မေ ၂၊ ၂၀၂၀
M-Media

-Covid-19 ကုသရေးမှာ အလားအလာရှိပြီး ထိရောက်နိုင်တဲ့ နည်းလမ်းတစ်ခုကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သိပ္ပံပညာရှင်တွေက ဖန်တီး ဖော်ထုတ်လိုက်ပါတယ်။
Stem cell ထိုးသွင်းကုသတဲ့ နည်းလမ်းဖြစ်ပြီး Abu Dhabi Stem Cell စင်တာက သုတေသနပညာရှင်တွေနဲ့ ဆရာဝန်တွေပါတဲ့ အဖွဲ့က ဖော်ထုတ်ဖန်တီးခဲ့တာပါ။ လူနာရဲ့ သွေးထဲက stem cell တွေကို ထုတ်ပြီး အပြင်မှာ ဓာတ်ပြုလှုံဆော်ပေးကာ ခန္ဓာကိုယ်ထဲ ပြန်လည်ထိုးသွင်းရတာ ဖြစ်ပါတယ်။
ယူအေအီးက ကိုဗစ်လူကာ ၇၃ ဦးရဲ့ အဆုတ်ထဲကို ထိုးသွင်းကုသပေးခဲ့ရမှာ အောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာ ကုသနေတဲ့ အခြားနည်းလမ်းတွေလို လူနာအပေါ် ကြီးကြီးမားမားသက်ရောက်မှုမျိုးလည်း မရှိပါဘူး။ ကနဦး ဆေးဘက်ဆိုင်ရာ စမ်းသပ်မှု အောင်မြင်ခဲ့ပြီးနောက် ၂ ပတ်တာကြာမြင့်မယ့် ကျယ်ပြန့်တဲ့ စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်ဖို့ ယူအေအီးက စီစဉ်နေပါတယ်။
Abu Dhabi Stem Cell စင်တာဟာ ဆဲလ်အသုံးပြု ကုသရေးမှာ နောက်ဆုံးပေါ် နည်းလမ်းတွေကို အသုံးပြုပြီး ကုသမှုပေးနေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
Ref: Gulf News
Comments