှာ အကြီးအကျယ် ကူးစက်မှုအတွက် နိုင်ငံတိုင်းက ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်”
WHO ရဲ့ နည်းပညာဆိုင်ရာ အကြံပေး မက်သယူ ဂရီဖစ်က ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ဘယ်နိုင်ငံမှ လွတ်ကင်းမှာမဟုတ်ဘူးလို့ မိမိတို့ယူဆထားကြောင်း၊ လက်ရှိ အကြီးအကျယ် ပြန့်နှံ့မှုဟာ ဥရောပဖြစ်ပေမယ့် ကမ္ဘာ့အခြားဒေသတွေမှာလည်း ဒီလိုဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
Ref: CNA
Comments