ဧပြီ ၂၁၊ ၂၀၂၀
M-Media
-ပါကစ္စတန်နိုင်ငံမှာ Covid-19 ကူးစက်သူအရေအတွက်နဲ့ သေဆုံးမှုအရေအတွက်ဟာ တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။
မနေ့က ကူးစက်သူအရေအတွက် ၇၀၅ ဦးရှိခဲ့ပြီး၊ သေဆုံးသူက ၁၉ ဦး ရှိခဲ့ပါတယ်။ ဒါဟာ တစ်ရက်တာအတွင်း ကူးစက်မှု၊ သေဆုံးမှု အများဆုံးလည်းဖြစ်ပါတယ်။ စုစုပေါင်း ကူးစက်မှုဟာ ၉၂၁၄ ဦး၊ သေဆုံးသူ ၁၉၂ ဦး ရှိလာတာပါ။
ပါကစ္စတန်ဟာ စီးပွားရေးကျဆင်းမှုကို ထိန်းဖို့အတွက် တိုင်းပြည်အတွင်း ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို လျော့ပေါ့ပေးထားပါတယ်။ ပြန်လည်ကောင်းမွန်လာသူ အရေအတွက်က ၂၀၅၃ ဦး ရှိပါတယ်။
နေ့စဉ် စစ်ဆေးမှုအရေအတွက် မြင့်တက်လာတာနဲ့အမျှ ရောဂါပိုးတွေ့ရှိသူ အရေအတွက်ကလည်း မြင့်တက်လာတာ ဖြစ်ပါတယ်။ ပါကစ္စတန်ဟာ လက်ရှိမှာ တစ်နေ့ကို လူပေါင်း ၂၅၀၀၀ လောက် စစ်ဆေးနေပါတယ်။
ပါကစ္စတန်မှာ Covid-19 ဟာ အိမ်နီးချင်း အီရန်နိုင်ငံက ခရီးသွားတွေကနေ စတင်ကူးစက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပြည်တွှင်းကူးစက်မှုတွေ ဖြစ်လာတာပါ။
ကျန်းမာရေးဝန်ကြီး ဇာဖာရ် မီရ်ဇာက ကမ္ဘာတစ်ဝှမ်းကို ရောက်ရှိနေတဲ့ ပါကစ္စတန်ဆရာဝန်တွေ နိုင်ငံအတွင်း ပြန်လာကာ ကိုဗစ်တိုက်ဖျက်ရေးမှာ ပါဝင်ကူညီနိုင်အောင် နည်းလမ်းတစ်ခု ဖန်တီးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
Comments